Channel Myanmar

He Sheng-Wei

Running on Karma(2003) 6.7
Running on Karma(2003) ဒီကားကို ကျွန်တော်ငယ်ငယ်တုန်းက ရွာလယ်က ဗီဒီယိုရုံလေးမှာ သွားကြည့်ခဲ့တာ...လူသန်ဗလကြီးက ငှက်မွေးလေးလိုပေါ့ပါးစွာခုန်ရင်း လူဆိုးတွေကို အားရပါးရ နွှာခဲ့တဲ့သူ့ကိုအရမ်းသဘောကျခဲ့တယ်....ဖြတ်ခနဲခုန်..ဒေါသတကြီး လော်ကာတွေကိုဝုန်းခနဲထိုးချ..မကောင်းမှုကျူးလွန်တဲ့သူတွေကိုနှိမ်နင်း.အင်္ဂလိပ်စာတန်းထိုးဆိုတော့နားမလည် ပါးမလည်း အရမ်းကောင်းတဲ့အက်ရှင်ကားလို့ပဲမှတ်ချက်ချခဲ့တယ်...ကောင်းခန်းရောက်မှာတိပ်ခွေက မှုန်နေလို့ ပိုက်ဆံအသစ်လေးနဲ့ပွတ်ပြီး ဖိုက်ခန်းတွေကျော်သလိုဖြစ်တဲ့ရုံပိုင်ရှင်ဦးလေးကြီးကိုပြန်ရစ်ပေးပါလို့အသံဗြဲကြီးနဲ့အော်ခဲ့တာ...ခုမြန်မာစာတမ်းထိုးလေးနဲ့ကြည့်တော့ အက်ရှင်ကားဆိုတာထက်ပိုတယ်လို့ပြောလို့ရသလို ရသမြောက် အက်ရှင်ကားလို့လည်းပြောရမယ်ထင်တယ်. ဒီလိုကောင်းလို့လည်း Best Picture,Best Actor,Best Screen Play စတဲ့ဆု(၃)ဆုတောင်ရသွားပါတယ်...Best Actor ဆုရသွားတာကတော့ခေါင်းဆောင်မင်းသား Andy Lau  ဆိုတာတော့ပြောစရာလိုမယ်မထင်ဘူး.... ကားဟောင်းလည်းဖြစ်လို့ဇာတ်လမ်းဇာတ်ကွက်တွေမပြောပြတော့ပါဘူး...... File Size…(855MB) and (355MB) Quality…BluRay 720p Format…mp4 Duration…01:33:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
movie

Running on Karma(2003)

2003