Channel Myanmar

Honduras

Terrorizers (2021) 6.1
Terrorizers (2021) Terrorizers 2021ဒီကားကပြောရမယ်ဆိုရင်တော့ မိဘတွေဆီကအချစ်မခံရတဲ့ broken familyတွေက ကလေးတွေအကြောင်းပေါ့ကျောင်းမင်လန်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက အိမ်မှာမနေချင်ဘူး သူ့မိဘတွေကပိုက်ဆံချမ်းသာပေမဲ့အိမ်ထောင်ရေးအဆင်မပြေဘူး သားဖြစ်သူကိုအရမ်းချစ်အရမ်းအလိုလိုက်ပေမဲ့ သူလိုချင်တဲ့မေတ္တာတော့မပေးနိုင်ကြဘူးချန်ယွီဖုန်းကလည်းအဲ့လိုပဲ ကျောင်းမင်လန်နဲ့မောင်နှမဝမ်းကွဲ သူ့အမေကသူငယ်ငယ်ထဲကထားသွားတယ် အဖေကလည်းရာထူးနေရာအတွက်ပဲဂရုစိုက်ပြီး သူ့လက်ထောက်နဲ့နောက်အိမ်ထောင်ပြုသွားတယ် အမေလည်းမရှိ အဖေလည်း နောက်အိမ်ထောင်ပြုတဲ့အချိန်မှာ တစ်ယောက်ထဲအထီးကျန်ပြီး မေတ္တာငတ်နေခဲ့တယ်မောင်နှမနှစ်ယောက်တစ်အိမ်ထဲအတူနေကြပေမဲ့စကားမပြောကြဘူး ဒါပေမဲ့ကျောင်းမင်လန်ကြိုက်နေတဲ့သူက porn star ယွီဖုန်းရဲ့သူငယ်ချင်း... အဲ့သူငယ်ချင်းကိုလည်းယွီဖုန်းက မေတ္တာငတ်နေမှာ ဒုက္ခရောက်နေမှာစိုးပြီး ကူညီပေးဂရုစိုက်ပေးရင်း ချစ်မိသလိုဖြစ်သွားတဲ့အခါ...ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အစ်မကသူ့ချစ်သူကိုခိုးတယ်ထင်ပြီး ထင်ရာတွေလုပ်ရင်း ဘာတွေဆက်ဖြစ်သွားလဲဆိုတာ ဇာတ်ကားထဲကြည့်ရှုပေးပါနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:07:00 Type__Drama, Romance, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie

Terrorizers (2021)

Your Name Engraved Herein (2020) 7.0
Your Name Engraved Herein (2020) [Unicode]BLကားလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် ( Dec 23 ) မနေ့ကမှ ထွက်ထားတဲ့ အရမ်းရိုဆန်တဲ့ ကားလေး လာပါပြီနော် ဒီကားလေးကတော့ ၁၉၈၇ခုနှစ် ထိုင်ဝမ်မှာ စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ခါစ ခေါတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ဒီဇာတ်ကား ဇာတ်အိမ်တည်တဲ့ ၁၉၈၇ခုနှစ်မှာဆိုရင် လက်ရှိကာလလို ပွင့်ပွင့်လင်းလင်း ရှိတဲ့အချိန်အခါမဟုတ်တာကြောင့် လိင်တူကြိုက်နှစ်သက်တာကို ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့ကြပါတယ် ။အဲဒီတုန်းက လိင်တူကြိုက်တဲ့လူကို အထင်သေးစက်ဆုပ်စရာလို့ မြင်ခဲ့ကြပြီး သူတို့ဟာ အဖိနှိပ်ခံ အနိုင်ကျင့်ခံတွေ ဖြစ်ခဲ့ကြတာပါ ။ဇာတ်ကြောင်းလေးကတော့....စည်းကမ်းကြီးလှတဲ့ ယောကျာ်းလေး ခရစ်ယာန်ကျောင်းမှာ ဘတ်ဒီလို့ အများကခေါ်ကြတဲ့ကောင်လေးဟာ မကြာခဏဆိုသလို ကျောင်းစည်းကမ်း ဖောက်ဖျက်လေ့ရှိပါတယ်အဲ့ဒီလူဆိုးလေး ဘတ်ဒီ ကို ချန်ကျားဟန်ဆိုတဲ့ကောင်လေးက ဂရုစိုက်ပေးရင်း သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းသံယောဇဉ်ထက်ပိုပြီးချစ်မိသွားကြတယ်အချစ်စစ်ဆိုတာ ဖြောင်းဖြူးရိုးထုံးစံမရှိဆိုသလိုမျိုးပဲလိင်တူချစ်သူတွေကို လက်မခံနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအဝိုင်းရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်လာရတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အချစ်က ဒီလိုအခက်အခဲတွေကို သတ္တိရှိရှိနဲ့ ...
movie

Your Name Engraved Herein (2020)

2020