Channel Myanmar

Hong Yi-joo

Beastie Boys (2008) 5.6
Beastie Boys (2008) Beastie Boys (2008)မိန်းမတွေကို အရက်ငှဲ့ပေး၊ ဖျော်ဖြေပေးရတဲ့ အရက်ဆိုင်က အတော်ဆုံးလို့ သတင်းကြီးတဲ့ host ကတော့ ဆွန်းဝူပဲ ဖြစ်ပါတယ်။ ဆွန်းဝူက ဒီအလုပ်ကို အချောင်ရ ခုံမင်လို့ စတင်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ အလုပ်လက်မဲ့ ဖြစ်နေချိန် အစ်မဖြစ်သူရဲ့ ရည်းစား ဂျယ်ဟျွန်း မိတ်ဆက်ပေးတဲ့ အလုပ် night life က ခေါင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဂျယ်ဟျွန်းကလည်း အဲဒီအလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး ဆွန်းဝူရဲ့ အစ်မကလည်း တခြားအရက်ဆိုင်က စားပွဲထိုးမလေးပဲ ဖြစ်ပါတယ်။ ဒီအလုပ်ကို တစ်သက်လုံး လုပ်သွားဖို့ စိတ်ကူးမရှိတဲ့ ဆွန်းဝူက Night Life က ကောင်မလေးကို ချစ်မိခဲ့ပါတယ်။ အဲဒီကောင်မလေးနဲ့ တစ်သက်တာ အတူတူနေဖို့အထိ စိတ်ကူးရှိခဲ့တဲ့ ဆွန်းဝူတစ်ယောက် ရည်းစားက ရိုးရိုး အရက်ငှဲ့ပေးတဲ့ မိန်းကလေးမဟုတ်ဘဲ ယောက်ျားတွေနဲ့ အိပ်ပေးရတဲ့ အလုပ်လုပ်နေရမှန်း သိသွားတဲ့အခါ... တူညီတဲ့အလုပ် မတူညီတဲ့ ဘဝခံယူချက်နဲ့ ယောက်ျားနှစ်ယောက်ရဲ့ အတ္တတွေကို နှိုင်းယှဥ်ရိုက်ကူးထားပြီး တောင်ကိုရီးယား night ...
movie

Beastie Boys (2008)

2008
[18+] Love Clinic (2015) 6.0
[18+] Love Clinic (2015)    တစ်ညလုံးနှစ်ယောက်တည်း အတူရှိနေတဲ့ ယောင်္ကျားလေးနဲ့မိန်းကလေး နောက်နေ့မနက်အထိ…ဘာမှောက်မှားမှုမှ မဖြစ်တာဘာကြောင့်ပါလဲ...     မိန်းကလေးကိုယ်တိုင် Sexy dance နဲ့ဆွဲဆောင်တယ်… မိန်းကလေးကိုယ်တိုင် မာယာအပြည့်နဲ့ဆွဲဆောင်တယ်… မိန်းကလေးကိုယ်တိုင် ခန္ဓာအလှနဲ့ဆွဲဆောင်တယ်… အဲ့ဒါတောင်…ယောင်္ကျားလေးဖြစ်သူက တုံ့ပြန်မှုတစ်စုံတစ်ရာမပေးတာ ဘာကြောင့်ပါလဲ… ဘာကြောင့်လဲဆိုတာကို ဖန်တီးရိုက်ကူးထားတဲ့ Love Clinic ဆိုတဲ့ ကိုရီးယားဇာတ်ကားဟာ IMDb Rating (6.0) ရရှိထားပါတယ်။ ဇာတ်လမ်းလေးက ချစ်မှုရေးရာဖွဲ့ဇာတ်လမ်းလေးပါ။ မိသားစုနဲ့ကြည့်ဖို့မသင့်တော်လို့သာ 18+ ခေါင်းစဉ်တပ်ထားပေမယ့် Comedy,Drama ဇာတ်လမ်းလေးပါပဲ။    ဇာတ်လမ်းအကျဉ်းကတော့... Wang Seong-ki (မင်းသားOh Ji-ho) က အမျိုးသမီး သားဖွားဆရာဝန် / မီးယပ်သားဖွားပညာရှင်ပါ။ Gil Sin-seol (မင်းသမီးKang Ye-won) ကတော့ ဆီးရောဂါပါရဂူပါ။ Gil Sin-seol (Kang Ye-won) က သူ့ဖခင်ဆရာဝန်အပေါ်မခံချင်စိတ်နဲ့ အမျိုးသားမျိုးပွားအင်္ဂါအထူးပြုပညာရှင်ဖြစ်ဖို့ကြိုးစားနေသူပါ။ Wang Seong-ki ရော Gil Sin-seol မှာပါ လျှိုု့ဝှက်ချက်တွေကိုယ်စီရှိလို့ချစ်သူတွေမထားကြပါဘူး။ သူတို့နှစ်ယောက်မမျှော်လင့်ဘဲ အဆောက်အအုံတစ်ခုအတွင်းမှာ ကပ်လျှက်ဆေးခန်းဖွင့်မိတဲ့အခါမှာတော့.. တစ်ယောက်နဲ့တစ်ယောက်အမြင်စောင်းမှု၊အဆင်မပြေမှု၊အလွဲလွဲအမှားမှားတွေကြားက ချစ်ခရီးလမ်းလေး လျှောက်မိတဲ့အခါ…. ။ ဒီဇာတ်ကားကိုကြည့်ပြီး သိလာရတာက... ချစ်တယ်ဆိုတာ စိတ်နဲ့တင်ချစ်နေလို့မရပါဘူး… ချစ်တာကို ချစ်နေမှန်းသိအောင်ပြသဖို့လည်း လိုပါတယ်။ #AYK (ရုပ်ရှင်အညွှန်းကို myanmarload.com မှကူးယူဖော်ပြပါသည်။)   File Size…(900 MB)Quality…HD-Rip ...
movie

[18+] Love Clinic (2015)

2015