Channel Myanmar

Hamzah Ahmed

What’s Love Got to Do with It? (2022) 6.4
What’s Love Got to Do with It? (2022) What's Love Got to Do with It? (2022) =========================== IMDb Rating - 6.4/10ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ "ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်" ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ....အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။အဖြစ်ကတော့ ဒီလို။ ကက်ဇ် က "အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်" ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ "ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ" ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို ...
movie

What’s Love Got to Do with It? (2022)

2022