Channel Myanmar

Horacio Garcia Rojas

Queens on the Run (2023) 4.8
Queens on the Run (2023) Queens on the Run (2023) ===================ဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးမှာကတော့ French road trip movie ကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အထက်တန်းကျောင်းကတည်းက plan ထားတဲ့ခရီး၊ လင်ပါ ရသွားတယ် မသွားရသေးဘူး ဆိုသူ သူငယ်ချင်းမ လေးယောက် တို့ရဲ့ Ex ရှာပုံတော်ခရီးမှာ ကြုံတွေ့ရတဲ့ အလွဲအကွဲဟာသလေး တွေအပေါ် ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ဒီ Squad ကတော့ တစ်ယောက်တစ်မျိုးစီ ဆောက်၊ အိုး၊ စည် အဖွဲ့လို့ဆိုရင်လည်းမမှားပါဘူး။ Anniversary တွေတိုင်း မေ့ တတ်တဲ့ယောက်ျားကို အားမလိုအားမရဖြစ်နေသူ ၊ လင်အတည် မယူချင်ဘဲ အဆင်တကာပတ်စား​တဲ့အပျိုကြီး ၊ တွေ့တာနဲ့ ဖောင်း မယ် ဒိုင်းမယ်တကဲကဲဖြစ်နေတဲ့ Momma's girl ၊ ဘောစိယောက်ျား သဘောကျအောင် ဆီလီကွန်ပဲဖြည့်နေတဲ့ သူဌေးကတော် စတဲ့ သူငယ်ချင်းလေးယောက်ရဲ့ ခရီးတစ်ထောက် ပြဿနာတစ်ပေါက် ဖြစ်ပုံကို ခွီရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်)File Size..........(1.82 GB) / (828 MB) ...
movie

Queens on the Run (2023)

2023
Book of Love (2022)
Book of Love (2022) အချစ်၀တ္ထုလေးတစ်ပုဒ်လောက် ဖတ်လိုက်ကြဦးစို့ ....ဒီတော့ အချစ်ဆိုတာ ဘာလဲ .... အနက်ဖွင့်ရရင်တော့ တစ်ထောင့်တစ်ညပုံပြင်တွေထက်ရှည်သွားမယ်ထင်တယ် .... သီချင်းလေးထဲကအတိုင်းဆိုရင်တော့ အချစ်ဟာအဖြေရှာမရတဲ့ ပုစ္ဆာပေါ့ .... အချစ်နဲ့အတူ ရမ္မက်တွေ၊ တဏှာတွေ၊ မက်မောမှုတွေဒွန်တွဲနေတာကိုလည်း ဘယ်သူမှ ငြင်းဆန်လို့ ရမယ်မထင်ပါဘူး ......သိုပေမဲ့ အချစ်ဆိုတာ သိပ်ကို ရိုးရှင်းတဲ့အရာလို့ လက်ခံချင်နေသေးတဲ့ လူ့ဂွစာစာရေးဆရာကြီးတစ်ယောက် ရှိပါရဲ့.... သူ့နာမည်ကတော့ ဟန်နရီ ကော့ပါးပါ။အောင်မြင်ချက်ကတော့ ထွက်ထားတာ ကြာပြီဖြစ်တဲ့ သူ့ရဲ့ စာအုပ်ဟာ ၆ လအတွင်းမှာ၀ယ်ယူသူက ၂ ယောက်၊ တစ်ယောက်က ကိုယ်တိုင်။ အဲသည်လိုကို ပေါက်စာရင်း၀င်တဲ့အာဂ အချစ်၀တ္ထုကြီး တစ်အုပ်ပါ။ တစ်နေ့တော့ သူ့ရဲ့ ထုတ်ဝေသူက ဟန်နရီ့ကိုဆက်သွယ်လာပြီး သူ့ရဲ့ အင်္ဂလန်မှာ မပေါက်တဲ့ စာအုပ်ဟာ မက္ကဆီကိုမှာတော့စပိန်ဘာသာပြန်နဲ့ ရှိသမျှစာရင်း ထိပ်ဆုံး ရောက်လောက်အောင်၀က်၀က်ကွဲအောင်မြင်နေလေရဲ့ ... ဒီတော့ ကံအလှည့်အပြောင်းနဲ့ ကြုံလာသူစာရေးဆရာကြီးတို့ ...
movie

Book of Love (2022)

Cry Macho(2021) 6.0
Cry Macho(2021) Macho ဆိုတာ စပိန်လို သန်မာတယ် ဆိုတဲ့ အဓိပ္ပါယ်ပါမိုက်ကယ် ဟာ ဟိုးအရင်တုန်းက တက္ကဆက်က မြင်းပြိုင်ပွဲတွေမှာ ငါးနှစ်ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံ တစ်ယောက်ပါတစ်နေ့မှာတော့ သူ့မိန်းမနဲ့ သားဟာ ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားပါတယ်အဲဒီနောက်ပိုင်းမှာတော့ သူဘဝဟာ ဦးတည်ရာမရှိတဲ့ ​လှေတစ်စင်းလိုပဲ ပျက်စီးလာပြီး အရက်သောက်လိုက် ရမ်းကားလိုက်နဲ့ လမ်းပျောက်နေခဲ့ပါတယ်အဲဒါနဲ့ သူ့ရဲ့အရင်ကသူဌေးဖြစ်တဲ့ ဟောင်းဝဒ် က သူ့ကို နေစရာ စားစရာရယ် အလုပ်ရယ်ပေးပြီးသူ့ဘဝကို ကယ်ဆယ်ပေးခဲ့ပါတယ်အဲ့လိုလုပ်ပေးခဲ့တာတွေကြောင့် မိုက်ကယ့်မှာ ဟောင်းဝဒ် ကျေးဇူးကြွေးတွေ တင်နေပါတော့တယ်တစ်နေ့ကျတော့ မက္ကဆီကိုမှာနေတဲ့ သူ့ရဲ့သားကို ပြန်ခေါ်ချင်တဲ့ ဟောင်းဝဒ်ဟာ မိုက်ကယ့်အိမ်ကို ရောက်လာပြီး အကူအညီလာတောင်းပါတော့တယ်သူများရဲ့ ကျေးဇူးကြွေးတွေကို ပြန်ဆပ်ပြီး ဘဝကိုအေးအေးဆေးဆေး နေချင်နေတဲ့ မိုက်ကယ်ဟာလည်း ဟောင်းဝဒ်ရဲ့တောင်းဆိုမှု ကို လက်ခံပြီး မက္ကဆီကိုက သားဖြစ်သူကို သွားခေါ်ပေးဖို့ လုပ်ပါတော့တယ်မိုက်ကယ်တစ်ယောက် သူဌေးရဲ့ သားဖြစ်သူကို လွယ်လွယ်ကူကူနဲ့ရော ...
movie

Cry Macho(2021)

2021
Julia 2008 7
Julia 2008 ဂျူလီယာဟာ အပျော်အပါးမက်သူဖြစ်ပြီး တစ်ကိုယ်တည်းသမား ယောက်ျားတကာနဲ့ မူးရူးပျော်ပါးနေသူဖြစ်တယ်။ ဒါကြောင့်ပဲ သူ့ရဲ့အလုပ်ကို သူဆုံးရှုံးခဲ့ပြီး ၀င်ငွေမရှိတဲ့သူဘ၀ကို ရောက်သွားတယ်။ တစ်နေ့ အယ်လီနာဆိုတဲ့ မိန်းမတစ်ယောက်နဲ့ဆုံခဲ့တယ်။ အယ်လီနာဟာ သားဖြစ်သူကို သူ့အဖိုးဆီကနေ ပြန်ခေါ်ယူဖို့ ကြိုးစားနေသူဖြစ်ပြီး ဒီလိုလုပ်ဖို့အတွက် ဂျူလီယာကို ငွေပေးမယ်ပြောပြီး အကူအညီတောင်းခဲ့တယ်။ ငွေမက်သူ ဂျူလီယာဟာ ကူညီမယ်ပြောပြီး ကြားထဲကနေ ကလေးကို ပြန်ပေးဆွဲဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့အကြံအောင်မြင်ပြီး ကလေးနဲ့အတူ Mexico ရှောင်တိမ်းထွက်ပြေးလာခဲ့တယ်။ ဒေါ်လာ ၂သန်းနဲ့ ကလေးကို ပြန်ရွေးခိုင်းဖို့ ကြံစည်နေစဉ်မှာ Mexico မှာရှိတဲ့ ပြန်ပေးဆွဲသမားတွေဟာ ဂျူလီယာရဲ့လက်ထဲက ကလေးကို ထပ်ပြီး ပြန်ပေးဆွဲသွားချိန်မှာတော့ ............ဂျူလီယာတစ်ယောက် ဘယ်လိုအကြပ်ရိုက်မလဲဆိုတာ စိတ်၀င်စားဖွယ်တွေ့ရမှာပါFile Size : 1 Gb Quality :WEB-DL 360p Format…mp4 Duration…02:24:00 Genre : Drama, Crime, Thriller Subtitle : Myanmar ...
movie

Julia 2008