Channel Myanmar

Helene Udy

Disco Inferno (2023) 4.0
Disco Inferno (2023) Disco Inferno (2023) ===============ဒီဇာတ်လမ်းလေးက Horror ဇာတ်လမ်းတိုအမျိုးအစားလေးပါ။ ဇာတ်လမ်းအစမှာ ကလေးအရမ်းလိုချင်တဲ့ မိန်းမကြီးတစ်ယောက် က သူကလေးမရနိုင်လို့ ဘုရားကျောင်းက စစ်စတာတစ်ယောက် ကိုသတ်ပြီး သူ့ကလေးကို ခိုးသွားခဲ့တယ်။ အဲ့လိုနဲ့ နှစ်နှစ်ဆယ်ကျော် ကြာပြီးနောက် ဘုရားကျောင်းပျက်အစား ကလပ်အသစ်ပေါ်လာပြီး အကပြိုင်ပွဲတစ်ခုကျင်းပကြတယ်။အဲဒီက ပြိုင်ပွဲဝင်တွေထဲ မယ်လ်နဲ့ ဘရန်ဒန်တို့စုံတွဲလည်း ပါဝင်ပြီး အကပြိုင်ပွဲမစခင်မှာ မယ်လ်တစ်ယောက် သန့်စင်ခန်းခဏဝင်ရင် ပြန်ထွက်လာတော့ ဘုရားကျောင်းပျက်ထဲ ရောက်နေလေရဲ့။ နောက် ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတိုလေးမှာပဲ ဆက်လက်ကြည့်ရှုကြပါကုန်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(470 MB) Quality............WEB-DL 1080p Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Thwal Htoo Zin Encoder..........SWM
movie

Disco Inferno (2023)

2023
The Dead Zone (1983)
The Dead Zone (1983) The Dead Zone 1983 Imdb 7.2/10 rotten tomatoes 88% 1979 ခုနှစ်က ထွက်ရှိခဲ့တဲ့ Stephen King ရဲ့  လက်ရာတစ်ခုဖြစ်တဲ့ The Dead Zoneကိုအခြေပြုပြီးရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအသွားက‌တော့ ဂျွန်နီစမစ်ဆိုတဲ့ ကျောင်းဆရာတစ်ယောက်ဟာ ယာဥ်မတော်တဆမှုကြောင့် ၅နှစ်ကြာ ကိုမာဝင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုမာကနေ ပြန်လည်သတိရလာတဲ့အခါမှာ သူ့မှ ာ လူတွေကို ထိလိုက်တာနဲ့ အဲ့လူရဲ့အနာဂတ်ကိုမြင်နိုင်တယ်ဆိုတာကိုသိခဲ့ရတယ် သူဟာသူ့ကိုယ်သူစစချင်းမယုံကြည်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ‌‌တော့လူတွေကိုကူညီဖို့ပြုလုပ်လာခဲ့တယ် သူဟာ ဂရက်ဂ်စတေးလ်ဆန်လို့ခေါ်တဲ့ မဲရွေးဝင်ခံနေတဲ့ အမတ်တစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာပဲ ဂျွန်နီတစ်ယောက်ဘယ်လိုဆုံးဖြတ်ချက်တွေချခဲ့လဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ‌တော့ Johnny Smithအဖြစ် အော်စကာဆုရှင် Christopher Walkenက သရုပ်ဆောင်ထားပြီးတော့  Johnny Smithရဲ့ ရည်းစားအဖြစ်အဖြစ်Brooke Adamsမှပါဝင်သရုပ်ဆောင်ထားသလို အမတ် Greg Stillsonအဖြစ် Martin Sheenမှပါဝင်သရုပ်ဆောင်ထားပါတယ်တယ်File size…(2 GB)/(1.3 GB)/(600 Mb) Quality….Webrip ...
movie

The Dead Zone (1983)

Killer Design (2022) 4.7
Killer Design (2022) Killer Design (2022) ===============“ခြေနှစ်ချောင်း မကယ်ကောင်း” ဆိုတဲ့ဆိုရိုးစကားတစ်ခု ကြားဖူးကြ မှာပေါ့။ ကယ်လိုက်တဲ့ ခြေနှစ်ချောင်းက ကိုယ့်ကိုပြန်ဒုက္ခပေးမိတာလည်း ဒုနဲ့ဒေးပေါ့။ အဲ့ဒီလိုပုံစံကို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် လှလှပပလေး ဒီကားလေးမှာရိုက်ကူးထားပါတယ်။ဂျိုဒီ့ကိုဓါးပြတိုက်တာကို ဝင်ဒီကဝယ်ကယ်ရင်းနဲ့ သူတို့နှစ်ယောက်စတင် သိကျွမ်းခဲ့ပါတယ်။ “လူတစ်ယောက်ရဲ့ဘဝကို တစ်ခါကယ်ပြီးရင် တစ်သက် လုံးတာဝန်ယူရတယ်”တဲ့... အဲ့ဒီစကားပုံကိုလက်ကိုင်ထားပြီး ဝင်ဒီတစ်ယောက် ဂျိုဒီကိုအဖက်ဖက်ကနေ ကူညီပေးခဲ့ပါတယ်။ ဂျိုဒီကလည်း ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ အလုပ်လည်းပေးခဲ့တဲ့အပြင် နေစရာလည်းရှာပေးခဲ့ပါတယ်။ဝင်ဒီကာကွယ်ပေးချင်တဲ့ ဂျိုဒီရဲ့သတို့သားလောင်းက ဖောက်ပြန်နေတာရယ်၊ ဂျိုဒီ့ရဲ့သူငယ်ချင်းက ပေါ့ပေါ့ပါးပါးနေတတ်သူမို့ ဂျိုဒီ့အတွက်ကောင်းကျိုးမပေး နိုင်ဘူးဆိုတာ သိသွားတဲ့အခါ... ဝင်ဒီက ဂျိုဒီ့ကိုဘယ်လိုကာကွယ်ပေးမလဲ ? ဂျိုဒီက ဝင်ဒီ့ကိုကယ်ခဲ့တာလား ? ဝင်ဒီက ဂျိုဒီ့ကိုကယ်ခဲ့တာလားဆိုတာတွေကို လှည့်ကွက်တွေနဲ့ကြည့်ရမှာမို့  တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.44 GB) / (464 MB) / (291 MB) Quality............WEB-DL 1080p /  720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Jo Jo Va Encoder..........SWM 
movie

Killer Design (2022)

2022
Mrs. Claus (2018) 3.6
Mrs. Claus (2018) Mrs. Claus (2018)သဲထိပ်ရင်ဖို သွေးသံရဲရဲနဲ့ ဇာတ်ကားတွေတွေကို ခုံမင်တဲ့ CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးမှာက Mrs. Claus ဆိုတဲ့ကားလေးပါ ခရစ်စမတ်ဆိုတာနဲ့ စန်တာကလော့စ်ဖိုးဖိုးကြီးရယ် လက်ဆောင်တွေနဲ့ ပျော်ဖို့ကောင်းတာတွေပဲ ပြေးမြင်မှာပေါ့နော် ဒီကားထဲက ကျောင်းသူတွေနေတဲ့အိမ်ကြီးမှာတော့ ခရစ်စမတ်တစ်ညမှာ ခြောက်ခြားစရာတွေဖြစ်ပျက်ခဲ့ပြီးထဲက ခရစ်စမတ်ပွဲမကျင်းပတော့ပါဘူး နောက် ၁၀ နှစ်ကြာတဲ့ အဲ့အိမ်ကြီးမှာပဲ ကျောင်းသားတစ်စုက ခရစ်စမတ်ပါတီ ကျင်းပဖို့ပြင်ဆင်ကြပါတော့တယ် ဒီကျောင်းသားတွေရော ခရစ်စမတ်ညမှာ ဘာတွေကြုံတွေ့ရမလဲ သူတို့ထဲက ကောင်မလေးတစ်ယောက်ကရော အတိတ်အဖြစ်ဆိုးထဲကလူတွေနဲ့ ဘယ်လိုပတ်သက်နေလဲ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်က ဘယ်သူလဲဆိုတာကို သွေးသံရဲရဲခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ....  File Size : (823 MB) Quality : Web DL 720p Running Time :1hr 26min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by HMO Encoded by Moe Myint Lwin
movie

Mrs. Claus (2018)

2018