Channel Myanmar

Hiroyuki Watanabe

Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack (2001) 7.0
Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack (2001) Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack (2001) ====================================================== IMDb Rating - 7.0/10ဒီဇာတ်ကားဟာ အခုချိန်မှာ အကောင်းဆုံးဂေါ်ဇီလာကားတွေထဲက တစ်ကားလို့သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်နေပါပြီ။ ဒါရိုက်တာTakashi Yamazaki ကိုယ်တိုင်သူ့အကြိုက်ဆုံးဇာတ်ကား တွေထဲကတစ်ခုလို့ဆိုခဲ့ပြီး သူ့ကိုယ်ပိုင် Godzilla Minus One (2023) အတွက်စိတ်ကူးကွန့်မြူးစေခဲ့တဲ့ကားလည်းဖြစ်တယ်လို့သိရပါတယ်။ဒီကားမှာတော့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပြီး နောက်နှစ်ပေါင်း ငါးဆယ်ကျော်မှာ ဂေါ်ဇီလာကြီးကို ဟိုတစ်စ ဒီတစ်စပြန်လည်တွေ့မြင် ရပုံနဲ့အစပျိုးထားပါတယ်။ဒါပေမယ့် ဂေါ်ဇီလာလို့ထင်ရတဲ့ လှုပ်ရှားမှု တိုင်း ဖြစ်စဉ်တိုင်းဟာ ဂေါ်ဇီလာမဟုတ်ပဲနဲ့တစ်ခြားသော ဧရာမသတ္တဝါ ကြီးတွေပါ ပါဝင်နေပြီး မကြာခင်မှာ သူတို့အားလုံးပေါင်းစုံပြီး ဂေါ်ဇီလာကို ရင်ဆိုင်တိုက်ခိုက်ကြမှာဖြစ်ပါတယ်။ ခေတ်မှီလက်နက်တွေအပြည့်အစုံ ရှိပေမယ့် ဘယ်အရာကိုမှမဖြုံတဲ့ ဂေါ်ဇီလာကိုနှိမ်နင်းမယ့်ပွဲမှာ လူတွေက ဘယ်လိုအခန်းကဏ္ဍကနေပါဝင်တိုက်ခိုက်ကြမလဲဆိုတာကို ဆက်လက်ရှု စားကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.87 GB) / (980 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 45Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Alias Encoder..........SWM 
movie

Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack (2001)

2001
Popran (2022) 5..9
Popran (2022) 2022 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(1.2 GB)/(647 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Comedy, fantasy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Popran (2022)

Sadako DX (2022)
Sadako DX (2022) Sadako DX (2022)ကျိန်စာလား သိပ္ပံပညာလား? အကြောင်းအရင်းမရှိဘဲ သေဆုံးသွားရတဲ့သူတွေ တစ်ရက်ပြီးတစ်ရက် ပိုများပြားလာနေတဲ့ ဂျပန်နိုင်ငံတွင်းက မြို့တွေမှာ ကျိန်စာဗွီဒီယိုလို့ လူသိများကြတဲ့ ဗွီဒီယိုတစ်ခုက နာမည်ကြီးနေပါတယ်။“ဆာဒါကိုကျိန်စာ”လို့ခေါ်တဲ့ အဲဒီကျိန်စာဗွီဒီယိုရဲ့အစွမ်းကတော့ ကြည့်လိုက်မိတဲ့သူတိုင်းကို ၂၄ နာရီအတွင်းမှာ သေဆုံးသွားစေမှာပါ။ဒီလိုဖြစ်ရပ်ဆိုးကြီးကြောင့် တစ်နိုင်ငံလုံးကလူ‌တွေ ထိတ်လန့်‌တုန်လှုပ်နေကြရတဲ့အချိန်မှာပဲ… မတူညီတဲ့နယ်ပယ်နှစ်ခုကနေ ဒီကိစ္စကို စဉ်းစားဖြေရှင်းမယ့် ဘာသာရေးဆရာခန်းရှင်းနဲ့ ကျောင်းသူလေးအာယကတို့နှစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။အဆုံးသတ်မှာတော့...ဒီကိစ္စဟာ ကျိန်စာလို့ယုံကြည်တဲ့ ဘာသာရေးဆရာခန်းရှင်းနဲ့ ကျိန်စာလို့လက်မခံဘဲ သိပ္ပံပညာကိုသုံးပြီး အဖြေရှာမယ့် IQ 200 ရှိတဲ့ ကျောင်းသူလေးအာယကတို့ရဲ့ အားပြိုင်မှုမှာ ဘယ်သူကများ အနိုင်ရရှိသွားမလဲ? ဒီကျိန်စာဗွီဒီယိုရဲ့ တကယ့်အကြောင်းအရင်းနဲ့ သရုပ်မှန်ကရော ဘာများဖြစ်မလဲ?ဒီဖြစ်ရပ်ဟာ တကယ်ပဲ “ဆာဒါကိုရဲ့ကျိန်စာ” လား… ဒါမှမဟုတ် သိပ္ပံနည်းကျဖြေရှင်းနိုင်မယ့် ကိစ္စတစ်ခုလားဆိုတာကို အသည်းတယားယားနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ Horror ကြိုက်တဲ့သူတွေအနေနဲ့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File size… 1.33GB | ...
movie

Sadako DX (2022)

2022