Channel Myanmar

Hilmir Snær Guðnason

Woman at War (2018) 7.4
Woman at War (2018)  ဇာတ်လမ်းလေးကတော့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ဖို့အတွက်တစ်ကိုယ်တည်းတိုက်ပွဲဝင်ခဲ့ အမျိုးသမီးတစ်ဦးရဲ့စစ်ပွဲကို သရုပ်ဖော်ထားတဲ့အိုင်စလန် မူဗီလေးပါပဲ...။ဇာတ်လမ်းကျောရိုးလေးက အဓိပ္ပာယ်ရှိသလို၊ အိုင်စလန်ရှုခင်းလှလှတွေပါရိုက်ကူးပြထားပြီး ဆုတံဆိပ်တွေလည်းအများကြီးရရှိခဲ့တာဇာတ်လမ်းလေးပါ...။အဲ့ဒီဒေသမှာတော့ သူ့ကို တောင်ပေါ်အမျိုးသမီးလို့သိကြတယ်ဗျ...။ဘာလို့ဆို သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့စက်မှုလုပ်ငန်းတွေ မလည်ပတ်နိုင်အောင်တောင်ပေါ်တက်ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖြတ်တောက်ပစ်လို့ပါပဲ...။သူ့ရဲ့ခံယူချက်ကတော့ ကမ္ဘာတစ်ဝန်းစက်မှုလုပ်ငန်းများတွင်ကျယ်ပြန့်လာခြင်းဟာကမ္ဘာကြီးပူနွေးလာအောင်လုပ်တာ...လူသားမျိုးနွယ်အနေနဲ့ကိုယ့်ကိုယ်ကိုသတ်သေတဲ့အမှုဖြစ်ပြီး ဒီမိုကရေစီကလည်းမကယ်တင်နိုင်တဲ့ကိစ္စမျိုးပါတဲ့....။အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦးက သူချစ်တဲ့မိခင်သဘာဝကြီးကိုကာကွယ်ဖို့ဘာတွေပေးဆပ်တိုက်ပွဲဝင်ခဲ့သလဲဆိုတာကိုအိုင်စလန်ရှုခင်းလှလှတွေကြားမှာ မြင်တွေ့ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်...။  File size…1.38GB / 633MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Woman at War (2018)

Lamb (2021) 6.5
Lamb (2021) Lamb (2021)==========IMDb Rating - 6.5/10အသစ်ထွက်ရှိလာတဲ့ Horror/Fantasy အမျိုးအစား Lamb ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။သမားရိုးကျ Jump scare တွေ၊သွေးသံရဲရဲ ခုတ်ထစ်မှုတွေကို ရိုးအီလာပြီဖြစ်တဲ့သူတွေအနေနဲ့ဒီဇာတ်ကားက ရသတစ်ခုပေးစွမ်းစေမှာပါ။ဇာတ်လမ်းကိုတော့ Ingvar နဲ့ Maria လို့ခေါ်တဲ့ လင်မယားနှစ်ယောက်နဲ့စထားတယ်။သူတို့ နှစ်ယောက်ဟာ ရေခဲတောင်ဒေသမှာ သိုးတွေကို မွေးမြူရင်း အတူနေထိုင်ကြပါတယ်။သူတို့တွေက စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်နေတဲ့ သာမန်စုံတွဲတစ်တွဲ...နိစ္စဓူ၀လုပ်ငန်းတွေကိုလုပ်ရင်း နှစ်ယောက်တည်း အထီးကျန်ဆန်တဲ့ဘ၀ကို နေထိုင်လျက်ပဲဒီလိုနဲ့ တစ်ရက် သူတို့လယ်ထဲမှာ သိုးလေးတစ်ကောင်ပေါက်လာတော့ သားသမီးရတနာမရှိတဲ့ လင်မယားဟာပေါက်လာတဲ့သိုးလေးကို သားသမီးသဖွယ် ထိန်းသိမ်းစောင့်ရှောက်ရင်း မိသားစုဘ၀ကို ထူထောင်ရင်း ပျော်ရွှင်နေကြတာပေါ့။ ဒါပေမဲ့ အပျော်တွေကကြာရှည်မခံပါဘူး Ingvar ရဲ့အစ်ကိုဖြစ်သူ Petur ဟာ သူတို့လင်မယားဆီအလည်ရောက်လာတဲ့တစ်နေ့မှာ သူတို့ရဲ့မိသားစုဘ၀ဟာ အလှည့်အပြောင်းတွေစတင်ဖြစ်ပေါ်လာခဲ့တော့တယ်။ဒီဇာတ်ကားဟာ ကြည့်ရင်းနဲ့ ဇာတ်လမ်းရဲ့သဘောသဘာ၀ကို ပြန်စဉ်းစားရမယ့်ရုပ်ရှင်မျိုးပါ . . .မွန်းကျပ်တဲ့ဇာတ်လမ်းသဘောနဲ့အတူ သိပ်လှတဲ့ သဘာ၀ရှုခင်းတွေကို တွဲမြင်ရမှာဖြစ်ပြီး ...
movie

Lamb (2021)

2021