Channel Myanmar

Henry Gibson

Wedding Crashers (2005) 7
Wedding Crashers (2005) IMDb Rating -7/10Rotten Tomatoes - 75%Wedding crashers ဆိုတဲ့သူတွေကမင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲအပျော်တမ်းလိုက်တက်တဲ့သူတွေနောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ ဂျရဲမီတို့ဟာမင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့အသိလိုလို သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီးမင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေ အလကားသောက် ၊ ပွဲမှာမျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်ကခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ်ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ပွဲရောက်ခါမှ ဂျွန် တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီးချစ်မိသွားလေသောအခါ...ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ ... ...
movie

Wedding Crashers (2005)

2005
The ‘Burbs (1989) 6.8
The ‘Burbs (1989) ဒါကတော့အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ရဲ့လူသိပ်မသိကြတဲ့ဟာသကားလေးပါ။ ရေးပီတာဆင်ဟာ ဆင်ခြေဖုံးရပ်ကွက်လေးမှာနေသူဖြစ်ပြီး အလုပ်ကနေတပတ်အားလပ်ရက်ရထားပါတယ်။အဲဒီအချိန်မှာ သူ့ရဲ့ဘေးအိမ်က အိမ်နီးနားချင်းအသစ်တွေဆီက ညဘက်ကျရင်ထူးဆန်းတဲ့အသံတွေထွက်လာတတ်ပါတယ်။ အဲဒီအိမ်ကိုလူအသစ် ပြောင်းလာတာတစ်လရှိပေမယ့် သူတို့ကိုဘယ်သူမှသေချာမမြင်ဖူးပါဘူး။ သူတို့အပြုအမူတွေကလည်း ထူးဆန်းတာကြောင့် ရေးနဲ့နောက်မိတ်ဆွေနှစ်ယောက်တို့က တဖြည်းဖြည်း မသင်္ကာဖြစ်လာပါတယ်။နောက်ဆုံးတော့ ရေးတို့တသိုက် အဲဒီအိမ်ကိုအတင်းစုံစမ်းဖို့ကြိုးစားရင်းရယ်စရာတလွဲတွေဖြစ်လာပုံကို ပြသထားပါတယ်။ Star Warsမင်းသမီး Carrie Fisher နဲ့Bruce Dern,Henry Gibson တို့လည်းပါ၀င်ထားပြီး ဒါရိုက်တာကတော့ JoeDanteဖြစ်ပါတယ်။ Tom Hanksနဲ့အတူရယ်မောရင်းအပန်းဖြေလိုက်ကြပါဦး File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The ‘Burbs (1989)

Big Stan (2007) 6.2
Big Stan (2007) Big Stan (2007)_____IMDb - 6.2/10  အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမှီအချိန်အတွင်းကြံမိကြံရာကြံရင်းစတန်တယောက်သူ. ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။ အဲဒီဆရာကျေးဇူးနဲ့ပဲထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကိုကူညီတိုက်ခိုက်ပေးရင်းဆရာကြီး တပါးဖြစ်လာပါတယ်။ ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်းထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန် အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။ အဲတော့စတန်တယောက်ဘယ်လိုေ့ရှဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေ့ါပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့ BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။ ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။ ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။   ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)  File Size : 860 MB Quality : Bluray 720P Running Time : 1hr 45minutes Format : Mp4 Genre : Action, Comedy Translator : Fridays Encoder :Thanhtike Zaw
movie

Big Stan (2007)

2007