Channel Myanmar

Henry Zebrowski

Scrambled (2024)
Scrambled (2024)  ဒီဇာတ်ကားမှာဆိုရင် အမျိုးသမီးတစ်‌ယောက်ရဲ့ ဖြစ်တည်မှု၊ အမျိုးသမီးတစ်ယောက်ရဲ့ mid-life crisis တွေကို ရိုက်ပြထားတာတွေရပါမယ်။ ထူးခြားတာကတော့ ဇာတ်ညွှန်းရော၊ ဒါရိုက်တာရော၊ သရုပ်ဆောင်ရော Leah McKendrick ကိုယ်တိုင်ပါပဲ။နယ်လီ ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ချစ်သူ ရှောန်နဲ့ပြတ်သွားပြီးတဲ့နောက်မှာ single တစ်ယောက်အနေနဲ့ သူ့ဘဝကြီးကို အပျော်ပွဲတွေတက်၊ ယောက်ျားတွေနဲ့ ဒိတ်လုပ်ရင်းအချိန်‌တွေကုန်ခဲ့ပါတယ်။ တစ်နေ့ကျတော့ သူ့သူငယ်ချင်း‌တွေအားလုံး သူ့အိမ်ထောင်၊ သူ့ဘဝနဲ့သူ ‌တည်တည်ငြိမ်ငြိမ်ဖြတ်သန်းတော့မယ့်အချိန်မှာ... သူ့မိသားစုကပေးလာတဲ့ဖိအားတွေနဲ့ အသက်လတ်အမျိုးသမီးတစ်ယောက်ရဲ့ဖြစ်တည်မှုဆိုင်ရာပြဿနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းက comedy, drama အမျိူအစားဖြစ်ပြီး အမျိုးသမီးတစ်ယောက်မှာကြုံတွေ့ရတဲ့၊ အမျိုးသားတွေနဲ့မတူတဲ့ အချိန်ယန္တရားရဲ့ခြိမ်းခြောက်မှုတစ်ခုကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(767 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca
movie

Scrambled (2024)

The Wolf of Wall Street (2013) 8.2
The Wolf of Wall Street (2013) The Wolf of Wall Street (2013)IMDb Rating (8.2) / Rotten Tomatoes (80%)The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ...အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ...အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ...ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ...မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie ...သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့...သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..Jordan Belfort တောင် ...
movie

The Wolf of Wall Street (2013)

2013
4K HEVCHDR
The D Train (2015) 5.1
The D Train (2015) The D-Train (2015) ===================ဒန်နီရယ်ဟာ အထက်တန်းကျောင်းအောင်ပြီးကတည်းက ဘဝကိုရိုးရိုးရှင်းရှင်းပဲဖြတ်သန်းလာတဲ့ ကလေးတစ်ယောက်အဖေပါ။ အကြံပေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ ဘာမှအပူအပင်လည်းမရှိပါဘူး။ကျောင်းသားဟောင်းကော်မတီရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ သူအောင်ခဲ့တဲ့ ဂရန့်ဘာကလော့ချ်အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ကျင်းပဖို့ ကြိုးစားနေပေမယ့် ကျောင်းသားဟောင်းတွေက ပွဲတက်ဖို့ကို စိတ်မဝင်စားကြပါဘူး။ အဲဒီအချိန်မှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ အထက်တန်းကျောင်းတုန်းက နာမည်ကြီးခဲ့တဲ့ အိုလီဗာလောလက်စ်ဆိုတဲ့သူကို ပွဲတက်ဖို့ဖိတ်ကြားမယ့်အကြံပါပဲ။ ဒန်နီရယ်တစ်ယာက်မသိခဲ့တာကတော့ အဲဒီကိစ္စကနေစပြီး သူ့ဘဝရဲ့အချိုးအကွေ့ကို ကြုံရတော့မယ်ဆိုတာပါပဲ။ အဲဒီအချိုးအကွေ့ကတော့..... School of Rock နဲ့နာမည်ကြီးလာခဲ့တဲ့ မင်းသား Jack Black ရဲ့ ၂၀၁၅ခုနှစ်ထွက် ဒရမ်မာကားကောင်းလေးဖြစ်ပြီးတော့ မင်းသား James Marsdenကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ အားလုံးပဲ ကြည့်ရှုလိုက်ကြပါဦးနော် File size….....1.06GB / 407MB Quality…......1080p BluRay AAC5.1CH / 720p Format…......mp4 Duration......1h 41m Subtitle….....Myanmar Subtitle (Hard Sub) Encoder…....YK Translated...Myo Myo Htet
movie

The D Train (2015)

2015
Dirty Grandpa (2016) 5.9
Dirty Grandpa (2016) Dirty Grandpa (2016)_______IMDb - 5.9/10  IMDb Rating (5.9/10) ထိရရှိထားတဲ့ Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ မြေးတွေထက် ခေတ်ရှေ့ပြေး လန်းနေတဲ့ အဘိုးက ဘဝကိုရိုးရိုးစင်းစင်းဖြတ်သန်းနေတဲ့မြေးတော်မောင်ကို ဘဝဆိုတာ ရိုးစင်းခြင်းထက်ပိုမိုကြောင်း လက်တွေ့ပြတဲ့ ဟာသဆန်ဆန်ဇာတ်ကားပါ။ ဘဝမှာ အမှားတွေရှိမယ်...အမှန်တွေရှိမယ်...ဒါတွေကိုလိုက်ဖက်ညီစွာခံစားဖို့ လွတ်လပ်တဲ့ နှလုံးသားတစ်စုံလိုအပ်ကြောင်း ချပြထားပါတယ်။ အလန်းဇယားဘိုးတော်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Robert De Niro ကို The Intern ဇာတ်ကားမှာလဲ အတော်သဘောကျမိသလို ဒီဇာတ်ကားမှာလဲ နှစ်ခြိုက်မိပါတယ်။ Comedy ဇာတ်ကားကြိုက်သူများလက်မလွတ်သင့်တဲ့ဇာတ်ကားပါ။   File size...(854MB)  Quality...WEB-Rip 720p  Format...mp4 Duration....01:41:51 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန် 
movie

Dirty Grandpa (2016)