Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Helen Hunt
7.8
Cast Away (2000)
2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cast Awayဇာတ်ကားမှာဆိုရင် မင်းသားကြီးTom Hank ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒီဇာတ်ကားဟာ.အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ်ပါဝင်ရိုက်ကူးသမျှ ဇာတ်ကားတိုင်းကို အောင်မြင်စေသည့်မင်းသားတစ်လက်ဟုပင် တွမ်ဟန့်ခ်စ်ကို ညွှန်းဆိုရမှာဖြစ်ပါတယ်...Forrest Gum၊ Big၊ Sleepless in Seattle၊ Apollo 13၊Saving Private Ryan၊Catch Me If You Can၊The Green Mile၊Cast Away၊ Toy Story အစရှိသည့် ဇာတ်ကားများတွင်ဟန့်ခ်စ်ပါဝင်ခဲ့ပြီး ယင်းရုပ်ရှင်များ ရုံတင်ရာမှ ရရှိသည့်ရုံဝင်ကြေးသည် အမေရိကန် တစ်နိုင်ငံတည်းတွင်ပင်ဒေါ်လာ ၄.၂ ဘီလီယံမျှ ရှိခဲ့ပါတယ်..တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုလျှင်မူအဆိုပါ ငွေပမာဏ၏ နှစ်ဆအထိ တိုးသွားမည်ဖြစ်ပါတယ်...အော်စကာနှစ်ဆုရှင် ဟန့်ခ်စ်ကို ဟောလိဝုဒ်သမိုင်းတွင် အကျိုးအမြတ် အဖြစ်ထွန်းဆုံး စာရင်းဝင်မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံထားရပြီးသူ့ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ကြွယ်ဝမှုမှာမူ ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်မျှ ရှိပါတယ်...Cast Awayကြည့်ခဲ့သမျှတွေထဲက စိတ်ထဲ ...
movie
Cast Away (2000)
2000
4K HEVC
6.4
What Women Want (2000)
What Women Want (2000)~ IMDb - 6.4/10, Rotten Tomatoes - 54% ~ကမ္ဘာပေါ်က ပုရိသယောက်ျားတိုင်း အဖြေရှာနေဆဲ ဖြစ်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။အဲဒါကတော့ " မင်းတို့မိန်းမတွေလိုချင်တာဘာလဲ " ဆိုတာပါပဲ။ ဒီမေးခွန်းလေးရဲ့ အဖြေကိုတော့ ဒီဇာတ်ကားထဲက နစ်ခ်မာရှယ်လ် ဆိုတဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ကြီး တစ်ဖြစ်လဲ Mel Gibson ကြီးက သိသွားခဲ့ပါတယ်။ကြော်ငြာအမှုဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခ်မာရှယ်ဟာ ငယ်ငယ်ကတည်းက အဖေမရှိဘဲ ကြီးပြင်းလာရပြီး ကြီးလာတော့လဲ လူရှုပ်လူပွေတစ်ယောက် ဖြစ်လာပါတယ်။ ကြော်ငြာကုမ္ပဏီတွေ အပြိုင်အဆိုင် ဖြစ်လာကြတဲ့အချိန်မှာ အမျိုးသမီးတွေကို ဦးတည်တဲ့ ကြော်ငြာတွေ ဖန်တီးဖို့အတွက် နစ်ခ် လိုချင်နေတဲ့ရာထူးနေရာမှာ ဒါစီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပါတယ်။အခဲမကျေဖြစ်နေတဲ့ နစ်ခ်တစ်ယောက် ညဘက် အလုပ်လုပ်ရင်းမှာ မတော်တဆမှုဖြစ်ပြီး အမျိုးသမီးတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့အစွမ်း ...
movie
What Women Want (2000)
2000
6.5
A Good Woman (2004)
A Good Woman (2004) ================== IMDb Rating - 6.5/10ဒီဇာတ်လမ်းဟာ တစ်ခေတ်တခါက စာပေလောကမှာ ကျော်ကြား ခဲ့ဖူးသူ စာရေးဆရာကြီး Oscar Wilde ရဲ့ Lady Windermere's Fan ဆိုတဲ့ ပြဇာတ်ကို ပြန်လည် အသက်သွင်းရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဒီ ၂၀၀၄ ဗားရှင်းဟာ လေးကြိမ်မြောက်ထွက်ရှိလာတဲ့ screen version လည်း ဖြစ်ပါတယ်။ သူ့မတိုင်ခင်က ပြဇာတ်ရဲ့ မူရင်း နာမည်နဲ့ အသံတိတ်ရုပ်ရှင်အပါအဝင် The Fan ဆိုတဲ့ နာမည်နဲ့ နှစ်ခါတိတိ ရုပ်ရှင်တွေထွက်ဖူးခဲ့ပြီးသားဖြစ်ပါတယ်။ ဒီ ၂၀၀၄ ရုပ်ရှင်မှာတော့ မင်းသမီး Helen Hunt နဲ့ Scarlett Johansson တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မူရင်းပြဇာတ်ရဲ့ နာမည်က Lady Windermere's Fan ဆိုတဲ့ အတိုင်း အဖြစ်အပျက်တွေ အားလုံးရဲ့ နိဒါန်းကတော့ Mr Win- dermere တစ်ယောက် ဇနီးဖြစ်သူရဲ့ မွေးနေ့အတွက် ရွေးချယ်လို့ ဝယ်ခဲ့တဲ့ ဒီယပ်တောင်လေး တစ်ချောင်းက ...
movie
A Good Woman (2004)
2004
7.0
Kiss of Death(1995)
Kiss of Death(1995)******************ဒီဇာတ်ကားကတော့ ပရိတ်သတ်အချစ်တော် မာသာဖာသာကြီး Samuel L.Jackson နဲ့ မင်းသားကြီး Nicolas Cage တို့ အပြင်မင်းသားကြီး David Caruso, Stanley Tucci နဲ့ မင်းသမီး Helen Hunt, Kathryn Erbe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းစုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒုစရိုက်လောကကနေအနားယူပြီး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဂျင်မီကင်မာတင်ကို ဝမ်းကွဲညီအစ်ကိုဖြစ်သူက ဒုစရိုက်မှုတစ်ခုနဲ့ပတ်သတ်ပြီး ကူညီပေးဖို့အကူအညီလာတောင်းတဲ့အခါ ပရဟိတစိတ်ဓာတ်ပိုင်ရှင် ကင်မာတင်အနေနဲ့ မနေနိုင်မထိုင်နိုင်လိုက်ကူညီပေးမိပါတယ်။ ကူညီရင်းနဲ့ပဲ အလွဲလွဲအချော်ချော်တွေဖြစ်ကာ ကင်မာတင်အနေနဲ့ထောင်နန်းစံသွားရပါတော့တယ်။ ထောင်ကထွက်ပြီးရင် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက် ကင်မာတင်အနေနဲ့ လူဆိုးခေါင်းဆောင်းတစ်ယောက်ကို စုံစမ်းထောက်လှမ်းပေးဖို့ ရဲတွေနဲ့အပေးအယူတွေလုပ်တဲ့အခါ...ငွေကြေးဥစ္စာနဲ့ အာဏာပါဝါက ဥပဒေအရေးမှာပါဝင်ပတ်သတ်နေပုံ... ရာထူးအာဏာအတွက် ဥပဒေကိုဘယ်လို လက်တစ်လုံးခြားကစားနေသလဲဆိုတာကို ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်File Size :(2.1GB) (980 MB) and (268 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:41:00 Genre : Crime, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by ...
movie
Kiss of Death(1995)
7.7
As Good as It Gets(1997)
As Good As It Gets(1997) ဇာတ်လမ်းအညွှန်း *************************************IMDb....7.7,,,Rotten..85%ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ … ၁၉၉၇ ၀န်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး..ပုံမှန်မြင်တွေ့နေကြရှေးဟောင်းဇာတ်လမ်းတွေလို အဓိကဇာတ်ဆောင်နှစ်ယောက်ကို လှည့်ပတ်ရိုက်ပြတာမျိုးမဟုတ်ဘဲ...ဇာတ်လမ်း တင်ဆက်ပုံအသွားအလာတွေ ထူးခြားစွာကွဲထွက်နေတဲ့ ဒါရိုက်တာ James L. Brooks ရဲ့ ကားလေးပဲ ဖြစ်ပါတယ်…ဇာတ်လမ်းထဲမှာတော့...OCD ဖြစ်နေတဲ့ လူ့ဂွစာ စာရေးဆရာလူပျိုကြီး၊ မယ်လ်ဗင် ယူဒေါလ် ဟာ သူ့ရဲ့အိမ်နီးချင်း လူငယ် Gay ပန်းချီဆရာ၊ဆိုင်မွန် နဲ့ ခွေးလေး ဗာဒဲလ် ကို အင်မတန်မှ အမြင်ကတ်သူပါ... လူ့ဂွစာလူပျိုကြီးပီပီ အသန့်အပြန့်အလွန်ကြိုက်တော့ တွေ့ကရာသေးပန်းတတ်တဲ့ ခွေးလေး ဗာဒဲလ်က သူ့အတွက်တော့ တကယ့်အနှောက်အယှက်လေးပါပဲ...ပတ်၀န်းကျင်က ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ ဒီလူကြီးကို သည်းခံတဲ့သူတစ်ယောက်တော့ရှိပါသေးတယ်...သူကတော့ မယ်လ်ဗင် သွားနေကြစားသောက်ဆိုင်က စားပွဲထိုးမလေး ကာရိုးလ် ပဲဖြစ်ပါတယ်...အဲ့ဒီနောက်မှာတော့စာလေးရေးပြီး တစ်ယောက်ထဲ အေးအေးလူလူ နေတတ်တဲ့ မယ်လ်ဗင် တစ်ယောက်… ရုတ်တရက်ဆိုသလို ...
movie
As Good as It Gets(1997)
5.6
The Night Clerk (2020)
movie
The Night Clerk (2020)
2020
6.5
I See You (2019)
(Unicode)2019 ထွက် Thriller ဇာတ်ကားဖြစ်ပြီး Gore တွေ သွေးသံတရဲရဲတွေမပါဝင်ပေမယ့် R rated ဖြစ်ပါတယ်..အိမ်ထောင်ရေးဖောက်ပြန်ထားမိတဲ့ အမေဖြစ်သူဂျက်ကီကို သားဖြစ်သူကော်နာက အရမ်းစိတ်နာနေတာကနေ ဇာတ်လမ်းကိုစဖွင့်ထားပါတယ်...ရဲအရာရှိခင်ပွန်းဖြစ်သူနဲ့လည်း အိမ်ထောင်ရေးလည်းအဆင်မပြေတော့ပဲ မိသားစုတစ်စုလုံး စိတ်ဆင်းရဲနေကြရပါတယ်...အဲ့အချိန်မှာပဲ သူတို့မြို့နယ်မှာ ဆယ်နှစ်ဝန်းကျင်ကလေးတွေဆက်တိုင်ပျောက်နေပါတယ်...အဲ့ဒါနဲ့ အဲ့အမှုကို ခင်ပွန်းဖြစ်သူက ဦးဆောင်စုံစမ်းရမယ့်တာဝန်ကျလာပါတော့တယ်...အဲ့အချိန်ကစလို့ သူတို့အိမ်မှာ ထူးဆန်းတာတွေဆက်တိုက်ကြုံလာရပါတော့တယ်...ကလေးပြန်ပေးဆွဲသမားက ဘယ်သူဖြစ်မလဲသမားရိုးကျအမှုမှဟုတ်ရဲ့လားဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ...IMDB 6.5/10 ရရှိထားပါတယ်(ရှပ်ရှင်အညွှန်း နဲ့ ဘာသာပြန်သူကတော့ May Myat Thu ပါ) File Size : (800 MB) and (400 MB) Quality : AMZN WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre : Crime, ...
movie
I See You (2019)
2019
6.2
The Miracle Season (2018)
ဒီရုပ်ရှင်လေးကို ဘာသာပြန်ပေးတဲ့ ကိုဝေဇင် ကတော့ ပြောရှာပါတယ် ကိုသစ်ရယ် မျက်ရည်တွေ ၀ဲတယ်ဗျာ.. တဲ့ ကျနော်လဲ ဒီရုပ်ရှင်လေးကို ကြည့်ပြီး ရင်ထဲမှာ တစ်မျိုးကြီးပဲ ခံစားရတယ်... ခံစားရဆို ဒီရုပ်ရှင်က ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ... West High School ရဲ့ ဘောလီဘော ချံပီယံ ကျောင်းသူလေးတွေ အကြောင်း ဖြစ်ရပ်မှန် ဇတ်လမ်းပါ West ဟာ မြို့နယ် အဆင့်မှာ ချံပီယံ ဗိုလ်စွဲထားတာ ဖြစ်ပြီး နောက်တစ်ခေါက် မြို့နယ် အဆင့်ကနေ တိုင်းထိ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေကြသူများလဲ ဖြစ်ပါတယ် အဲ့ဒီထဲမှတော့ အတောက်ပဆုံး ကောင်မလေးက အဖွဲ့ခေါင်းဆောင် ကာရိုလိုင်း ပဲ ဖြစ်ပါတယ် ချစ်ဖို့ ကောင်းတဲ့ ရုပ်ရည်လေးနဲ့ လူတိုင်း နှစ်သက်စေမယ့် အပြုံးပိုင်ရှင်လေးပါ သူ့ကို စိတ်ဆိုးနေတဲ့သူတွေကိုဆိုရင် အတင်းကာရော ဖက်ပြီး စိတ်ဆိုးပြေအောင်လဲ လုပ်တက်သူပါ သူနဲ့ ငယ်ငယ်ထဲက အတူကြီးပြင်းလာပြီး ကျောင်းမှာရော ဘောလီဘော အဖွဲ့ထိပါ အတူတူ ရောက်ရှိနေတာကတော့ အချစ်ဆုံးသူငယ်ချင်းလေး ကယ်လီ ဆိုတော့ ကောင်မလေးပေါ့ ကယ်လီက ကယ်ရိုလိုင်း နဲ့ မတူပဲ ခပ်အေးအေး နေတက်သူလေးပါ အမြဲတမ်း ကယ်လီ အတွက် ကယ်ရိုလိုင်းက အသက်ကယ်ဆေးလိုပါပဲ သူဘာလိုအပ်နေတယ်ဆိုတာ ကယ်ရိုလိုင်းပဲ သိတာပေါ့ ဒါကို တကယ့် BFF တွေပဲ နားလည်မှာပါ... ဒီဇတ်လမ်းရဲ့ အညွှန်းကိုတော့ ...
movie
2018
7.2
Pay It Forward(2010)
Pay It Forward(2010)IMDb...7.2ဒီကားလေးဟာ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမထင်ဘူး...ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်....ပထမအချက်က စာရေးဆရာမ ဂျူးရေးသားထားတာကိုဖတ်မိလို့ပါ.... ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို သူမကိုယ်တိုင်ညွှန်းဆိုပြီဆိုတော့ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်...ဒုတိယ အချက်က A.I. Artificial Intelligenceဇာတ်ကားထဲမှာ ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး ကျွန်တော်တို့နှလုံးသားတွေကိုကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Haley Joel Osment ကြောင့်ပါ..... ဇာတ်လမ်းအကျဉ်းကတော့ အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူ နေနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါသူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်....အဲ့ဒါကတော့.......ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ....ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ... ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ....ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ....ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ.....ကျွန်တော်ကတော့ ဘာသာပြန်ရင်း ကျေနပ်ပီတိဖြစ်လွန်းတော့ ကျွန်တော့အမျိုးသမီးကို ပြခဲ့တယ်...ပြီးတော့ ဒီကားကို တစ်ချိန်အရွယ်ရောက်လာမယ့် ကျွန်တော့သားလေးကိုပြဖို့ သိမ်းထားတယ်....ပြီးရင်သားလေးကိုလည်းမှာမယ် နောက်မျိုးဆက်တွေကို ဒီကားကိုပြဖို့...မပျေက်မပျက်လက်ဆင့်ကမ်းထိန်းရမယ့်မိသားစုအမွေအနှစ်လေးအဖြစ်သိမ်းထားဖို့လည်း မှာမယ်....ခင်ဗျားတို့လည်းကြည့်ပြီးရင် ကျွန်တော့်လို ...
movie
Pay It Forward(2010)
2000
N/A
Candy Jar(2018)
"အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်လမ်းကြောင်းကိုမှချမပေးနိုင်ဘဲ တက္ကသိုလ်တွေက ဘာတွေများပေးနေပါသလဲ? ..." "ကျွန်မတို့ဟာ ကျောင်းသားတွေမဟုတ်တော့ပါဘူး စက်ရုပ်တွေပါ...""အသက် ၁၆နှစ်မှာငယ်သေးလို့ဆိုပြီး မဲပေးခွင့်မရ အရက်သောက်ခွင့်မရပေမယ့်ဘဝတစ်ခုလုံးအတွက်အရေးအကြီးဆုံး လမ်းကြောင်းကိုတော့ ၁၆နှစ်မှာပဲရွေးခိုင်းလိုက်ကြတယ်...ရှင်တို့ လာနောက်နေတာလား? "အပေါ်ကစာသားတွေဟာ ကိုယ်နှစ်သက်ပြီးရင်ထဲထိမိတဲ့ ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေပါ...ဒီကားလေးကို NetFlix ရုပ်သံလိုင်းကနေထုတ်လွင့်ပြသပေးခဲ့တာဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ တော်တော်လေး ပဏာသွားပါတယ်မသိရင် မြန်မာ့ပညာရေးကိုလှောင်ပြောင်ထားသလားတောင်ထင်ရပါတယ်တက္ကသိုလ်တစ်ခုကို ၅နှစ် ၆နှစ်တက် အလုပ်အကိုင်အခွင့်အလမ်းက မရှိသူများနိုင်ငံကကျောင်းတွေမှာ တက္ကသိုလ်တွေမှာ Job Fair တွေJob Hunting အတွက် ဘယ်လိုတွေ လုပ်ရတယ်ဆိုတာတွေကို သင်ကြာပေးပါတယ်မြန်မာကကျောင်းတွေမှာတော့ နတ္တိပါ အဆံမရှိပဲမြေပဲတောင့်လိုပါပဲအပြင်ပန်းကတော ဟုုတ်နေတာပဲ လက်တွေကမှာတော့ အလုပ်မရှိယောင်၆၀လူငယ်တွေဟာ ဒု နဲ့ ဒေးပါပဲဗျာ ကဲ ဇာတ်လမ်းအကျဉ်းလေးကိုသွားလိုက်ရအောင်"Candy Jar"ဟာ အထက်တန်းကျောင်းတစ်ကျောင်းရဲ့Debate ပြိုင်ပွဲတစ်ခုကို အခြေပြုပြီး လက်ရှိပညာရေးစနစ်ကိုသုံးသပ်မိစေဖို့ မီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းလေးမို့အထွွေအထူးမညွှန်းတော့ပဲ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့CM ပရိသတ်များအတွက် လက်တို့ အသိပေးလိုက်ပါတယ်ဒီကားထဲမှာ ပြောတဲ့စကားတွေကတော့ တော်တော် လေးထိမိပါတယ်လို့ပြောလိုက်ချင်ပါတယ်Qty - 720p Web DLGern - ComedyDuration - 1hr ...
movie
Candy Jar(2018)
2017
7.3
Please Stand By (2017)
၂၀၁၈ခုနှစ်ထွက်ပေါ့ပေါ့ပါးပါးနဲ့ဇာတ်မြူးမြူး Comedy/Drama ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။Wendy ဟာအရာရာတိုင်းကိုရှုထောင့်တစ်မျိုးနဲ့မြင်တတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူစိတ်ရှိသလိုပြောဆိုနေထိုင်လေ့ရှိပြီး ဉာဏ်ထက်တဲ့ကောင်မလေးတစ်ယောက်ဖြစ်သည့်အပြင် သူဟာအာရုံကြောဆိုင်ရာ ပြဿနာရှိသူဖြစ်ပါတယ်။ဒါကြောင့် သူ့ကိုအကြံပေးဆွေးနွေးပေးတဲ့သူတစ်ယောက်ထားရှိပေးထားရပါတယ်။သူ့အတွက်တော့ လူတွေဟာအလွန်ပွေလီရှုပ်ထွေးတဲ့စကားဝှက်တစ်ခုဖြစ်ပြီး ကမ္ဘာကြီးဟာလည်း ရှုပ်ထွေးလှသည့်နေရာတစ်ခုပဲဲဖြစ်ပါတယ်။သူ့ကိုဆွေးနွေးအကြံပြုနေသူရဲ့လွှမ်းမိုးမှုအောက်မှာပဲ တစ်နေ့သာပုံမှန်လုပ်ဆောင်စရာလေးတွေကိုလုပ်ရင်းပဲ အရွယ်ရောက်လာပြီးနောက် တစ်နေ့မှာပဲသူနေ့စဉ်ကြည့်လေ့ရှိတဲ့ တီဗီအစီအစဉ်တစ်ခုကနေ ဇာတ်ညွှန်းရေးပြိုင်ပွဲတစ်ခုကို သူကြည့်ရှုလိုက်ရပါတယ်။အဲဒီကစပြီး သူဉာဏ်ကွန့်မြူးပြီး သီကုံးဖန်တီးထားတဲ့ စာမျက်နှာ၅ဝဝပါ ဝထ္တုလေးကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် အားလုံးမသိအောင်ထွက်ပြေးပြီး ပြိုင်ပွဲရှိရာဆီသွားဖို့ စီစဉ်ပါတော့တယ်။ဇာတ်လမ်းလေးဟာ ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးမြူးမြူးကြွကြွလေးမို့ ကြည့်ရတာအပန်းပြေစေမှာပါ။Rating အနေနဲ့လည်း 6.7 ထိရထားတဲ့အတွက် ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတွေကြည့်ပြီး အလုပ်အားချိန်လေး အနားယူချင်သူများအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ File Size : (750 MB) and (276 MB) Quality : WEB-DL 720p Running Time :1hr 33min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source ...
movie
Please Stand By (2017)
2017
6.4
Twister (1996)
Twister (1996) IMDb - 6.4/10_____Rotten - 58% သာယာတဲ့မိသားစုလေးတစ်စုရှိတယ်....တစ်နေ့တော့ လေမုန်တိုင်းကြီးတစ်ခုဟာသူတို့နေတဲ့ နယ်မြို့လေးကို ဖြတ်တိုက်သွားတယ် မိသားစု ၃ဦးရှိတဲ့အထဲက အဖေကိုလေမုန်တိုင်းကြီးက ဝါးမြိုသွားတယ်...... အမေနဲ့သမီးပဲကျန်ခဲ့လေရဲ့ ....သမီးဖြစ်သူဟာ သူ့မျက်စိရှေ့တင် မုန်တိုင်းနဲ့ပါသွားတဲ့အဖေကိုတွေ့ မြင်ခဲ့လေတော့ စိတ်ဒဏ်ရာရခဲ့တယ်....သူမဟာ အရွယ်ရောက်လာတော့ မုန်တိုင်းလိုက်မုဆိုးဖြစ်လာတယ်... မုန်တိုင်းမလာခင် ၃မိနစ်ပဲမိုးလေဝသဌာနက ကြိုတင်သတိပေးနိုင်တော့ ပြည်သူတွေအတွက် အချိန်မလုံလောက် ဘူး ဒါကြောင့် အသက်တွေဆုံးရှုံး စီးပွားတွေပျက်စီးရတယ် သူမဟာ သတိပေးချိန်များများရအောင် တွက်ချက်နိုင်ဖို့ကြိုးစားတယ်....သူမနဲ့သူ့ချစ်သူကောင်လေးနဲ့အသက်အန္တရယ်တွေကြားကကြိုးစားပုံတွေ ကို ရင်တထိတ်ထိတ်နဲ့ကြည်ရမှာဖြစ်ပြီး ကြည်နူးဖွယ် အချစ်ဇတ်လမ်းလေးကိုပါ ခံစားရမှာပါ.. သာယာတဲ့မိသားစုလေးတစ်စုရှိတယ်....တစ်နေ့တော့ လေမုန်တိုင်းကြီးတစ်ခုဟာသူတို့နေတဲ့ နယ်မြို့လေးကို ဖြတ်တိုက်သွားတယ် မိသားစု ၃ဦးရှိတဲ့အထဲက အဖေကိုလေမုန်တိုင်းကြီးက ၀ါးမြိုသွားတယ်...... အမေနဲ့သမီးပဲကျန်ခဲ့လေရဲ့ ....သမီးဖြစ်သူဟာ သူ့မျက်စိရှေ့တင် မုန်တိုင်းနဲ့ပါသွားတဲ့အဖေကိုတွေ့ မြင်ခဲ့လေတော့ စိတ်ဒဏ်ရာရခဲ့တယ်....သူမဟာ အရွယ်ရောက်လာတော့ မုန်တိုင်းလိုက်မုဆိုးဖြစ်လာတယ်... မုန်တိုင်းမလာခင် ၃မိနစ်ပဲမိုးလေ၀သဌာနက ကြိုတင်သတိပေးနိုင်တော့ ပြည်သူတွေအတွက် အချိန်မလုံလောက် ဘူး ဒါကြောင့် အသက်တွေဆုံးရှုံး စီးပွားတွေပျက်စီးရတယ် သူမဟာ သတိပေးချိန်များများရအောင် တွက်ချက်နိုင်ဖို့ကြိုးစားတယ်....သူမနဲ့သူ့ချစ်သူကောင်လေးနဲ့အသက်အန္တရယ်တွေကြားကကြိုးစားပုံတွေ ကို ရင်တထိတ်ထိတ်နဲ့ကြည်ရမှာဖြစ်ပြီး ကြည်နူးဖွယ် အချစ်ဇတ်လမ်းလေးကိုပါ ခံစားရမှာပါ... File Size…(800 MB) Quality…BluRay 720p Format…mp4 Duration…01:53:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo ...
movie
Twister (1996)
1996