Channel Myanmar

Heathcote Williams

The Legend of 1900 (1998)
The Legend of 1900 (1998) နာမည်က နံပါတ်ဖြစ်နေတဲ့ထူးချွန်ပေမယ့် ထူးဆန်းတဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါ။ ဗာဂျင်နီးယန်းသင်္ဘောပေါ်မှာပဲ မွေးပြီးစွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးလေးကို စိတ်သဘောကောင်းတဲ့လူမည်းအလုပ်သမားတစ်ယောက်က မွေးစားပြီး သင်္ဘောပေါ်မှာပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ၁၉၀၀လို့ နာမည်ပေးခဲ့ပါတယ်။ မိဘမဲ့ကလေး၁၉၀၀ဟာ တစ်သက်လုံးဗာဂျင်နီးယန်းသင်္ဘောကြီးပေါ်ကမဆင်းဖူးဘဲ စန္ဒရားတီးပညာကို တစ်ဖက်ကမ်းကျွမ်းကျင်လာပါတယ်။ ၁၉၀၀ရဲ့ ထူးဆန်းလှတဲ့ဘ၀ဇာတ်ကြောင်းကို သူ့ရဲ့သူငယ်ချင်းဖြစ်သူက ပြန်ပြောပြရင်း ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ။ ဂုဏ်သတင်းကျော်စောမှုနဲ့ ချမ်းသာမှုကို မမက်မောဘဲ သင်္ဘောပေါ်ကမဆင်းရဲတဲ့ ၁၉၀၀ ရဲ့ဘ၀ကို ဒါရိုက်တာ Giuseppe Tornatoreက ရိုက်ကူးပြီး Tim Roth, Pruitt Taylor Vince တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ File size…(3.2 GB)/(1.6 GB)/(898 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:50:00 Genre...Drama, Music, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Legend of 1900 (1998)

Basic Instinct 2 (2006)(18+) 6.5
Basic Instinct 2 (2006)(18+) Basic Instinct 2 (2006) အညွှန်း***************************(18+ Erotic  အမျိုးအစားဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါ.) စုံထောက်ကားဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို နှစ်သက်တဲ့သူတွေအတွက်ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်....တင်ပါးလွှဲထိုင်ချက်နဲ့ကမ္ဘာလောကြီးက ပုရိသအပေါင်းကို ဆွဲလှုပ်ခဲ့ဖူးတာကို အားလုံးသိကြမယ်ထင်ပါတယ်..အဲဒီ အထဲ မြန်မာက လူငယ်တွေပါ မပါတော့ ကျွန်တော်လည်းမပြောတတ်.. မင်းသမီးကတော့ 90s kid တို့အသဲစွဲ Sharon Stone ပါ.. သူ့ဇာတ်ကားတွေကြည့်ဖူးတဲ့လူတွေကတော့ သူ့ရဲ့အကြည့် သူ့ရဲ့အသံနဲ့တင်ရင်ဖိုလှိုက်မောခဲ့ရတာတွေကို ပြန်အမှတ်ရပါလိမ့်မယ် ဒီဇာတ်ကားထဲမှာလည်း သူဟာ ဆွဲ‌ဆောင်မှုရှိတဲ့ရွှေရောင်ဆံပင်ပိုင်ရှင်ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်...စကားလုံးအသုံးအနှုန်းတွေဟာ မိသားစုနဲ့အတူကြည့်ရှုဖို့တော့ သင့်တော်မှာမဟုတ်ပါဘူးဇာတ်လမ်းအညွှန်းကက်သရင်းထရာမယ်ဆိုတဲ့အမျိုးသမီးဟာ စွန့်စားရတာကိုစွဲလမ်းနေ‌တဲ့စိတ်ရောဂါတစ်မျိုးကို ခံစားနေရတဲ့လူတစ်ယောက်ပါ... သူ့ရဲ့စွန့်စားမှုတွေကြောင့် သူ့ကိုယ်သူတင်မကဘဲ သူတစ်ပါးကိုပါအသက်သေစေတဲ့အထိဖြစ်လာတဲ့အခါမှာ သူဟာ လူသတ်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်... အဲဒီအချိန်မှာ သူ့ရဲ့စိတ်အခြေအနေကို အကဲဖြတ်သုံးသပ်ဖို့အတွက် မိုက်ကယ်ဆိုတဲ့စိတ်ရောဂါကုဆရာဝန်ဆီမှာ သူကုသခဲ့ပါတယ် ဒီလိုကု‌သနေတဲ့အချိန်အတောအတွင်းမှာလည်းသူ့အနီးအနားကလူတွေဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာကြရပါတယ်... ဒီတော့ ဒီအမှုကို သေသေချာချာလိုက်လံစုံစမ်းပြီးရှာဖွေဖော်ထုတ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ ကြည့်ရှုသူအားလုံးစိတ်ထဲမှာ သို့လောသို့လောနဲ့ရင်တမမကြည့်ရှုရမယ့်ဇာတ်ကားဖြစ်တဲ့အကြောင်းကတော့ အာမခံလိုက်ပါရစေ....   File Size :(3.08GB)(0.9GB) and (338MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Mystery ...
movie

Basic Instinct 2 (2006)(18+)