Channel Myanmar

Hamilton von Watts

The Nutty Professor (1996)
The Nutty Professor (1996) 1996 ကထွက်ရှိခဲ့တဲ့ နာမည်ကျော်ဟာသမင်းသားကြီး Eddie Murphy ရဲ့ Comedy ဇာတ်ကားလေးပါ။ ထူးချွန်ထက်မြတ်ပေမယ့် မျိုးရိုးအလိုက် အ၀လွန်နေတာကြောင့် စိတ်ဓာတ်ကျနေတဲ့သိပ္ပံပညာရှင် ရှားမန်းဟာ သူ့ဉာဏ်ရည်ဉာဏ်စွမ်းကိုအသုံးချပြီး ၀စေတဲ့ဗီဇကိုပြောင်းစေတဲ့ ဆေးရည်ကိုထုတ်ဖော်နိုင်ခဲ့ပါတယ်။ ဒီဆေးရည်ကိုအသုံးချပြီး ရှားမန်းလည်း အရင်ကမရခဲ့တဲ့လေးစားမှု ချစ်ခြင်းမေတ္တာတို့ကို ပိုင်ဆိုင်နိုင်ဖို့ကြိုးစားရာကနေ ဆေးရည်ရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် တလွဲတွေဖြစ်ကုန်ရပါတယ်။ ၁၉၉၀ ကျော်ကထွက်ရှိတဲ့ Eddie Murphy ကားထုံးစံအတိုင်း၀က်၀က်ကွဲရယ်ရတဲ့ကားလေးဖြစ်ပြီး Jada Pinkett, James Coburn နဲ့ Dave Chappelle တို့လည်းပါ၀င်ထားပါတယ်။File size…(902.69MB)  / (764MB)  Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy / Romance /Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  SP
movie

The Nutty Professor (1996)

Good Burger (1997) 5.7
Good Burger (1997)  Teen Movie တွေသဘောကျတယ် ဇာတ်အိမ်အကြီးကြီးတွေ လှည့်ကွက်တွေမပါဘဲ ပေါ့ပေါ့ပါးပါးဟာသကားလေးတွေ ကြည့်ချင်တယ်ဆိုတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် Good Burger ဆိုတဲ့ movie လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ ဒီကားမှာက loveline တွေလည်းမပါဘဲ အက်ဒ်နဲ့ ဒက်စ်တာဆိုတဲ့ လူငယ်လေးနှစ်ယောက်ကြားက သူငယ်ချင်းသံယောဇဉ်ကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ အက်ဒ်က ဂွတ်ဘာဂါဆိုတဲ့ အသင့်စားသရေစာဆိုင်လေးက ခပ်အအဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ဒက်စ်ကတော့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ နွေရာသီအားလပ်ရက်မှာ အေးအေးဆေးဆေးလေး chill ဖို့ အစီအစဉ်တွေဆွဲရင်း အပျော်ကြီးပျော်နေတဲ့ဒက်စ်ဟာ အက်ဒ်ရဲ့ပယောဂမကင်းတဲ့ ကားမတော်တဆမှုတစ်ခုကြောင့် လျော်ကြေးပေးဖို့အတွက် ဂွတ်ဘာဂါမှာအလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီအချိန်မှာပဲ ဂွတ်ဘာဂါနဲ့မျက်နှာချင်းဆိုင်မှာ မွန်ဒိုဘာဂါဆို‌တဲ့ ဆိုင်အကြီးကြီးတစ်ဆိုင်လာဖွင့်ပြီး ဂွတ်ဘာဂါကိုအလဲထိုးဖို့ အဖက်ဖက်ကကြိုးစားလာတဲ့အခါမှာတော့ လူစွမ်းကောင်းလည်းမဟုတ် စွမ်းအားရှင်လည်းမဟုတ်တဲ့ ဒီလူငယ်လေးနှစ်ယောက် ဂွတ်ဘာဂါကိုကယ်တင်ဖို့ ကြိုးစားကြပုံကို ဟာသအဖုံဖုံနဲ့တွဲဖက်တင်ဆက်ပေးထားတာမို့ ကြည့်ရှုခံစားရင်း အပန်းဖြေလိုက်ကြပါဦးဗျာ။File size…(2.49GB)  / (`1.52GB) / (819MB) Quality…. Web 1080P ...
movie

Good Burger (1997)