Channel Myanmar

Halle Charlton

How to Blow Up a Pipeline (2023) 7.2
How to Blow Up a Pipeline (2023) How to blow up a Pipeline (2023)ဒီကားကတော့ မြှောက်ထိုးပင့်ကော်ပဲ ပြောရမလား ရှေ့ဆောင်လမ်းပြပဲပြောရမလားပေါ့။ ဘက်ဂျက်နည်းနည်းနဲ့တကယ်ကောင်းအောင်ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။ဇာတ်ကားနာမည်အတိုင်း တကယ်ကို ရေနံပိုက်လိုင်းကြီးတစ်ခုကို ဖောက်ခွဲဖျက်ဆီးပုံကို အဆင့်လိုက်ကို ပြသထားတာပါ။ ဖောက်ခွဲတဲ့သူတွေက ဘယ်သူတွေလဲဆိုတော့ ဓာတုစက်ရုံတွေ၊ ရေနံချက်စက်ရုံတွေကြောင့် ကင်ဆာတွေဖြစ်၊မိသားစုတွေသေ၊ အိမ်မြေတွေဆုံးရှုံးဘဝတွေပျက်ခဲ့ရတဲ့ လူတစ်စုပါပဲ။ သူတို့တွေဟာ ဒီစက်ရုံတွေကြောင့် မကြာခင် ကမ္ဘာကြီး ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး လူတွေအများကြီးထပ်သေကြရတော့မှာကို သတိထားမိတဲ့ သူတွေလို့ပဲပြောရမှာပေါ့။ ကမ္ဘာအနှံ့မှာ ကာဘွန်ဒိုင်အောက်ဆိုက်လျှော့ချရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေလုပ်နေကြပေမယ့် ကော်ပိုရိတ်ကြီးကတွေ မမှုတဲ့အကြောင်းကိုမီးမောင်းထိုးပြထားတာပါပဲ။ ဒီတော့ နောက်ဆုံးကြံရာမရတဲ့အခြေအနေမှာ မက္ကဆီကိုက ဧရာမ ရေနံပိုက်လိုင်းကြီးကို မရရအောင်ဖောက်ခွဲဖို့ ကြိုးစားပုံကိုပြသထားတာပါပဲ။ လူတစ်ယောက်ချင်းဆီရဲ့ ဝမ်းနည်းစရာဘဝတွေကိုပြလိုက် လက်ရှိအချိန် ဧရာမဗုံးကြီးကိုလုပ်ပြီး ပိုက်လိုင်းကိုဖောက်ခွဲတာကိုပြလိုက်နဲ့ စိတ်ဝင်စားဖို့ကောင်းအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 2.3GB | 984MB | 455MB Format… mp4 Duration…. ...
movie

How to Blow Up a Pipeline (2023)

2023
Ouija: Origin of Evil (2016) 6.1
Ouija: Origin of Evil (2016) Ouija: Origin of Evil (2016) IMDb - 6.1/10_____Rotten - 82%   ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့.. ဒီကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်..၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး၂. သချိုင်းမြေပေါ်မှာ မကစားရ၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ..  2016 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားသစ်ကတော့ ပထမဇာတ်ကားထက် နှစ်ငါးဆယ်လောက်စောတဲ့အချိန်ကို နောက်ကြောင်းပြန်ရိုက်ကူးထားတာဖြစ်ပြီး ပထမကားရဲ့ အဓိကလှည့်ကွက်ပိုင်ရှင် Doris ရဲ့ဘဝအကြောင်းပဲဖြစ်ပါတယ်... အဲဒီကားမှာ ဖခင်မရှိတော့တဲ့ Doris ဟာ ...
movie

Ouija: Origin of Evil (2016)

2016