Channel Myanmar

Héloïse Janjaud

Midwives (Sages-femmes) (2023) 7.1
Midwives (Sages-femmes) (2023)  Sages femmes ဆိုတာကတော့ ပြင်သစ်လို သားဖွားဆရာ/မများလို့ အဓိပ္ပာယ်ရပါတယ်။ ဒီဒရာမာရုပ်ရှင်လေးက သားဖွားဆရာ/မတွေရဲ့ လုပ်ငန်းခွင်အကြောင်းကို မီးမောင်းထိုးရိုက်ကူးပြထားတာပါ။ဆိုဖီယာနဲ့ လူဝိစ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ငါးနှစ်တာလေ့လာဆည်းပူးပြီးနောက်မှာ သားဖွားမီးယပ်အလုပ်ကို လက်တွေ့လုပ်ကိုင်ဖို့ရာ ပြည့်သူ့ဆေးရုံတစ်ခုကို ရောက်ရှိလာခဲ့ပြီး လူအင်အားမလုံလောက်တဲ့ဆေးရုံလေးမှာ အစာစားချိန် အပေါ့သွားချိန်တောင်မရလောက်အောင် လုပ်ကိုင်ပြီး ပြဿနာ၊ အခက်အခဲ၊ ၀မ်းနည်းစရာ၊ ပျော်ရွှင်စရာပေါင်းစုံနဲ့ ကြုံတွေ့ရပါတော့တယ်။ဒီရုပ်ရှင်လေးထဲမှာ မီးဖွားတဲ့အလုပ်ဟာ ပင်ပန်းခက်ခဲသလောက် မီးဖွားမယ့်သူကိုကူညီပေးတဲ့ သားဖွားမီးယပ် ဆရာ/မတွေရဲ့ အလုပ်အကိုင်ဟာလည်း မလွယ်ကူကြောင်းကို သေချာရိုက်ပြထားပါတယ်။ ဇာတ်အိမ်အချိတ်အဆက်လေးတွေကလည်း နွေးထွေးပြီး ပီတဖြစ်စရာကောင်းတဲ့အပြင် ဆေးပညာနဲ့ပတ်သက်တဲ့ ဗဟုသုတလည်းရစေမယ့် ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုအဆုံးသတ်လိုက်ပါတယ်။  File size…(1.6 GB)/(867 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Midwives (Sages-femmes) (2023)

Not My Type (2022) 5.9
Not My Type (2022) Not My Type (2022)ကျွန်တော်တို့ မြန်မာနာမည်ကြီးတေးသံရှင် မနောကို ဥပမာပြုရရင် မနောဟာလည်းတစ်ချိန်က Rock ‌တွေဆိုခဲ့တဲ့ ပုဂ္ဂိုလ်ပဲလေ။ သူ့ရဲ့မြန်မာသံ တောဓလေ့သီချင်းတွေဟာ ပရိသတ်ရင်ကိုရောက်သွားတဲ့အခါ သူဟာ Rock ကိုပစ်ခါခဲ့သလိုပဲပေါ့။ Musician တစ်ယောက်ဟာ လူတွေအကြိုက်ကိုမလိုက်ပဲ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ရင် ဒီ Musician ဟာ အောင်မြင်ပါ့မလား။ပြင်သစ်လူငယ်အဆိုတော်မလေး Marcia ဟာ ပြင်သစ် Classical တွေ Ballad သီချင်းတွေကို သီဆိုသူ ကြိုက်နှစ်သက်သူတစ်ယောက်ပေါ့။ အောင်မြင်သော မအောင်မြင်သော သူဟာ နေစရာမရှိလို့ မြစ်ထဲမှာ Houseboat နဲ့ နေရသူလေးလေ...အဲဒီလိုပါပဲ... ဒါဟေဂျန်း (Daredjane) ဆိုတဲ့ 70s အဆိုတော်တစ်ယောက် ဟာ 2021 မှာ အဘွားကြီးဖြစ်နေပြီပေါ့။ လူတွေလည်း သူ့ကိုမသိကြသလောက်ဖြစ်နေပါပြီ။ တစ်ခေတ်တစ်ခါက အဆိုတော်ဆိုပေမယ့် ကိုယ်ကြိုက်တာကိုယ်လုပ်ခဲ့တဲ့ Musician ဖြစ်ပေတာကိုး။ ဒါပေမယ့် ...
movie

Not My Type (2022)

2022
Dangerous Liaisons (2022) 4.5
Dangerous Liaisons (2022) Dangerous Liaisons (2022) ====================== Romance,Drama'' တကယ်ချစ်ရင် ခွင့်လွှတ်ပေးဖို့ပဲ စဉ်းစားမိတယ်တဲ့" " ဒါဆိုရင် ကိုယ်လုပ်ခဲ့တဲ့အမှားတွေအတွက် ခွင့်လွှတ်ပေးဦးမှာလား..." အချစ်ကို ရုပ်ရှင်၊စာပေ။ဂီတတွေမှာ ပုံစံမျိုးစံနဲ့ဖော်ပြခဲ့ကြတာပါပဲ။ ဒီ အသစ်ထွက်လာတဲ့ လူငယ်တွေကြားက Netflix ရုပ်ရှင်မှာလည်း လူငယ်တွေကြားက အချစ်၊ အားပြိုင်မှုတွေကို အကောင်းဆုံး ဖော်ပြ ထားပါတယ်။ဆီလင်းရီဗာဆိုတဲ့ ကောင်မလေးက လက်ထပ်ဖို့ ရည်ရွယ်ထားသူရှိပြီး အချစ်နဲ့ ဖူးစာဖက်ကို ယုံကြာည်ထားတဲ့ ပဲရစ်သူလေးပေါ့။ သူစီနီယာတန်း လာတက်တဲ့ ဗစ်တာဟူဂိုဆိုတဲ့ကျောင်းမှာ ဆိုရှယ်မီဒီယာအင်ဖလူရမ်ဇာ နာမည်ကြီးတွေလို့ပြောလို့ရတဲ့လူငယ်စုံတွဲတွေ...ဆယ်လီတွေပဲ နေကြတဲ့ ကျောင်းပေါ့။ အဲ့ထဲမှာမှ ထရီစတန်ဘာဒီအိုလာတဲ့ဆိုတဲ့ ကောင်လေးဟာ တစ်ကျောင်းလုံးမှာ ကင်း(King) လို့ပြောလို့ရတဲ့ ရေပန်းစားသူပေါ့။ရိုးအတဲ့ ဆီလင်းလေးကို ၂ လအတွင်း ရအောင်တွဲပြီး ချစ်လာအောင်လုပ်ဖို့ ကျောင်းရဲ့ ကွင်း ဖြစ်သူ ဗန်နက်ဆာက စိန်ခေါ်လိုက်ပါတယ်။ ဒါကိုလည်း ထရီစတန်က လက်ခံလိုက်ရင်းနဲ့ ဆီလင်းနဲ့ ထရီစတန်ကကြားက အချစ်ဇာတ် လမ်းတစ်ခုပေါက်ဖွားလာပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(2.83 GB) / (919 MB) / ...
movie

Dangerous Liaisons (2022)

2022