Channel Myanmar

Heo Jin

The Wailing(2016) 7.4
The Wailing(2016) The Wailing(2016)*****************Exhuma 2024  သရဲကားထွက်ရှိပြီးနောက်မှာ The Wailing က ပိုကောင်းတယ် ...တစ်မျိုးစီကောင်းကြတယ် စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးလာကြတဲ့အခါမှာတစ်ချို့ကလည်း The Wailing ကိုပြန်ကြည့်ချင်ကြသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်းအဆင်ပြေစေရန်အလို့ငှါ BluRay အကောင်းစားဖြင့် ပြန်ကုတ်ပေးထားပြီး အခြားလိုအပ်ချက်များလည်းပြည့်စုံစေရန်ဖြည့်ဆည်းပေးထားပါတယ်...Horror ကားကြိုက်သူများခံစားကြပါကုန်....တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့်သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်းအင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက်ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။  မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီးသူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့မိသားစုဝင် လူသတ်သမားတစ်ယောက်။ ...
movie

The Wailing(2016)

Return to Seoul (2022) 7.1
Return to Seoul (2022) Return to Seoul ( 2022 )ယဉ်ကျေးမှု ဆိုတာကို " သဘာဝပတ်ဝန်းကျင်မှ လူတိုင်းကိုယ်တိုင်ဖန်တီးယူသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ယဉ်ကျေးမှု ဆိုသည်မှာ လူတစ်မျိုး၏ ဘဝတည်ဆောက် ပျိုးထောင်ပုံ နည်းနာများသာ ဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ လူတို့ ဆက်ဆံ နေထိုင်စားသောက် လှုပ်ရှားသည့် ပုံစံသည် လူတို့၏ ယဉ်ကျေးမှု စနစ်ဖြစ်သည်"လို့ ဖွင့်ဆိုထားတယ်။ သူ့ဖွင့်ဆိုချက်အတိုင်းပဲ ယဉ်ကျေးမှုဟာ ရွေ့လျောသွားတဲ့နေရာ ရွေ့လျားသွားတဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီး မတူညီကြဘူး။ နိုင်ငံကွဲ ဒေသကွဲ အရပ်ကွဲတာတွေထားဦး။ အိမ်တစ်အိမ်ထဲတောင် အဖေနဲ့သားရဲ့ ယဉ်ကျေးမှုခြင်းက မတူနိုင်ဘူး။ ဘယ်တုန်းကမှလည်း လူကြီးတွေရဲ့ ယဉ်ကျေးမှုဟာ လူငယ်တွေရဲ့ ယဉ်ကျေးမှုနဲ့ ထပ်မတူမကျဖူးဘူး။ ဟိုးတုန်းက ဆံပင်အရှည်ထားလို့ လမ်းသရဲလို့သမုတ်ခံရတဲ့ ကျွန်တော်တို့ရှေ့မျိုးဆက်တွေနဲ့ သူတို့ရှေ့မျိုးဆက်တွေရဲ့ ယဉ်ကျေးမှုလည်းမတူသလို ကျွန်တော်တို့နဲ့ ဆံပင်ရှည်ထားတဲ့မျိုးဆက်က ယဉ်ကျေးမှုလည်းမတူဘူး။ တကယ်လို့သာ နိုင်ငံကွဲသားသမီးတစ်ယောက်နဲ့ အဖေတစ်ယောက်ရဲ့ ယဉ်ကျေးမှုဆို ဘယ်လောက်ထိ ကွာခြားသွားနိုင်လဲ။ ဒီရုပ်ရှင်က ဒီအကြောင်းပါပဲ။ဇာတ်ကားစစအဖွင့်မှာ ကိုရီးယားမျက်နှာနဲ့ ကောင်မလေးတစ်ယောက် တည်းခိုခန်းမှာ ...
movie

Return to Seoul (2022)

2022
Devil in the Lake (2022) 4.8
Devil in the Lake (2022) Devil in the Lake (2023)ရေကန်ရှိရင် ရေသရဲရှိတတ်ကြတာပဲဆိုပြီးတော့ ပြောကြတာပဲမလား... အင်းပိုင်ကြီးတို့ ကန်ပိုင်ကြီးတို့ ဆိုတာမျိုးတွေဆို မြန်မာမှာ ရှိတာပဲ။ အခုလည်း ဒီလိုပါပဲ ကိုရီးယားက ကန်ပိုင်ကြီးကားပဲ ဖြစ်မလားပေါ့ ကိုရီးယားက Horror ဆို တစိမ့်စိမ့်တွေး တရေးရေးပေါ်နေအောင် ရိုက်ပြတတ်လွန်းလို့ ဒီကားကို ညဘက်မကြည့်ဖို့တော့ တိုက်တွန်းပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ ..... ဘိုယောင်းက အကြွေးတွေပိနေလို့ အလုပ်ရှာရင်း အဘွားတစ်ယောက်ကို ပြုစုပေးဖို့ ရွာတစ်ရွာကို ရောက်လာခဲ့တယ် ဒါပေမဲ့ ကလေး ခေါ်မလာရဘူး ဆိုတဲ့ ကန့်သတ်ချက်ကြောင့် သမီးလေးကို ခိုးခေါ်ခဲ့တယ်ရွာကပဲ ကျိန်စာသင့်နေသလား? အပြင်လူ မခေါ်ရဘူးဆိုတာကြောင့်ပဲလား? တကယ်ပဲ ကန်က လူစားတာလားတော့မသိ ခဏခဏရေနစ်ပြီးသေကြတာပဲ...ဘိုယောင်းကလည်း အဘွားကိုပြုစုရင်းနဲ့ သူဌေးဖြစ်တဲ့အဘွားရဲ့ စိန်လက်စွပ်ကိုတိတ်တဆိတ်ရှာနေခဲ့တာ.. ဒါပေမဲ့ နောက်ဆုံးကျ လာခဲ့တာကိုပဲ နောင်တရနေခဲ့ရပါပြီဘိုယောင်းနေရာမှာ မင်းသမီး Park Ha Na သရုပ်ဆောင်ထားပြီး ဒါက movie ကိုမှ KBS ကနေ drama special series အနေနဲ့ပြန်တင်ဆက်ထားပါသေးတယ်ဘိုယောင်းနဲ့သမီးလေးတို့ ...
movie

Devil in the Lake (2022)

2022
Josée(2020) 7.8
Josée(2020) Josée(2020)အညွှန်း*******************IMDb...7.8တစ်လောတုန်းက Start Up စီးရီးနဲ့ ဟန်ဂျီးဖြောင်းလောက်မကောင်းဘူး ဘာညာ ဝေဖန်ခံခဲ့ရတဲ့နမ်ဒိုဆမ်းရဲ့ ကားသစ်လေးလာပါပြီ....သို့ပေမဲ့ မင်းသားNam Joo-Hyuk ကတော့ အမာခံဖန်တွေလျှော့သွားတာရယ်တော့မဟုတ်...Nam Joo Hyuk နဲ့ Han Ji Min တို့ကို ဒုတိယအကြိမ်တူတူတွဲတွေ့ရတာဖြစ်ပြီးဒီကားလေးက 2003 လောက်ကထွက်ထားတဲ့ Japan movie "Josee, The Tiger and The Fish"ကို remake ပြန်ရိုက်ထားတယ်လို့ဆိုပါတယ်....Nam Joo Hyuk ကတော့ ကြင်နာတတ်တဲ့ တက္ကသိုလ်ကျောင်းသားလေးအဖြစ်သရုပ်ဆောင်ထားပြီးHan Ji Min  ကတော့ မသန်မစွမ်းကောင်မလေးအဖြစ်သရုပ်ဆောင်ထားပါတယ်...သူတို့ ဘယ်လို့တွေဆုံကြမလဲ...အချစ်ဆိုတာကရော ဘယ်လိုမျိုးလဲ...တခြားသူတွေအမြင်တစ်ခုက အရေးပါနေလား...ဆောင်းရာသီလေးမှာ စောင်ခြုံပြီး ကော်ဖီတစ်ခွက်ရဲ့ ရနံနဲ့ ရစ်မူးလို့ကောငး်မဲ့အချစ်ဇာတ်လမ်းလေးမို့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Phyu Zawပဲဖြစ်ပါတယ်... File Size :(1.2GB) and (550 MB) Quality : HDRip 720p Format…mp4 Duration…01:57:00 Genre ...
movie

Josée(2020)

Dark Figure of Crime (2018) 8.2
Dark Figure of Crime (2018) IMDb – 6.9/10ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ မိုးညအိပ်မက်မြူဝတ္ထုထဲက ဘဝပေါင်းများစွာနဲ့ ကျင်လည်ခဲ့ရတဲ့ မောင်ညိုမှိုုင်း….ငယ်ငယ်တုန်းက မိုးတွေရွာတဲ့ညတွေမှာ ချစ်ရတဲ့အရာတွေ ဆုံးရှုံးလိုက်ရတော့ မိုးရွာတဲ့ညတွေဟာ သူ့အတွက်ဆိုက်ကိုတစ်ခုလို….မိုးတွေရွာရင်ဘာတွေများဆုံးရှုံးလေမလဲလို့…မိုးညနဲ့ ဆုံးရှုံးရမှုကို မကွဲပြားလေတော့ရှာဘူး….လူတိုင်းလောကဓံတရားနှင့်ရင်ဆိုင်ရသည်။တချို့ကကြံ့ကြံ့ခံပြီးဆက်သွားနိုင်သည်၊တချို့က ကံဆိုးနှိပ်စက်ခြင်းကြောင့် စိတ်သော်လည်းကောင်း ကိုယ်သော်လည်းကောင်း ပျက်စီးကြရသည်။ထိုသို့ပျက်စီးမှုသည် ဒိီလောကတွင် တကယ်ရှိသည်။ထိုအကြောင်းကို ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က ဇာတ်လမ်းဖွဲ့သည်။စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်..။ဆရာကြီးက မောင်ညိုမှိုုင်းကို သနားစဖွယ် ဖွဲ့သည်။မောင်ညိုမှိုုင်းသည် လူကောင်းပေကိုး…။မိုးညအိပ်မက်မြူသည် စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သော်လည်း ယခုတင်ဆက်မည့် ဇာတ်လမ်းမှာ ကိုရီးယားနိုင်ငံတွင်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်တစ်ခုဖြစ်သည်..။သူသည်မောင်ညိုမှိုုင်းလို လောကဓံအထုအထောင်းခံရသည်။စိတ်၏ပျက်စီးခြင်းခံရသည်။အတွဲလိုက်လူတွေသတ်သည်။ဇာတ်လမ်းနှစ်ခုစလုံးတွင် ပရိ်တ်သတ်ယူစရာမှာကား သင်ခန်းစာနှင့် ရသသာဖြစ်တော့သတည်း။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (850 MB) and (380 MB) Quality : HDRip 720p Running Time : 1hr 50min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

Dark Figure of Crime (2018)

2018
The Mimic (2017) 6.1
The Mimic (2017) အရင်ကရော အခုအချိန်ထိရော အရမ်းအောင်မြင်နေတဲ့ Tom လေးကို CHANNEL MYANMAR ပရိသတ်ကြီးသိမှာပါကိုယ်ပြောတဲ့စကားလေးကို သူက အထစ်အငေါ့မရှိ ကိုယ့်လေယူလေသိမ်းအတိုင်းလိုက်ပြောတတ်တဲ့ကြောင်လေးလေ...အခုတင်ဆက်ပေးလိုက်တဲ့ ဇာတ်လမ်းကတော့ Tom လေးအကြောင်းမဟုတ်ပေမယ့် Tom လေးလို အစွမ်းရှိတဲ့ Evil တစ်ကောင်အကြောင်းပါ....မိခင်ဖြစ်သူရဲ့ ကျန်းမာရေးပြန်လည် နလန်ထရေးအတွက် ရှေးရှုပြီး မိခင်ရဲ့ ဇာတိမြေကို မင်ဟိုတို့ မိသားစုပြောင်းရွေ့လာရာမှ ပုံမှန်မဟုတ်တဲ့ ကိစ္စရပ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်...သားဇော သမီးဇော ဇောကပ်လာတဲ့အခါ မိစ္တာကလည်း ကြောက်စရာ မဟုတ်တော့ပါဘူး...နယ်မြို့လေးရဲ့ အတိတ်ထဲမှာ ဘယ်လောက်ထိတ်လန့်စရာ မကောင်းဆိုးဝါး ရှိနေတာလဲ?ဒါတွေကနေ ဘယ်သူတွေက လွတ်မြောက်မလဲ?တစ်မိသားစုလုံး အဆင်ပြေပါ့မလား?စာကြွင်း - ကြောက်ဖို့ကောင်းတယ်ဆိုတာထက် တစ်ချက်တစ်ချက် တော်တော်လန့်ရပါတယ်...Horror fan တွေ ကြည့်ကိုကြည့်သင့်တဲ့ Korean horror movie လေးပါ  (ဘာသာပြန်သူကတော့ ဇွန်လဲ့ဖြူပါ)  File Size : (750 MB) and ...
movie

The Mimic (2017)

2017
Remember You (2016) 6.6
Remember You (2016) Don't Forget Me / Remember You (2016) IMDb - 6.6/10 Drama/ Mystery/ Romance film  ဒီဇာတ်ကားလေးက သမားရိုးကျ ကြည့်နေကျ Korean drama နဲ့ မတူပဲ အနောက်တိုင်းဆန်တဲ့ ရိုက်ကူး တင်ဆက်ပုံတွေကို တွေ့ရမှာပါ….Seok_Won က ကားမတော်တဆမှုတစ်ခုကြောင့် အတိတ်မေ့နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ Jin_young ကတော့ စိတ်ဖိစီးမှုတွေကြောင့် Depression ရရနေတဲ့ အမျိုးသမီးတစ်ဦးပါ။ သူတို့နှစ်ဦး ဆေးရုံမှာ တွေ့ဆုံရာက ရင်းနှီးသွားခဲ့ပြီး ဇာတ်လမ်းကို အစပျိုးထားပါတယ်။ ကားမတော်တဆမှုကြောင့် အတိတ်ကို ပြန်စဉ်းစားတိုင်း ခေါင်းကိုက်လေ့ရှိပြီး ကားမောင်းရမှာကို ကြောက်နေတဲ့ Seok_Won က Jin_Young ကြောင့် ပြောင်းလဲလာခဲ့သလို… Jin_Young ကလည်း သူမရဲ့ အထီးကျန်နေတဲ့နေ့ရက်တွေဟာ Seok_Won ကြောင့် ပဲ အဓိပ္ပယ်ပိုရှိလာစေပါတယ်။ဇာတ်ကားက Mystery /Drama လို့ ပြောတဲ့အတိုင်းပါပဲ… Romance ဖြစ်သလို ကြည့်နေစဉ်မှာလည်း ...
movie

Remember You (2016)

2016