Channel Myanmar

Henry Garrett

A Little Chaos (2014) 6.5
A Little Chaos (2014)  ဒီရုပ်ရှင်ကတော့ ပြင်သစ်ဘုရင်ခေတ်မှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဒရာမရုပ်ရှင်တကားဖြစ်ပါတယ်။ပြင်သစ်ဘုရင်ကြီး Louis XIV ဟာ ဗာဆိုင်းလ်နန်းတော်ကြီးမှာ ဘုရင့်ဥယျာဉ်တော်တစ်ခု တည်ဆောက်ဖို့အတွက် မိန့်ကြားလိုက်ပါတယ်။ဆဘင်းဒီဘာရာကတော့ ဥယျာဉ်ခြံအစရှိတဲ့ ဗိသုကာအဆောက်အအုံတွေကို ဆောက်လုပ်ရင်း အသက်မွေးနေတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒီဘာရာဟာ ဘုရင်ကြီးလူး၀စ်အတွက် ဥယျာဉ်ကိုဆောက်လုပ်ပေးဖို့ လီနော်ထရာလို့အမည်ရတဲ့ ဗိသုကာပညာရှင်တဦးနဲ့ အတူ တာ၀န်ပေးခံလိုက်ရပါတယ်။ဘုရင့်ဥယျာဉ်တော်ကို တည်ဆောက်ပေးရင်း ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်သံယောဇဉ်ဟာလည်း ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်ဇာတ်လမ်း ၊ ဒီဘာရာရဲ့ အတိတ်က ဒဏ်ရာတွေ အပြင် ရှေးပြင်သစ်တို့ရဲ့ ဘုရင့်တိုင်းပြည်မှာကျင့်သုံးခဲ့တဲ့ အစဉ်ပလာတွေ အထက်တန်းလွှာတွေရဲ့ ယဉ်ကျေးမှုတွေကို ကြည့်ရှုရမှာမလို့ ပြင်သစ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားလေးတကားဖြစ်ပါတယ်။အမျိုးသမီးသရုပ်ဆောင်တွေထဲမှာလည်း ကိတ်ဝင်းစလက်တို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပီကီဘလိုင်ဒါ မင်းသမီးကြီး ဟင်လင်မက်ခရိုရီတို့က ပါ၀င်အားဖြည့် သရုပ်ဆောင်ထားပါတယ်။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Drama, Romance Subtitle….Myanmar ...
movie

A Little Chaos (2014)

Testament of Youth (2014) 7.2
Testament of Youth (2014)  𝑻𝒆𝒔𝒕𝒂𝒎𝒆𝒏𝒕 𝒐𝒇 𝒀𝒐𝒖𝒕𝒉(ငယ်ရွယ်သူ့သက်သေ)ဟာ 1933ခုနှစ်မှာထုတ်ဝေခဲ့တဲ့ နာမည်ကျော်စစ်ပွဲကိုယ်တွေ့မှတ်တမ်းတစ်ခုရဲ့စာမူခေါင်းစဥ်ဖြစ်ပါတယ်...။စာရေးဆရာမ Vera Brittainရဲ့ ပထမကမ္ဘာစစ်အတွင်းကိုယ်တွေ့အဖြစ်အပျက်များကို ရေးသားထားတာဖြစ်ပြီး...Veraဟာစစ်ကြီးအပြီးနှောင်းပိုင်းကာလတွေမှာ စစ်ဆန့်ကျင်ရေးငြိမ်းချမ်းရေးလှုပ်ရှားသူအဖြစ် တက်ကြွလှုပ်ရှားခဲ့သူပါ...။သရုပ်ဆောင်တွေအနေနဲ့ Veraနေရာမှာ The Man from U.N.C.L.E.ထဲကမင်းသမီးချော Alicia Vikanderကသရုပ်ဆောင်ထားပြီးGOTထဲ YOU KNOW NOTHINGမင်းသား ဂျွန်စနိုးကလည်းပါဝင်အားဖြည့်ထားပါတယ်ဗျ...။ဇာတ်အိမ်လေးကိုပြောပြရမယ်ဆိုရင် ပထမကမ္ဘာစစ်ကြီးစဖြစ်တဲ့အချိန်အခါတုန်းပေါ့...စစ်ကြီးဖြစ်လာပြီဆိုရင် ထုံးစံအတိုင်း လူငယ်လူရွယ်လေးတွေဟာတိုင်းပြည်အတွက် သမိုင်းပေးတာဝန်ထမ်းမယ်...ဒီအခွင့်အရေးအရေးမျိုးက မျိုးဆက်တိုင်းမရနိုင်ဘူး၊ စစ်ဆိုတာလည်းခဏနဲ့ပြီးမှာပါလေဆိုပြီး ယုံကြည်ချက်ကိုယ်စီနဲ့ ရှေ့တန်းကို အလုအယက်ထွက်ကြပါတယ်...။ဘဝအတွေ့အကြုံနုနယ်သေးတဲ့ လူငယ်သဘာဝပါပဲ...။အမျိုးသားလူငယ်လေးတွေ ရှေ့တန်းကို ထွက်သွားချိန်မှာတော့ အနောက်မှာမျှော်တရစ်ရစ်နဲ့ ကျန်နေခဲ့သူတွေကတော့...အမေတွေ၊ အစ်မတွေ၊ ဇနီးမယားတွေပါပဲ...ပြန်လာနိုးနိုးနဲ့ မျှော်နေမိကာမှ ထွက်သွားတုန်းက လူတစ်ယောက်ပြန်လာတော့ စာတစ်စောင်ဖြစ်နေတဲ့ အဖြစ်မျိုးက မနည်းပါဘူး...။မျှော်ရတာ ရင်ပူလွန်းလို့ထင်ပါရဲ့... ချစ်သူရှိရာ‌ ရှေ့တန်းကို သူနာပြုအဖြစ်ပါရမီဖြည့်လိုက်ကြတဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်...။ဘာတွေပဲဖြစ်နေနေ တစ်ချိန်မှာတော့ အားလုံးပြန်ဆုံနိုင်ဦးမှာပါ....ဒီဘဝ ဒါမှမဟုတ် တမလွန်မှာပေါ့လေ...။ခံစားချက်တသောသောကို အချိန်ပေးခံစားကြည့်ရှုရမှာဖြစ်တာမို့လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ Biographgy Drama History movieလေးပါပဲ...။ File size…1.82GB / ...
movie

Testament of Youth (2014)

Indiana Jones and the Dial of Destiny (2023) 6.8
Indiana Jones and the Dial of Destiny (2023) Indiana Jones and the Dial of Destiny (2023)~ IMDb - 6.8/10, Rotten Tomatoes - 69% ~ဂန္ထဝင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒီယာနာဂျုန်း ရုပ်ရှင် အသစ်ထွက်ပါပြီ။ ဒါက ၅ ကားမြောက်ရုပ်ရှင်ပါ။ ပထမလေးကားကိုတော့ ဒါရိုက်တာ စတီဗင်စပီးဘတ်ရိုက်ကူးခဲ့ပြီး အခုရုပ်ရှင်ကိုတော့ James Mangold က ရိုက်ကူးထားတာပါ။ ဒါပေမဲ့လည်း Executive Producer အဖြစ် စပီးဘတ်နဲ့ လူးကပ်စ်တို့ ပြန်ပါဝင်ခဲ့ပါတယ်။မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ်ပဲ ပြန်ပါဝင်ထားပြီး Phoebe Waller-Bridge ကတော့ အင်ဒီရဲ့မိတ်ဆွေ ဘာဆယ်ရဲ့သမီး ဟယ်လင်နာအဖြစ် ပါဝင်ထားပါတယ်။ ဗီလိန်နေရာမှာတော့ ဗီလိန် ဆရာကြီး Mads Mikkelsen ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်အစမှာ ဟယ်ရစ်ဆန်ဖို့ ငယ်ငယ်တုန်းကပုံကို အထူးပြုလုပ်ချက်နဲ့ လုပ်ထားပါတယ်။ AI နည်းပညာကိုသုံးပြီး ...
movie

Indiana Jones and the Dial of Destiny (2023)

2023
4K HEVC
Outside the Wire (2021) 5.3
Outside the Wire (2021) Outside the Wire (2021)==================IMDb Rating - 5.3/10 ဒီနေ့အတွက် Netflix ကထွက်ရှိလာတဲ့ အလန်းစား Action, Fantasy ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ အရင်ဆုံးပြောချင်တာကတော့ Anthony Mackie ပါဝင်ထားပြီး . Damson Idrisနဲ့အတူ ဒိတ်ဒိတ်ကြဲအပြိုင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ . ဒီကားအတွက်လည်း ဘတ်ဂျက်ကို အတော်အကုန်ကျခံရိုက်ကူးထားတယ်လည်းသိရပါတယ်။2021 ရဲ့ အစဟာ မူဗီချစ်ပရိသတ်တွေအတွက်တော့ အတော်လေးကျေနပ်စရာကောင်းလောက်မယ့်ကားကောင်းလေးတစ်ချို့ထွက်ရှိလာတာကိုလည်းတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ဟာ့ပ်ဆိုတဲ့ drone pilot တပ်သားတစ်ယောက်ဟာ drone ပစ်ခေတ်မောင်းနှင်ရာမှာအတော်လေးကျွမ်းကျင်ပြီးပစ်မှတ်ကိုတိတိကျကျပစ်ခတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် Mission တစ်ခုမှာ သူ့ရဲ့ စိတ်လောပြီးတဇွတ်ထိုးနိုင်တဲ့စိတ်ကြောင့် အမှားတစ်ခုကျူးလွန်မိပြီး . မိမိတပ်ဘက်ကစစ်သားတစ်ချို့ရဲ့ အသက်ပါ ပေးဆပ်လိုက်ရတာကြောင့် ဒဏ်ပေးခံရတဲ့အနေနဲ့ စစ်ဇုံတစ်ခုကိုအပို့ခံရပါတော့တယ်။ အဲ့ဒီ စစ်စခန်းရောက်မှ လီယိုနဲ့တွေ့ပြီးခက်ခဲကြမ်းတမ်းတဲ့ Mission ကို ရပ်တန့်ရင်ဆိုင်ရမှာကို ပစ်ကွင်းပစ်ကွက် အတိုက်အခိုက်တွေနဲ့ ရိုက်ပြသွားတာကိုကြည့်ရှုရမှာပါ။Anthony ဖန်တွေကတော့ အကြိုက်ဖြစ်ဦးမှာမလွဲပါဘူး။(ဒီဇာတ်ကားရဲ့ ...
movie

Outside the Wire (2021)

2021
London Fields(2018) 4.5
London Fields(2018) London Fields(2018)IMDb 4.5IMDb..တွေ ဘာညာ Rating တွေအသာထားလိုက်...မမရဲ့ ပုံရိပ်တွေကိုတစ်ခမ်းတနားအလေးပေးပြီး စုပေါင်းရိုက်ကူးပြထားတာနဲ့တင် ဖြူစင်စွာ"မ"အပေါ်ချစ်မြတ်နိုးတဲ့ကျွန်တော်တို့အဖို့ တရှိုက်မက်မက်ငေးကြည့်ခွင့်ရတဲ့အတွက်ကျွန်တော်တို့ဘယ်လောက်ကံကောင်းလိုက်လဲ....မမဖြတ်လျှောက်လေးပါခဲ့ရင်တောင် ကျွန်တော်တို့ အားပေးနေဦးမှာပါ....အခုလိုမျိုး တစ်ကားလုံးမှာ အရောင်အသွေးစုံ " မ " ကိုမြင်ရတဲ့အခွင့်အရေးက ကျွန်တော်တို့အတွက် တုနှိုင်းမဲ့ပါ မရေ...ကိုင်း မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအကြောင်းလေးကိုနည်းနည်းသွားရအောင်......ဒီဇာတ်ကားထဲမှာ မင်းသမီး Amber Heard က ညှို့အားပြင်းထန်လွန်းတဲ့ Nicola Six အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီးJohnny Depp လည်း အခန်းအနည်းငယ်ပါဝင်ထားပါတယ်…ဒီဇာတ်ကားမှာ အရမ်းစိတ်ကူးယဉ်ဆန်ပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ အရောင်အသွေးစုံလင်တဲ့ ရိုက်ချက်တွေ တွေ့မြင်ရမှာပါ ဇာတ်လမ်းအစလေးကတော့… ဆမ်ဆင် ယန်း ဆိုတဲ့ သိပ်မစွံတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ရလိုရငြားလန်ဒန်ကို ထွက်လာခဲ့ပြီး အသိမိတ်ဆွေစာရေးဆရာတစ်ယောက်ရဲ့ နေအိမ်အလွတ်မှာ နေထိုင်နေခဲ့ပါတယ်…တစ်နေ့ အရက်ဆိုင်တစ်ခုမှာ အသုဘတစ်ခုက ပြန်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်…အမျိုးသမီးလေးဟာ စွဲမက်ဖွယ် လှပလွန်းပြီးဖြစ်ချင်တော့ မိန်းကလေးက သူ့တိုက်ခန်းရဲ့အပေါ်တိုက်ခန်းမှာ နေထိုင်တဲ့သူဖြစ်နေတယ်…ဒီထက်ထူးဆန်းတာတစ်ခုက မိန်းကလေးဟာအနာဂတ်ကိုကြိုမြင်နိုင်ပြီး သူသေမယ့်နေ့ရက်ကိုပါ ...
movie

London Fields(2018)

2018
Beauty and the Beast (2017) 7.2
Beauty and the Beast (2017) ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်းအင်မတန်ကြောက်စရာကောင်းတဲ့အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင်ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကိုစင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူBelle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကိုရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီးEmma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evansနဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ?(အညွန်းကိုတော့ ဓာတ်ရှင်မှကူးယူဖော်ပြပါတယ်..)Quality…..720p Duration…..02:09:00 Format…Mp4 File Size…(2GB) Encoder…..Moe Myint Lwin Translator…..Wendy
movie

Beauty and the Beast (2017)

2017
Criminal (2016) 6.3
Criminal (2016) Criminal (2016)_____IMDb - 6.3/10  မင်းသားကြီး Kevin Costner ရဲ့ ဇာတ်ကြမ်းကားပါ။ IMDb (6.3/10) ရရှိထားပါတယ်။ ဓါတ်ပူးမင်းသား Ryan Reynolds ဟာ CIA အေးဂျင့်တစ်ယောက်ပါ... ကမ္ဘာနဲ့ချီ ဒုက္ခရောက်မယ့် ကိစ္စတစ်ခုမှာ ဝင်ရောက်ကယ်တင်ရင်း မအောင်မြင်ဘဲ ဂန့်သွားပါတယ်.... အဲ့ဒီမပြီးပြတ်သေးတဲ့ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ သူ့ရဲ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို လူကြမ်းကြီး Kevin Costner ထဲကို ကော်ပီကူး ရွှေ့ပြောင်းပါတယ်....။ အဲ့ဒီထူးဆန်းတဲ့ကိစ္စကြီးအောင်မြင်သွားမလား... ကမ္ဘာနဲ့ချီဒုက္ခရောက်မယ့်ကိစ္စကြီးရော အောင်မြင်သွားမလား.... လူကြမ်းကြီးရဲ့နှလုံးသားရော နူးညံ့သွားမလားဆိုတာ ရင်တမမကြည့်ရှုရမှာပါ။ Spoil လုပ်ရရင် လူကြမ်းကြီးရဲ့ နှလုံးသားကတော့ မင်းသမီး Gal Gadot (Wonder Woman ) ကြောင့် သေချာပေါက် အရည်ပျော်သွားဖို့ရှိနေပါတယ်...:P ။  File size…(814 MB) Quality…Blu-Ray 720p Format…mp4 Duration….01:53:00 Subtitle….Myanmar Subtitle (Hardsub) Fixed By  Naing Aung Latt Encoded By  Nyeinsaeya Aung
movie

Criminal (2016)

2016