Channel Myanmar

Harby Sangha

Carry on Jatta 3 (2023) 7.4
Carry on Jatta 3 (2023) Carry on Jatta 3 (2023) IMDb-7.5/10ဂျက်တာတို့ သူငယ်ချင်းသုံးယောက်ရဲ့ အမွှေစိန်ကားလေး သုံးကားမြောက်ထွက်ရှိလာပါပြီ။ ရှေ့နှစ်ကားလို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရမယ့် ဟာသဇာတ်မြူးလေးပါပဲ။ သူတို့တွေပဲ သရုပ်ဆောင်ထားကြပေမယ့် တစ်ကားထဲသပ်သပ်ကြည့်လို့ရပါတယ်။ဂျက်စ်က ရှေ့နေကြီးဒီလွန်ရဲ့ မိတဆိုးသားလေး။မိန်းမယူချင်တာ ပြာယာခတ်နေပေမယ့် အဖေလုပ်သူကို မလွန်ဆန်နိုင်တာကြောင့် ချစ်ရတဲ့အမျိုးသမီးလေးကို အဖေနဲ့မိတ်ဆက်ပေးပေမယ့် အနှောင့်အယှက်တွေကြောင့် အဖေဖြစ်သူကသဘောမတူ။ အဖေဖြစ်သူသဘောတူဖို့အရေး ဘော်ဒါဘော်ကျွတ်နဲ့တိုင်ပင်တဲ့အခါ ဘယ်လောက်ဆိုးနေပါစေ သူ့ထက်ဆိုးတဲ့တစ်ယောက်နဲ့တွေ့ရင် ကောင်းတယ်ထင်သွားမှာပဲဆိုတဲ့စိတ်နဲ့ ချွေးမအတုရှာကြတဲ့အခါမှာတော့။သူတို့ရှာလိုက်တဲ့ ချွေးမအတုကလည်း ဘော်ဒါအရင်းကြီးရဲ့မိန်းမ ကလေးတစ်ယောက်အမေဆိုတော့။ ဘယ်လိုတိုင်တွေပတ်ပြီး ဘယ်လိုတွေဇာတ်သိမ်းကြမလဲဆိုတာ ဟီးဟီးဟားဟားနဲ့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်တွေက Saii~V~Cherry~YH~Dee~Zwe Yanတို့ပဲဖြစ်ပါတယ်) File size…9.9GB / 3GB / 1.36GB Quality…1080p WEB DL /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Saii~V~Cherry~YH~Dee~Zwe Yan
movie

Carry on Jatta 3 (2023)

2023
4K HEVC
Honeymoon (2022) 6.2
Honeymoon (2022) Honeymoon (2022) Comedy, Drama IMDb 6.2/10ကဲ အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ပန်ချာပီအချစ်ဟာသကားလေးပဲဖြစ်ပါတယ်နော်စစ်ပွဲကာလအတွင်း ဗုံးကိုဘာမှန်းမသိဘဲ ပျော်ပြီး အိမ်ယူပြေးမိနေရင်းနဲ့မှ လမ်းမှာတင် ဗုံးပေါက်သေသွားခဲ့ရတဲ့ လူတစ်ယောက်ရဲ့နောင်လာနောက်သားတွေအကြောင်းပေါ့။ အူတူတူ အတတ မိသားစုလေး။အဲ့ဒီမိသားစုအတွင်း အနူတောမှာ လူချောဖြစ်နေတဲ့ နည်းနည်းဉာဏ်ရှိတဲ့ကောင်လေးရဲ့ နာမည်ကတော့ ဒီပ်ပဲဖြစ်ပါတယ်။အိမ်မှာမီးဖြတ်ခံရလို့ မီတာသွားဆောင်ရင်း မီတာရုံးမှာ စွတ်ခ်ဆိုတဲ့ ကောင်မလေးနဲ့ သွားဆုံမိတယ်။ဒီပ်ဟာ စွတ်ခ်ကို မြင်မြင်ချင်းပဲ ကြွေဆင်းမိသွားပါတော့တယ်။အဲ့ဒီမှာပဲ သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘတွေရဲ့ရိုက်ခတ်မှုနဲ့ လွဲချော်မှုလေးတွေကို တလွဲဟာသလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်။သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးမှာ အဓိကအလွဲကြီးတစ်ခုဖြစ်တဲ့ ဟန်းနီးမွန်းအလွဲကိုတော့ တစ်ဝကြီးခွီရဦးမှာဖြစ်လို့ ဇာတ်ကားကြည့်ရင်းနဲ့ ရယ်မောလိုက်ကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…2.5GB  / 1.2GB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Taylor ~ Yunni
movie

Honeymoon (2022)

2022