Channel Myanmar

Henrik Lundström

Together 99 (2023)
Together 99 (2023) ဒီဇာတ်ကားလေးမှာတော့ ယိုရန်နှင့် ကလာ့ဆီအပါအဝင် သူတို့သူငယ်ချင်းအုပ်စုဟာ ၁၉၇၅ မှာ “အတူတကွ” ဆိုတဲ့ အနုပညာအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပြီး စိတ်တူကိုယ်တူ ကြိုးစားရုန်းကန်ခဲ့ကြပေမယ့် အရွယ်တစ်ခုရောက်လာတဲ့နောက်ပိုင်းမှာ ကျန်တဲ့အဖွဲ့ဝင်တွေက ကိုယ့်အလုပ်လမ်းကြောင်းနဲ့ကိုယ်ဖြစ်သွားတဲ့အတွက် ခွဲခွာခဲ့ကြရပြီး “အတူတကွ” အဖွဲ့မှာလည်း ယိုရန်နှင့် ကလာ့ဆီ နှစ်ယောက်ပဲ ကျန်ရှိပါတော့တယ်။ဒီလိုနဲ့ ၁၉၉၉ မှာမှ ယိုရန့်မွေးနေ့ကို အကြောင်းပြုပြီး အချိန်အကြာကြီးကွဲကွာနေခဲ့ကြတဲ့ သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ကြပုံတွေ၊ ငယ်ကျိုးငယ်နာတွေ၊ အမှတ်တရတွေကို တသီတတန်း စကားတွေဖောင်ဖွဲ့ပြောကြရင်းက ပြန်လည် အမှတ်ရလွမ်းဆွတ်ပုံတွေကို ဆွတ်ပျံ့အားကျဖွယ်ရာ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ခုနှစ်က မူရင်းဇာတ်ကားကို သရုပ်ဆောင်အသစ်တွေနဲ့ ၂၀၂၃ မှာ ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပြီး အမာခံကြည့်ရှုသူပရိတ်သတ်တွေကတော့ မူရင်းဇာတ်ကားကို ပိုသဘောကျကြောင်း အငြင်းပွားကြတာတွေ ရှိခဲ့ပေမယ့် တော်တော်လေး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေသံယောဇဉ်ကို ကောင်းစွာ ဖော်ကျူးထားတဲ့အတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.3 ...
movie

Together 99 (2023)

Johan Falk: Blood Diamonds (2015) 7.0
Johan Falk: Blood Diamonds (2015)  Johan Falk ဆိုတာကတော့ 1999 ခုနှစ်ကနေ 2015 အထိ အပိုင်း 20 ထုတ်လွှင့်ခဲ့တဲ့ ဆွီဒင် ရဲအက်ရှင်ရုပ်ရှင်စီးရီးကြီးဖြစ်ပါတယ်။ အခုကတော့ CM ပရိသတ်ကြီးအတွက် 2015 မှာထွက်ရှိခဲ့တဲ့ Blodsdiamanter ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (ဂျီအက်စ်အိုင်) မာဖီးယားဂိုဏ်းတွေရဲ့ လက်နက်မှောင်ခိုတင်ပို့မှုကို စုံစမ်းနေပါတယ်။ မာဖီးယားတွေရဲ့ လှုပ်ရှားမှုကိုသိဖို့အတွက်လည်း ရဲတစ်ယောက်ကို အသွင်ယူခိုင်းပြီး မာဖီယားလက်ဝှေ့ကလပ်ထဲမှာ စုံစမ်းခိုင်းထားပါသေးတယ်။ ဂျိုဟန် ဖော့ခ်ကတော့ လတ်ဗီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ရုရှားမာဖီးယားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး သူတို့ခိုင်းတာကို လုပ်ပေးခိုင်းနေပါတယ်။ဒီအချိန်မှာ လက်ဝှေ့ကလပ်မှာ တပ်ထားတဲ့ အသံဖမ်းစက်ကို တွေ့သွားပြီး အသွင်ယူထားတဲ့ ရဲအပါအဝင် တခြားလူသုံးယောက်ကိုပါ မာဖီးယားတွေက ခေါ်သွားတဲ့အခါ ပြန်ကယ်ထုတ်ဖို့လုပ်ကြတာကို ကြည့်ရှုကြရမှာပါ။ ဇာတ်ဝင်ခန်းတွေကလည်း အစစ်အတိုင်းဖြစ်နေတဲ့အပြင် အက်ရှင်ခန်းတွေကလည်း အကြမ်းစားတွေမလို့ အက်ရှင်ကားကြိုက်တဲ့လူတွေသဘောကျစေမဲ့ ကားကောင်းတစ်ကားပါ။ File size…(848 Mb) Quality….Webrip 720p Format…mp4 Duration….01:39:00 Genre...Action, Crime, Thriller Subtitle….Myanmar ...
movie

Johan Falk: Blood Diamonds (2015)