Channel Myanmar

Harold Bradley

Jason and the Argonauts (1963) 7.3
Jason and the Argonauts (1963) Jason and the Argonauts (1963)~ IMDb - 7.3/10, Rotten Tomatoes - 89% ~ဂရိနတ်ဘုရားတွေနဲ့ သူရဲကောင်းတွေ စွန့်စားခန်း‌တွေကို အမျိုးမျိုး ရိုက်ကူးကြရာမှာ ဒီကားကတော့ သူရဲကောင်းအ‌ကျော်အ‌မော်ဂျေဆင်နဲ့ သူ့အဖွဲ့သား အာဂိုနပ်စ်တွေရဲ့ ရွှေသိုးရှာဖွေတဲ့ စွန့်စားခန်းခရီးအကြောင်း 1963 ခုနှစ်ထွက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇုစ်နတ်ဘုရားက ပလိုင်ရက်စ်ကို သက်စ်လေတိုင်းပြည်ကို အောင်နိုင်ဖို့ ဆုပေးပေမဲ့ နောင်ကျရင် သက်စ်လေဘုရင်ရဲ့မျိုးဆက်က ပလိုင်ရက်စ်ကို လက်စားချေမှာလို့ ဟောကိန်းရှိတဲ့အတွက် ပလိုင်ရက်စ်က ဘုရင်ရဲ့သားသမီး ၃ယောက်လုံးကိုပါ သတ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သားတော်ဂျေဆင်က အစောင့်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အခါ...ဂျေဆင်အရွယ်ရောက်လာတဲ့အခါ သက်စ်လေပြည်ကို ပြန်သိမ်းပြီး ပလိုင်ရက်စ်ကိုသတ်ဖို့ လိုက်ရှာပါတော့တယ်။ ဇုစ်ရဲ့မိဖုရား ဟယ်ရာက ဂျေဆင်ကို အလုံးစုံကူညီပေးချင်ပေမဲ့ ဇုစ်က အကြိမ်အရေအတွက်ကန့်သတ်ထားပြီး နတ်ဘုရား‌ မောင်နှံ၂ပါး အားပြိုင်တဲ့အခါ...ပလိုင်ရက်စ်ကို သတ်ပြီး သက်စ်လေတိုင်းပြည် ကြွယ်၀ချမ်းသာ ငြိမ်းချမ်းဖို့ ရွှေသိုးရှိရမယ်လို့ဟောကိန်းရှိတဲ့အတွက် ...
movie

Jason and the Argonauts (1963)

1963
Daylight (1996) 5.9
Daylight (1996) Daylight ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်မှာ ပြသခဲ့တာဖြစ်ပြီး ရမ်ဘိုမင်းသားကြီး စတားလုံး ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကပ်ဘေးရှင်သန်ရေး thriller disaster ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒေါ်လာသန်း၈၀ အကုန်ကျခံရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း၁၆၀နီးပါး ပြန်လည်ရရှိခဲ့လို့ အောင်မြင်တဲ့ရုပ်ရှင်တစ်ခုလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဥ်းဟာဆိုရင်ဖြင့် New York မြို့ကနေ တရားမဝင် အဆိပ်သင့်စွန့်ပစ်ပစ္စည်းတွေကို နယူးဂျာဆီပြည်နယ်ကိုခိုးပြီး စွန့်ပစ်ဖို့လုပ်ရာကနေ ဇာတ်လမ်းစပါတယ်။ အဲဒီစွန့်ပစ်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ထရပ်ကားတွေက ဥမင်လှိုဏ်ခေါင်းတစ်ခုကိုအဖြတ်မှာ ယာဥ်ဓားပြတိုက်လာတဲ့ သူခိုးအုပ်စုကားနဲ့ ဝင်တိုက်မိပြီး ပေါက်ကွဲမှူအကြီးစားတွေ​ဖြစ်ကာ လှိုဏ်ခေါင်းကြီးလည်း ပြိုကျသွားပါတော့တယ်။ အဲဒီမှာ ပြိုကျသွားတဲ့လှိုဏ်ခေါင်းထဲကလူတွေ အသက်ရှင်သန်အောင်ဘယ်လိုကြိုးစားကြမလဲ။ အသက်ရှင်လျက်ရော ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစား လိုက်လံကြည့်ရှု စီးမျောလို့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။အသက်ရှင်သန်ရေး ကြိုးပမ်းတဲ့ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူတွေရဲ့အတ္တတွေ မာနတွေ ကြိုးစားမှုတွေ မျှော်လင့်ချက်ကုန်ခမ်းသွားတာတွေ စိတ်ဓာတ်လုံးဝကျသွားတာတွေကိုကြည့်ရင်း ကိုယ်ပါ ရင်ထဲအလုံးကြီး ဆို့ထားသလို အောင့်သက်သက် ခံစားရဦးမှာပါ။ ဒါကြောင့် Survival Thriller ရုပ်ရှင်ကြိုက်နှစ်သက်သူများအတွက် ...
movie

Daylight (1996)