Channel Myanmar

Herbert Lom

The Dead Zone (1983)
The Dead Zone (1983) The Dead Zone 1983 Imdb 7.2/10 rotten tomatoes 88% 1979 ခုနှစ်က ထွက်ရှိခဲ့တဲ့ Stephen King ရဲ့  လက်ရာတစ်ခုဖြစ်တဲ့ The Dead Zoneကိုအခြေပြုပြီးရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအသွားက‌တော့ ဂျွန်နီစမစ်ဆိုတဲ့ ကျောင်းဆရာတစ်ယောက်ဟာ ယာဥ်မတော်တဆမှုကြောင့် ၅နှစ်ကြာ ကိုမာဝင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုမာကနေ ပြန်လည်သတိရလာတဲ့အခါမှာ သူ့မှ ာ လူတွေကို ထိလိုက်တာနဲ့ အဲ့လူရဲ့အနာဂတ်ကိုမြင်နိုင်တယ်ဆိုတာကိုသိခဲ့ရတယ် သူဟာသူ့ကိုယ်သူစစချင်းမယုံကြည်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ‌‌တော့လူတွေကိုကူညီဖို့ပြုလုပ်လာခဲ့တယ် သူဟာ ဂရက်ဂ်စတေးလ်ဆန်လို့ခေါ်တဲ့ မဲရွေးဝင်ခံနေတဲ့ အမတ်တစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာပဲ ဂျွန်နီတစ်ယောက်ဘယ်လိုဆုံးဖြတ်ချက်တွေချခဲ့လဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ‌တော့ Johnny Smithအဖြစ် အော်စကာဆုရှင် Christopher Walkenက သရုပ်ဆောင်ထားပြီးတော့  Johnny Smithရဲ့ ရည်းစားအဖြစ်အဖြစ်Brooke Adamsမှပါဝင်သရုပ်ဆောင်ထားသလို အမတ် Greg Stillsonအဖြစ် Martin Sheenမှပါဝင်သရုပ်ဆောင်ထားပါတယ်တယ်File size…(2 GB)/(1.3 GB)/(600 Mb) Quality….Webrip ...
movie

The Dead Zone (1983)

And Now the Screaming Starts! (1972) 5.9
And Now the Screaming Starts! (1972) And Now the Screaming Starts! (1973)ငွေရှင်ကြေးရတတ် အမျိုးမြတ်တဲ့အပြင် သူ့အပေါ်မှာလည်းစုံမက်တဲ့ ချားလ်စ်ဖန်ဂရစ်ဖန်နဲ့ လက်ထပ်ဖို့အတွက် ဖန်ဂရစ်ဖန်စံအိမ်ကို လိုက်လာခဲ့တဲ့ ကတ်သရင်းရဲ့ရင်ထဲမှာ ကြည်နူးပျော်ရွှင်စိတ်နဲ့ သူ့အနာဂတ်အပေါ် စိတ်လှုပ်ရှားမှုတွေသာ အပြည့်ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ စံအိမ်ကိုရောက်လာတဲ့ ပထမဆုံးညမှာပဲ ချားလ်စ်ရဲ့ ဘိုးဘေးအစဉ်အဆက် ပုံတူကားချပ်တွေကို လိုက်ကြည့်ရင်းက ချားလ်စ်ရဲ့အဘိုး ဟင်နရီရဲ့ပုံကိုကြည့်ရင်း တုန်လှုပ်စရာပုံရိပ်တစ်ခုကို မထင်မှတ်ဘဲမြင်လိုက်ရချိန်မှာတော့ သူတစ်သက်လုံးနေသွားရမယ့် ဒီစံအိမ်ဟာ သူစနောက်နေခဲ့တဲ့အတိုင်း သရဲခြောက်တဲ့အိမ်အိုကြီးတစ်လုံး တကယ်ပဲဖြစ်နေမလားလို့ ဒွိဟတွေဝင်လာခဲ့တယ်။ဒါပေမဲ့ သူနဲ့ချားလ်စ်တို့ရဲ့ မင်္ဂလာဦးညမှာ တစ္ဆေခြောက်လှန့်မှုထက် အပုံကြီးဆိုးဝါးတဲ့အဖြစ်နဲ့ ကတ်သရင်း ကြုံလိုက်ရတဲ့နောက်မှာ ဒီအိမ်ကြီးနဲ့ ချားလ်စ်တို့မိသားစုအပေါ် သူ့ရဲ့မသင်္ကာစိတ်တွေက အချိန်တိုအတွင်း တိုးပွားလာခဲ့ရတယ်။ ဒါပေမဲ့ ချားလ်စ်အပြင် သူတို့နဲ့အနေနီးစပ်သူတွေပါ ထုတ်မပြောရဲအောင် စိုးရွံ့နေကြတဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ခုအကြောင်းကို သူသိလိုက်ရချိန်မှာ သူ့ကိုကူညီစောင့်ရှောက်ဖို့ ကြိုးစားသူတွေအားလုံး အန္တရာယ်တွေ ဆက်တိုက်တွေ့လာရပြီး သူကိုယ်တိုင်လည်း ဆိုးဝါးတဲ့ကျိန်စာတစ်ခုရဲ့သားကောင် ဖြစ်လာချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Costanza ...
movie

And Now the Screaming Starts! (1972)

1973
Allan Quatermain : King Solomon’s Mines (1985)
Allan Quatermain : King Solomon’s Mines (1985) Sir H. Rider Haggard ရဲ့ King Solomon's Mines ဝတ္တုကို လူအတော်များများသိကြမှာပါ။ စာရေးဆရာကြီးရွှေဥဒေါင်းကလည်း ဆော်လမွန်သိုက်ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးပြီး စာရေးဆရာအတော်များများလည်း ဒီဝတ္တုကို မြန်မာဘာသာနဲ့ပြန်ဆိုထုတ်ဝေခဲ့ဖူးပါတယ်။အခု ဒီဇာတ်ကားဟာလည်း King Solomon's Mines ကို မှီငြမ်းရိုက်ကူးထားတဲ့ကားပါ။ စာအုပ်ထဲကအတိုင်း တစ်ထပ်တည်းကျအောင်ရိုက်ကူးထားတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းပြန်ပြင်ထားတာဖြစ်လို့ စာအုပ်ဖတ်ဖူးတဲ့သူတွေအဖို့ နည်းနည်းစိတ်ကသိကအောင့်တော့ဖြစ်မိကြမှာပါ။ ဒါပေမဲ့ ဇာတ်လမ်းလေးက ခပ်မြူးမြူးလေးမို့ ကြည့်ရတာအတော်လေးအဆင်ပြေပါတယ်။မင်းသားကြီး ရစ်ချက်ချိန်ဘာလိန်းရဲ့  အလန်ကွာတာမိန်းဇာတ်ရုပ်က သူနဲ့လိုက်ဖက်သလို မင်းသမီးချော ရှရွန်စတုန်းကလဲ ဇာတ်ကိုကြွလာအောင် ထပ်မံဖြည့်တင်းထားနိုင်တာမို့ ဘယ်အချိန်ကြည့်ကြည့် အကြည့်ခံတဲ့ဇာတ်ကားလေးပါပဲ။အင်ဒီယာနာဂျုံးကြိုက်သူတွေ အလန်ကွာတာမိန်းကိုလည်း သဘောကျနှစ်ခြိုက်ကြမှာပါ။ ထိုခေတ်ထိုအခါက CGI တွေခေတ်မစားလေတော့ ရိုက်ကွင်းဆက်တင်တွေကို အဓိကအားကိုးပြီး အာဖရိကအထိသွားပြီး လူရိုင်းတွေနဲ့ အပင်ပန်းခံသွားရိုက်ထားတာပါ။ဇာတ်လမ်းဇာတ်ညွှန်းကို သိနေရင်တောင်မှ အက်ရှင်စွန့်စားခန်းအပြည့်နဲ့ Adventure Vibe အပြည့်ရစေတာမို့မိတ်ဆွေတို့ကို မပျင်းစေဘဲ အဆုံးထိဆွဲခေါ်သွားမယ့်ဇာတ်ကားပါ။မိတ်ဆွေတို့နှစ်ခြိုက်တယ်ဆိုရင် ကျန်ရှိတဲ့ အလန်ကွာတာမိန်းဇာတ်ကားတွေကိုလဲ ထပ်မံတင်ဆက်သွားပါ့မယ်။ပုံ - Alias Quatermain File size…(2 GB) / (1 GB) Quality….BluRay HEVC ...
movie

Allan Quatermain : King Solomon’s Mines (1985)

HEVC 1080p