Channel Myanmar

Hillary Baack

The East(2013) 6.8
The East(2013)  Imdb - 6.8 Rotten Tomatoes - 76%သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးလှုပ်ရှားသူများ ဟာ ကမ္ဘာကြီးကိုခေတ်အဆက်ဆက်ဒုက္ခပေးသောအရှင်းရှင်ကော်ပိုရိတ်လုပ်ငန်းကြီးများကိုတန်ပြန်တိုက်ခိုက်မှုများလုပ်ကြတဲ့အကြောင်းပါ။နယ်ပယ်အစုံက မင်းမဲ့ဝါဒီလူငယ်တစ်စုစုစည်းပြီး အရှေ့ရပ်ဝန်းဟုခေါ်ဆိုတဲ့(The East) မြေအောက်အဖွဲ့ကိုဖွဲ့စည်းထားပါတယ်။The Legend of Tarzan, The Northman,သိပ်မကြာသေးခင်ကထွက်ရှိထားတဲ့ Infinity Pool ရုပ်ရှင်များနဲ့အောင်မြင်မှုရရှိထားတဲ့ မင်းသား Alexander Skarsgård ကအရှေ့ရပ်ဝန်းအဖွဲ့ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ Inception, Juno, The UmbrellaAcademy တို့မှာ ပါဝင်တဲ့ Elliot Page ဟာလည်း အရှေ့ရပ်ဝန်းအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ် အဆိုပါရုပ်ရှင်တွင်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အစိုးရနဲ့လုပ်ငန်းကြီးတွေက ပြည်သူတွေကိုမညှာမတာသောက်ဂရုမစိုက်စွာပဲ သူတို့ရဲ့အကျိုးမြတ်ရှေ့ထားတဲ့အပြုမူများကို မကျေနပ်တဲ့လူတစ်စုဟာ တန်ပြန်တိုက်ခိုက်တဲ့အကြောင်းပါ။ပုဂ္ဂလိကထောက်လှမ်းရေးကုမ္ပဏီတစ်ခုမှာအေ့ဂျင့်အဖြစ်လုပ်ကိုင်နေတဲ့ဂျိန်းဆိုတဲ့အမျိုးသမီးတစ်ယောက် အရှေ့ရပ်ဝန်းအဖွဲ့ကိုလိုက်လံစုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးအပ်ခံရတယ်။ လမ်းမတွေပေါ်မှာ အရပ်ဝတ်နဲ့သူလျှိုလုပ်ပြီး မြေအောက်လောကထဲ လေလွင့်ကာ သတင်းအချက်လက်တွေကို စုဆောင်းနေခဲ့ပါတယ်။ ထို့နောက် အမှတ်မထင်ဘဲ အရှေ့ရပ်ဝန်းအဖွဲ့ထဲ ရောက်သွားခဲ့ပါတယ်။ အရှေ့ရပ်ဝန်းအဖွဲ့သားတွေကကော်ပိုရေးရှင်းတွေကို ဆော်ပလော်တီးတဲ့အလုပ်တွေကို Jam (တီးပွဲ /တီးတယ်)လို့သုံးနှုန်းပြောဆိုပါတယ်။ အရေးကြီးတဲ့ တီးပွဲတွေမှာ ...
movie

The East(2013)

Sound of Metal (2020) 7.8
Sound of Metal (2020) Sound of Metal(2020)********************************** IMDb Rating- 7.8/10 Rotten Tomatoes- 97%ဇာတ်လမ်းအကျဉ်းဟီရိုအင်းဆေးသမားဖြစ်ခဲ့တဲ့ Punk-Metalတီးဝိုင်းတစ်ခုရဲ့ ဒရမ်သမား ရူဘင်စတုန်းအတွက်တော့ ဒီအလုပ်က တော်တော်လေးကောင်းတဲ့အစားထိုးမှုတစ်ခုပါ။ ဒီလိုနဲ့ ဆေးလိပ်၊မူးယစ်ဆေးတွေဖြတ်လိုက်ပြီး လေးနှစ်ကြာသွားတယ်။ ဒီအလုပ်ကိုလည်း သူ့ရည်းစား(လူ)နဲ့ ပျော်ပျော်ကြီး ဆက်လုပ်ရင်းပေါ့။ဒါပေမယ့် သူ့အကြားအာရုံ ချို့ယွင်းလာတာကို တဖြည်းဖြည်းသတိထားမိလာတယ်။ ဆရာဝန်ဆီသွားပြကြည့်တော့ ရက်အနည်းငယ်အတွင်းမှာပဲ သူ့အကြားအာရုံ ၇၀%ကနေ ၈၀%အထိ ဆုံးရှုံးနေတာကို သိလိုက်ရတယ်။ ဆရာဝန်က အသံကျယ်ကျယ်ကြီးတွေကို ရှောင်ဖို့ပြောပေမယ့် Music Industry ထဲကလူဖြစ်နေတဲ့အပြင် Metal Bandတစ်ခုက ဒရမ်သမားလည်းဖြစ်နေတာကြောင့် ဘာမှ မတတ်နိုင်လိုက်ဘူး။ စိတ်ဖိစီးမှုတွေကြောင့် ရူဘင်က မသောက်တာလေးနှစ်ရှိပြီဖြစ်တဲ့ ဆေးလိပ်ကိုပါ ပြန်သောက်နေလို့ လူက စိတ်ပူလာတယ်။ ဒါကို ကုဖို့ အနည်းဆုံး ဒေါ်လာလေးသောင်းလိုတာကြောင့် မကုတော့ဘဲ လူက ရူဘင်ကို (နားမကြားတဲ့လူတွေအတွက်)ပြန်လည်ထူထောင်ရေးစခန်းဆီ ပို့တယ်။ရူဘင်တစ်ယောက် အဲ့စခန်းမှာ“နားမကြားသူဖြစ်ရခြင်း”အကြောင်းသင်ယူသွားပြီး ဘဝအသစ်စဖို့ ပြင်မှာလား မပြင်ဘူးလား ဆိုတာကိုတော့………============================“Much like heavy metal music, Sound of Metal isn't trying to give us ...
movie

Sound of Metal (2020)