Channel Myanmar

Hassan Akkouch

JGA: Jasmin. Gina. Anna. (2022) 5.0
JGA: Jasmin. Gina. Anna. (2022) JGA: Jasmin. Gina. Anna. (2022) ========================="စင်ဂယ်တွေဆိုတာ သစ်သီးတွေလိုပဲ ပထမတော့ ချိုမြမြအနံ့လေးနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ဒါပေမယ့် ကြာလာလေလေ ပုပ်ဖို့မြန်လာ လေလေပဲ၊ အဲဒီနောက် ယင်ကောင်တွေရောက်လာပြီး မှိုတက်စပြုလာမယ်" ။ ဒါကတော့ စင်ဂယ်အဖြစ် ကြာရှည်စွာ ရပ်တည်နေတဲ့ ယက်စမင်၊ ဂျီနာ နဲ့ အန်နာ ဆိုတဲ့ ကောင်မလေး သုံးယောက်ရဲ့ စကားတွေပါ။အိမ်ထောင်ပြုတော့မယ့် ဟယ်လင်နာအတွက် ဘက်ချလာပါတီလုပ်ပေးဖို့ စီစဉ်ထားပေမယ့် ဟယ်လင်နာက ကလေးအရင်ရသွားတဲ့အခါ အဆိုပါ သုံးယောက်ရဲ့ ပါတီလည်း ပျက်ခဲ့ရပါတယ်။ ဒါနဲ့ပဲ သတို့သမီးမရှိလည်း ကိုယ့်ဘာသာ ဘက်ချလာပါတီကြမယ်ဆိုပြီး အီဘစ်ဇာကျွန်းကို ထွက်လာ ခဲ့ကြတာပေါ့။အဲဒီကျွန်းမှာ ယက်စမင်ရဲ့ ရည်းစားဟောင်း တင်မ်နဲ့ ပြန်တွေ့ပြီး ဇာတ်လမ်း မပြတ်နိုင်ဖြစ်နေတဲ့ ယက်စမင်ကို ဂျီနာတို့က နင်မမှတ်သေးဘူးလားဆိုပြီး ပညာတွေပေးကြမယ့် ဇာတ်ကားလေးပါ။ အဲဒီမှာပဲ အဆင်လေးတွေ တစ် ယောက်ပြီးတစ်ယောက်နဲ့ တွေ့ပြီး စင်ဂယ်ဘဝက ကျွတ်ဖို့ အစွမ်းကုန် ကြိုး စားကြမယ့် သူငယ်ချင်းမသုံးယောက်ကို မြင်တွေ့ရဦးမှာပါ။ အားလုံး sold out ဖြစ်သွားမလား အရင်ကပြောခဲ့ကြသလို ...
movie

JGA: Jasmin. Gina. Anna. (2022)

2022
Contra (2021) 6.6
Contra (2021) Contra (2021)===========IMDb Rating - 6.6/10"စကားအချေအတင်ပြောတယ် ဆိုတာ တီးလုံးမပါဘဲ rap ရွတ်ရသလိုပါပဲ" မူရင်း ပြင်သစ်ရုပ်ရှင်ကို ဂျာမနီက ပြန်လည်ရိုက်ကူးထားသော ဇာတ်ကား ဖြစ်တဲ့ "Contra" ဟာ နေ့စဉ်နဲ့အမျှဖြစ်လေ့ရှိတဲ့ ငြင်းခုံမှုတွေ လူမျိုးရေး၊ ဘာသာရေး ခွဲခြားခံရမှုတွေကို ‌မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်း လေး တစ်ကားဖြစ်ပါတယ်။ဂျာမနီမှာ နေထိုင်တဲ့ အာရပ်သူလေး နာအီမာ က ရှေ့နေမမ ဖြစ်ချင်တဲ့ အိပ်မက်နဲ့ ကြိုးစားရုန်းကန်နေရတဲ့သူ တစ်ဦးဖြစ်တယ်။ တက္ကသိုလ် စတက်တဲ့နေ့မှာပဲ အတန်းချိန်နောက်ကျသွားတဲ့အတွက် ဆရာဖြစ်သူ ပါမောက္ခ ပိုးလ် ရဲ့ လူမျိုးရေး ခွဲခြားတာ ခံလိုက်ရတာပေါ့။ အဲတာကို တစ်ခြား အတန်းဖော်တွေက ဗီဒီယိုရိုက်ပြီး အင်တာနက်မှာ ဖြန့်ပ လိုက်တော့ ဆရာ ပိုးလ်မှာ အလုပ်ပြုတ်မလိုတောင်ဖြစ်သွားရော။ နာအီမာ ကလည်း အလုပ်သင်ဆင်းချင်တဲ့အတွက် စကားရည်လု ပြိုင်ပွဲပြိုင်ဖို့ လေ့လာနေတာဆိုတော့ နာအီမာကို အနီးကပ်သင်ကြား ပေးဖို့အတွက် ဆရာ ပိုးလ် ကို ကျောင်းအုပ်က ‌တာဝန်ပေးလိုက်တယ်။ လူမျိုးရေးခွဲခြားသူ ဖြစ်တဲ့ ဆရာ ပိုးလ် ...
movie

Contra (2021)

2021
Human Factors (2021) 6.0
Human Factors (2021) Human Factors (2021)================IMDb Rating - 6.0/10ဂျာမနီ၊ အီတလီ၊ ဒိန်းမတ် သုံးနိုင်ငံပေါင်းကထုတ်တဲ့ ဇာတ်ကားလေးပဲ ဆိုပါတော့။ ဇာတ်ကားလေးက လွယ်မယောင်နဲ့ခက်တိမ်ယောင်နဲ့နက် ပါတယ်။ ရုပ်ရှင်လောကမှာ တော်ရုံဇာတ်ကားကောင်းတွေ သိပ်မထွက်လှတဲ့ နိုင်ငံတွေက IMDb 6.0 ရထားတဲ့ကားဖြစ်လို့ ကောင်းလား မကောင်းလားက သိပ်မေးနေစရာရှိမယ်မထင်ပါဘူး။ဇာတ်လမ်းဇာတ်ကွက် ရိုးတယ်ထင်ရလွန်းလို့ ဟာ ဇာတ်ကွက်ကြီးက ရိုးလိုက် တာလို့ တွေးမိနေသော်ငြား စလာတည်းက ပဟေဠိပေါင်း သောင်းခြောက်ထောင် ပေးနေပြီး တဖြည်းဖြည်းနဲ့ ထင်သလောက်မရိုးဘူးဟလို့ တွေးရင်း တွေးရင်း ကြည့်သွားရမယ့် ကားလေးပါ။ဇာတ်လမ်းအကျဉ်လေးကို ညွှန်းရမယ်ဆိုရင်တော့ ယန်နဲ့သူ့မိသားစု (သူ့မိန်းမရယ်၊ သားတစ်ယောက်၊ သမီးတစ်‌ယောက်)ဟာ သူ့ယောက္ခမဝယ်ထားတဲ့ အပန်းဖြေ အိမ်ကြီးမှာ မြို့ပြက စိတ်ဒုက္ခတွေသက်သာအောင် လာရောက်အပန်းဖြေရာကနေ စပါတယ်။ ဒီတော့ အဲလိုတည်းရာကနေ Drama/ Fiction ဆိုတဲ့ အမျိုးအစား ဖြစ်သွားအောင် ဘယ်လိုတွေ ရိုက်ကူးထားမယ်၊ ဘာတွေဆက်ဖြစ်လာမယ် ဘယ်လောက် တောင်ကြည့်လို့ကောင်းမယ်ကတော့ Human Factors ဆိုတဲ့ကားလေးထဲမှာ ရှူ့စားပေးလှည့်ပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File ...
movie

Human Factors (2021)

2021