Channel Myanmar

Hari Nef

Bad Things (2023)
Bad Things (2023) Bad Things (2023)တကယ်တမ်း ကျွန်တော့်အမြင်မှာ ဒီကားက Psychological Thriller ပိုဆန်နေတဲ့အပြင် ဇာတ်လမ်းကလည်း အပြနှေးပါတယ်။ ဒါကြောင့်ပဲ Jump scare တွေ၊ တစ်ချိန်လုံး ခြောက်လှန့်နေမှ ကြိုက်တဲ့သူမျိုးအတွက်ဆိုရင် နည်းနည်းပျင်းဖို့ကောင်းတယ်လို့ ခံစားမိပါလိမ့်မယ်။ဆောင်းတွင်းကြီး ဟိုတယ်တစ်ခုမှာ ဖြစ်တာကို ဇာတ်လမ်းတည်ထားတာမို့ တစ်ချက်တစ်ချက် The Shining ရုပ်ရှင်က vibe လည်း ရနေပါတယ် နည်းနည်း မှီငြမ်းထားတယ် ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းတွင်းတစ်ခုမှာ ရူသီဟာ အဘွားဖြစ်သူဆီကနေ အမွေရတဲ့ စွန့်ပစ်ဟိုတယ် အဟောင်းကြီးကို ရောင်းဖို့အတွက် ရည်းစားဖြစ်သူ ကယ်လ် ၊ သူငယ်ချင်းဖြစ်သူ မက်ဒီရယ်၊ အကြုံလိုက်လာတဲ့ ဖရန်တို့နဲ့အတူ မြို့လေးဆီကို လာခဲ့ပါတယ်။ ဟိုတယ်မှာကလည်း ဘယ်သူမှမရှိတာမို့ ရူသီတို့တွေ လွတ်လွတ်လပ်လပ်နေကြရင်း၊ ဟိုတယ်တွေက သရဲဇာတ်လမ်းတွေကို ပြောပြကြရင်း အေးဆေး အချိန်ကုန်ဆုံးနေခဲ့ပါတယ်။ ဒါပေမယ့် ဖရန် တစ်ယောက် တကယ်မရှိတာတွေကို ဟိုဟိုဒီဒီ မြင်လာပြီးတော့ ဘယ်လိုတွေ ခြောက်လှန့်ခံရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှု့လိုက်ပါဦး။အညွှန်း ...
movie

Bad Things (2023)

2023
Barbie(2023) 7.3
Barbie(2023) Barbie(2023)*********** Lady Bird ရဲ့ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာဖြစ်တဲ့ Greta Gerwig ရဲ့ လက်ရာပဲဖြစ်ပါတယ်။မာဂေါ့ရော့ဘီနဲ့ ရိုင်ယန်ဂို့စလင်းတို့ ပါဝင်ထားပါတယ်။ ဒေါ်လာ ၁.၃ ဘီလီယံအထိ ရရှိနေပြီးIMDb 7.3 နဲ့ လူကြိုက်များနေပါတယ်။ ဒီရုပ်ရှင်ဟာ အဓိကအားဖြင့် လူ့အသိုင်းအဝိုင်းနဲ့ ကျားဝါဒီမဝါဒီတွေကို အခြေပြုတဲ့ ဟာသကားအနေနဲ့ ရိုက်ထားတာပါ။ ဖိုကြီးစိုးရေးဝါဒကိုအံတုနေရတဲ့မိန်းမသားတွေ၊ မဝါဒီအားကောင်းလာချိန်မှာ ရုန်းကန်လာရတဲ့ ယောကျ်ားတွေ စသဖြင့်ပေါ့။ဇာတ်လမ်းအကျဉ်းဘာဘီတွေနဲ့ ကန်တွေဟာ သီးသန့်ကမ္ဘာတစ်ခုမှာနေထိုင်ကြပါတယ်။အဲဒီကမ္ဘာမှာ ဘာဘီတွေ ကြီးစိုးနေပြီ သမ္မတ၊ သိပ္ပံပညာရှင်၊ တရားသူကြီး၊နိုဘယ်ဆုရှင်အားလုံးက ဘာဘီချည်းပါပဲ။ ကန်ဆိုတဲ့ ယောကျာ်းတွေကတော့ဘာဘီတွေကို မှီခိုနေရတဲ့ ဖျော်ဖြေနေရတဲ့သူတွေပေါ့။ ဘာဘီတွေဟာ လူသားကမ္ဘာကြီးကိုလည်းသူတို့တွေရဲ့ ဘာဘီအရုပ်တွေက ပိုကောင်းအောင်ပြောင်းလဲပြီး မိန်းမတွေကြီးစိုးနေပြီလို့ပဲ ထင်ထားခဲ့တာပါ။ဘာဘီအမျိုးမျိုးရှိတဲ့အထဲမှာမှ မာဂေါ့ရဲ့ ဘာဘီကတော့ သမားရိုးကျဘာဘီ တစ်ယောက်ပဲဖြစ်ပါတယ်။ဘယ်နေရာမှာ ထူးချွန်နေတာမဟုတ်တဲ့ ဘာဘီသက်သက်ပါပဲ။ တစ်နေ့မှာတော့ဘာဘီဟာ သေခြင်းတရားအကြောင်းကိုတွေးမိရာကနေ ဘာဘီလောကနဲ့ အံမဝင်တော့ဘူးဘာဘီအစွမ်းတွေပျောက်လာပြီး ဖြစ်တည်မှုသံသယတွေပွားလာပါတော့တယ်။အဲဒါကို ကုသဖို့ နည်းကတော့ ...
movie

Barbie(2023)

2023
4K HEVC
Meet Cute (2022) 5.5
Meet Cute (2022) Meet Cute (2022)ဘဝမှာ ကိုယ်ချစ်တဲ့သူတွေ သေကွဲပဲဖြစ်ဖြစ် ရှင်ကွဲပဲ ဖြစ်ဖြစ် ထွက်သွားတာကိုထိုင်ကြည့်ရတာ အင်မတန်ဒုက္ခများပါတယ်။ ချစ်သောသူနဲ့ကွေကွင်းရသော ဒုက္ခဆိုသလို ဒီဒုက္ခကိုလည်း အံတုချင်တဲ့သူတွေကတော့ ဒုနဲ့ဒေးပါပဲ။Meet Cute ထဲက ရှီလာကလည်း ဒီလိုပါပဲ၊ ချစ်ရတဲ့ ဂယ်ရီနဲ့ တွေ့ခဲ့ရတဲ့ညကို အဘက်ဘက်က ပြီးပြည့်စုံချင်နေပါတယ်။ ပြီးပြည့်စုံအောင်လည်း အချိန်တွေနောက်ပြန်သွားပြီး ဂယ်ရီကို အမျိုးမျိုးပြောင်းလဲနိုင်အောင်ကြိုးစားပါတယ်။ ဂယ်ရီ့ရဲ့ ငယ်ဘဝတွေထိပါပြောင်းလဲဖို့ကြိုးစားခဲ့ပေမယ့် လောကကြီးက ဒီလောက်မလွယ်ကူမှန်းသိခဲ့ရဖို့ အ‌ချိန်တွေအကြာကြီးအကုန်ခံခဲ့ရပါတယ်။Kaley Cuoco ရဲ့ ကလပ်တက်တက် သရုပ်ဆောင်မှုနဲ့ Pete Davidson ရဲ့မထုံတက်‌သေးအမူအရာပေါင်းစပ်ထားတဲ့ ဒီကားက သရုပ်ဆောင်နေရာမှာတော့ အတော်လေးအားရစရာကောင်းပါတယ်၊ Plot Twist တွေလည်း များပြီးတော့ ဇာတ်အိမ်ခိုင်တဲ့ကားမို့ ဘယ်လိုတွေ အချိန်ခရီးသွားလဲ၊ ဂယ်ရီ့ကို ဘာတွေပြောင်းလဲခဲ့လဲဆိုတာကတော့ Meet Cute မှာပဲ ရှုစားကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Murphy မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Meet Cute (2022)

2022
1Up (2022) 6.5
1Up (2022) 1UP(2022) အညွှန်း****************** ဒီကားက Comedy, Gaming, Sport ကားပါ... Kissing booth ထဲက Marco လည်းဒီကားထဲပါတယ်နော်...ဇာတ်လမ်းကတော့ တက္ကသိုလ်တက်နေတဲ့ V ဆိုတဲ့ကောင်မလေးဟာကျောင်းရဲ့ဂိမ်းကစားတဲ့အဖွဲ့မှာ အရန်နေရာမှာ နေရပါတယ်... V ကတရားဝင် နိုင်ငံ့အဆင့် ဂိမ်မာဖြစ်ပြီး တက္ကသိုလ်ကစကော်လားရှစ်ရထားပေမယ့် အဖွဲ့ထဲမှာ ယောကျ်ားလေးများပြီးမိန်းကလေးတွေက နေရာမရပါဘူး... အဖွဲ့ခေါင်းဆောင်ကလဲအသေနှိပ်ပြီး စီးပိုး ချဉ်စရာကောင်းတဲ့ကောင်ပါ...အဲ့တော့ သူငယ်ချင်းနဲ့အတူ V က အဖွဲ့ကထွက်ပြီးကိုယ်ပိုင်အဖွဲ့ထောင်ပါတယ်... မိန်းကလေးတွေပဲထည့်ပြီး ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားပါတယ်... ပြိုင်ပွဲနိုင်ရင် နိုင်ငံအဆင့် ချန်ပီယံရပြီး အခွင့်အရေးတွေအများကြီးရမှာပါ..ယောကျ်ားလေးအဖွဲ့ကိုရော တစ်နိုင်ငံလုံးကအဖွဲ့တွေကိုရော နိုင်ပါ့မလားဆိုတာ ကြည့်ကြပါဦး... File Size : (2.51 GB)(1.17 GB) and (280MB) Quality : WEB-DL  1080p, 720p Format…mp4 Duration…01:22:00 Genre : Comedy , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

1Up (2022)

Assassination Nation (2018) 6.1
Assassination Nation (2018) Rating 6 ရရှိထားတဲ့ စော်ချောချောလေးတွေပါဝင်ထားတဲ့အက်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်...လီလီတို့ သူငယ်​ချင်း​လေး​ယောက်​ဟာ ဆီလမ်​မြို့​လေးမှာ ​ကျောင်းတက်​​နေတဲ့ဆယ်​​ကျော်​သက်​မိန်းခ​လေး​တွေ ဖြစ်​ပါတယ်​။တစ်​​နေ့မှာ​တော့ အွန်​လိုင်း​ပေါ်မှာ ဆီလမ်မြို့ မြို့​တော်ဝန်​ရဲ့ အတွင်း​ရေး၊မက်​​ဆေ့ခ်ျ​နဲ့ ဓာတ်​ပုံ​တွေဟာ ဟက်​ကာတစ်​​ယောက်​ရဲ့ လက်​ချက်​​ကြောင့်​အင်​တာနက်​​ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်​။ ဒီလိုနဲ့ လူ​တွေရဲ့ ဆူပူမှု​တွေဖြစ်​​ပေါ်လာခဲ့ပြီးသတင်းစာရှင်းလင်းပွဲမှာပဲ မြို့​တော်​ဝန်​ဟာ ကိုယ့်​ကိုကိုယ်​ သတ်​​သေသွားခဲ့ပါတယ်​။ထိုဖြစ်​ရပ်​​ကြောင့်​ ဆီလမ်​မြို့​လေးဟာ တုန်​လှုပ်​​နေတုန်းမှာပဲ အထက်​တန်း​ကျောင်းအုပ်​ရဲ့လူသိမခံနိုင်​တဲ့ အတွင်း​ရေးအချက်​အလက်​​တွေဟာအင်​တာနက်​​ပေါ်မှာ ထပ်​မံ​ပေါ်ထွက်​လာခဲ့ပါတယ်​။မြို့သူ​မြို့သား​တွေရဲ့ အုံကြွမှု​တွေက ပိုမိုများပြားလာခဲ့ပြီးဆူပူလှုပ်​ရှားမှု​တွေလည်း စတင်​ဖြစ်​​ပေါ်လာခဲ့ပါတယ်​။ဒီလိုနဲ့ ဟက်​ကာသမားရဲ့ ပစ်​မှတ်​က လီလီဖြစ်​လာတဲ့အခါမှာ​တော့ဘယ်​လို​တွေ ဆက်​ဖြစ်​လာမလဲ၊ဟက်​ကာသမားက​ကော ဘယ်​သူဖြစ်​​နေမလဲ၊ဆီလမ်​မြို့​လေး​ကော ဘယ်​လိုအ​ခြေအ​နေနဲ့ ကြုံ​တွေ့ရမလဲဆိုတာစိတ်​ဝင်​စားဖို့ အရမ်း​ကောင်းတာမို့ ကြည့်​ရှုအား​ပေးကြပါဦးဗျာ.... File Size : (932 MB) and (298 MB) ...
movie


2018