Channel Myanmar

Hannu-Pekka Björkman

The Eternal Road (2017) 7.1
The Eternal Road (2017) အချိန်ကတော့ အမေရိကန်ကစခဲ့တဲ့ Great Depressionစီးပွားရေးပျက်ကပ်ကြီးဆိုက်နေတဲ့ခုနှစ်တွေ။အလုပ်လက်မဲ့ဖြစ်နေတဲ့လုပ်သား‌တွေအတွက်စတာလင်ရဲ့ ဆိုဗီယက်ပြည်ထောင်စုကဖိတ်ခေါ်မှုကရေငတ်တုံးရေတွင်းထဲကျသလိုဖြစ်လာခဲ့တယ်။အမေရိကန် ကနေဒါတို့ကနေလုပ်သားပေါင်းတသောင်းကျော်တို့ဟာ ဆိုဗီယက်တို့ရဲ့မြေကိုဘ၀သစ်စနိုင်ဖို့ရွှေ့ပြောင်းလာခဲ့ကြတယ်။ဆိုဗီယက်တို့ရဲ့နယ်စပ် ဖင်လန်နိုင်ငံမှာကတော့ယူဆီ ကဲတိုလာဆိုတဲ့ အမေရိကန်ကပြန်လာတဲ့သူတ‌ယောက်ကတော့ ကွန်မြူနစ်အဖြစ်စွပ်စွဲခံရပြီးတော့ မိသားစုတွေဆီကနေပြန်ပေးဆွဲခံခဲ့ရပေမယ့်ဆိုဗီယက်နိုင်ငံထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ဒါပေမယ့် မိအေးနှစ်ခါနာဆိုသလိုပဲ ကဲတိုလာရဲ့ အမေရိကန်နောက်‌ေကြာင်းကိုမယုံသင်္ကာဖြစ်နေတဲ့ဆိုဗီယက်တို့ကရွှေ့ပြောင်းအမေရိကန်တွေဦးစီးတဲ့ ရုရှားစိုက်ပျိုးမွေးမြူရေးခြံတခုမှာနေပြီးလျှို့၀ှက်ထောက်လှမ်းဖို့တွန်းအားပေးခဲ့တယ်။ဒီလိုနဲ့ပဲ ယူဆီ ကဲတိုလာ တဖြစ်လဲ ယူဆီ ကာရီတယောက်မိသားစုအသစ်နဲ့ ဒီခြံမှာပဲဘ၀သစ်တခုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့ စတာလင်ရဲ့သူလျှိုအဖြစ်စွပ်စွဲအမြစ်ဖြုတ်မှုတွေကဒီရွှေ့ပြောင်းအမေရိကန်‌‌ တွေအပေါ်ကိုပါရိုက်ခတ်လာခဲ့တဲ့အခါမှာတော့ယူဆီတယောက် ဒီ၀ရုန်းသုံးကားအခြေအနေတွေကြားထဲဘာတွေဘယ်လိုဆက်ဖြစ်မှာလဲ။အသက်ရှင်လျက်နဲ့ပဲထွက်လာနိုင်မလား။သူ့မိသားစုလေးကရောအဆုံးမှာဘယ်လိုဖြစ်သွားမလဲ။သူ့ရဲ့ရှည်လျားလှတဲ့ဘ၀ခရီးလမ်းကြီးကဘယ်လိုမျိုးပြီးဆုံးသွားမလဲဆိုတာကိုThe Eternal Road ဆိုတဲ့ ဖင်လန်စကားပြောဇာတ်ကားလေးမှာ ရှုစားပေးကြပါဦးခင်ဗျ File size…  1.8 GB /  700 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 1h 44m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by Brackman
movie

The Eternal Road (2017)

2017
Aurora (2019) 7.1
Aurora (2019) ဒါကတော့ IMDb rating 7.1နဲ့ Tomatoesမှာတော့လောလောဆယ်100%ရထားတဲ့ Finland Dramaကားလေးတစ်ကားပါ။Auroraဆိုတဲ့Finlandကောင်မလေးတစ်ယောက်ကအရက်တွေအလွန်အကျွံသောက် ပါတီတွေတက်ပြီးဘဝကိုပေါ့ပေါ့တန်တန်ဖြတ်သန်းနေသူတစ်ယောက်ပေါ့။ဒါပေမယ့် ပိုက်ဆံရှာမယ်စိတ်ကူးနဲ့ နောက်တစ်လ‌ဆိုနော်ဝေကိုသွားတော့မလို့လေယာဉ်လက်မှတ်ကိုအကြွေးဝယ်ထားလိုက်ပါတယ်။တစ်ညမှာတော့ Finlandသူတစ်‌ယောက်နဲ့လက်ထပ်ပြီးနိုင်ငံသားဖြစ်ဖို့ ကြိုးစားနေတဲ့ ကလေးအဖေတစ်ယောက်နဲ့ ဆုံစည်းမိပြီးသူ့ကိုလိုက်ကူညီပေးကာ လက်မှတ်ဖိုးရှာပါတော့တယ်။‌နော်ဝေသွားတော့မယ်သူတစ်ယောက်နဲ့Finlandနိုင်ငံသားဖြစ်ဖို့ကြိုးစားနေသူနှစ်ဦးဘာတွေဆက်ဖြစ်မလဲဆိုတာကိုဒီDramaကားလေးမှာ ကြည့်ရှုလိုက်ပါအုံး။(စာဖိုင်က အင်္ဂလိပ်လိုပြောတာတွေဆို ပါမလာလို့ Eလိုပြောတာတွေစာတန်းထိုးမှမဟုတ်ပါဘူး) File Size : ( 988 MB , 364 MB)Quality :  BluRay 720pRunning Time : 1 hr 46 minFormat : Mp4Genre : Comedy , Romance , Drama Subtitle : Myanmar Subtitle ...
movie

Aurora (2019)

2019