Channel Myanmar

Harry van Rijthoven

The Columnist (2019) 6.2
The Columnist (2019) The Columnist (2019) ================ IMDb Rating - 6.2/10အခုလိုအင်တာနက်ခေတ်မှာ Cyber bullying လို့ခေါ်တဲ့ အွန်လိုင်းပေါ်ကနေ တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၊ အကြောင်းအရာတစ်စုံ တစ်ခုကို အမုန်းပွားဝေဖန်တဲ့ကောမန့်တွေရေးပြီး ဝိုင်းဆဲအနိုင်ကျင့်ကြတာ မျိုးကို လူတိုင်းရင်းနှီးကြမှာပါ။ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးဆောင်းပါးရေးသားသူတစ်ဦးဖြစ်တဲ့ Femke က သူ့ဆီကို Hate comments တွေ Death threats တွေအပြည့်နဲ့ အင်တာနက်မှာ အတိုက်ခိုက်ခံနေရတဲ့သူတစ်ယောက်ပါ။ Femke က လူသားအချင်းချင်း ကြင် ကြင်နာနာဆက်ဆံသင့်ကြောင်းနဲ့ မတူညီတဲ့သဘောထားရှိတဲ့သူတွေကို ရန်သူလို့ မသတ်မှတ်သင့်ကြောင်း ဆောင်းပါးတွေရေးသား ပြောဆိုနေပေမဲ့ သူ့ကိုတိုက်ခိုက် နေတဲ့ မကောင်းတဲ့​ကောမန့်တွေကရပ်မသွားပါဘူး။နောက်တော့ Femke တစ်ယောက် သည်းမခံနိုင်တော့ဘဲ သူ့ဆီကို hate comments တွေ ရေးနေတဲ့သူတွေအကုန်လုံးကို လိုက်လက်စားချေဖို့ကြိုးစားပြီး သူကိုယ်တိုင်က ​ တားမြစ်ဖို့ကြိုးစားနေတဲ့လူတစ်ယောက်အဖြစ် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ရင်ဖိုစွာကြည့်ရှုရမဲ့ Thrillerဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo zin ဖြစ်ပါတယ်)File Size..........(1.3 GB) / (420 MB) Quality............WEB-DL 1080p / ...
movie

The Columnist (2019)

2019
Captain Nova (2021) 7.1
Captain Nova (2021) Captain Nova 2021 IMDb 7.1Netflix မှာ အသစ်ထွက်ရှိလာတဲ့ နယ်သာလန်နိုင်ငံက ဒက်ခ်ျစကားပြော Adventure,Sci-Fi အမျိုးအစား ဒီဇာတ်ကားဟာ ထင်မထားရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပါ။Finch တို့ဘာတို့လို ဇာတ်လမ်းအေးအေးနဲ့ ဇိမ်ခံပြီးကြည့်ရမယ် ဇာတ်ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်က ငြိမ့်ညောင်းညက်ညောပါတယ်။ဇာတ်လမ်းအကျဉ်လေးကို ပြောရမယ်ဆိုရင်ကမ္ဘာကြီးဟာ လူသားတွေရဲ့ လောဘကြောင့် ပူနွေး‌စုတ်ပြတ်ကပ်စိုက်နေတဲ့ ခေတ်ကာလတစ်ခုကနေ စပါတယ်။ ဒီလိုဖြစ်သွားစေရတဲ့အကြောင်းအရင်းကလည်း ကိုယ်နေတဲ့ကမ္ဘာကို ကိုယ်ပြန်ဖျက်‌စီးနေတဲ့ လူသားတွေကြောင့်ပဲဆိုပါတော့။ဒီတော့ ဒီလိုဖြစ်သွားတဲ့ကပ်ဆိုးကြီးကို ပြန်လည်ကယ်တင်ဖို့ နိုဗာဆိုတဲ့ အမျိုးသမီးလေးကို ဒီလိုကပ်ဆိုးကြီးစတင်ခဲ့ရာ အတိတ်တစ်ချိန်စီပြန်ပို့ရင်း၊ ပို့ရမယ့်နေရာနဲ့အချိန် သေးသေး‌လေး လွဲမှားကျရောက်သွားတဲ့အခါ ကမ္ဘာမြေပေါ်မှာ ဘယ်လိုအခက်အခဲတွေ ကြုံရမယ်၊ သူ့ကိုစေခိုင်းလိုက်တဲ့ မစ်ရှင်ကိုရော အောင်မြင်နိုင်ပါ့မလား၊ ဘယ်လိုမျိုး အလှည့်အပြောင်းတွေနဲ့ဆိုတာ......။ File size…(1.3 GB)/(550 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:25:o6 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

Captain Nova (2021)