Channel Myanmar

Houka Kinoshita

HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)

Stigmatized Properties (2020) 5.0
Stigmatized Properties (2020) Stigmatized propertyဒီကားကတော့ အဆောင် တိုက်ခန်းရှာနေတဲ့သူတွေကြည့်ရင် အခန်းငှားဖို့တွေဝေတွန့်ဆုတ်စေမဲ့ သရဲကားပါ။ ဂျပန်မှာဆိုရင် အခန်းငှားတဲ့အခါ ဒီအခန်းမှာ အရင်က လူသေထားဖူးရင် ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေဖြစ်တတ်ရင် အခိုက်ရှိတဲ့အခန်း Stigmatized propertyဖြစ်ကြောင်း ဖော်ပြပေးရပါတယ်။ ဒီမှာဆိုရင်တော့ သရဲရှိမရှိ ကိုယ်မေးမှပြောပြကြမှာဖြစ်ပြီး အထူးတလည်သတိပေးကြမှာမဟုတ်လို့ ဘုံမတူတဲ့ မိတ်ဆွေတွေနဲ့ကြုံရနိုင်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ရာမမဲ လို့ခေါ်တဲ့ ဟာသတင်ဆက်သူက ရုပ်သံလွှင့်လောကထဲမှာ ၁၀နှစ်ရှိပြီဖြစ်ပေမဲ့ ခုထိမအောင်မြင်သေးပါဘူး။ တစ်ခါရယ်ရင် ၁၇၄စက္ကန့် အသက်ပိုရှည်တယ်ဆိုတဲ့စကားကို လက်ကိုင်ထားပြီး လူတွေကို ရယ်အောင်လုပ်ပေးပေမဲ့ သူ့ဟာသတွေကို လူကြိုက်မများပါဘူး။ဒီလိုနဲ့ သူနဲ့ သူ့သူငယ်ချင်းရဲ့ ၂ယောက်တစ်ဖွဲ့လေးလည်း ဖျက်လိုက်ရပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပါတယ်။ အဲဒီအချိန်မှာ လူသေဖူးတဲ့ ခိုက်တဲ့အခန်းတွေမှာ နေထိုင်ပြီး အဖြစ်အပျက်တွေကို ထုတ်လွှင့်ပေးဖို့ အကြံတစ်ခုရလာပါတယ်။ သရဲရှိလောက်တဲ့အခန်းကိုငှားပြီး စတင်နေထိုင်တဲ့အခါ တကယ်ကိုပဲ သရဲက အကောင်အထည်ပြလာတာကြောင့် သူ့အစီအစဉ်လည်း နာမည်ကြီးလာပါတယ်။ ဒီလိုနဲ့တစ်ခန်းပြီးတစ်ခန်း ပြောင်းနေရင်းနဲ့ သရဲတွေက ကြမ်းသထက်ကြမ်းလာပြီး ...
movie

Stigmatized Properties (2020)

Shinobi: Heart Under Blade (2005) 6.9
Shinobi: Heart Under Blade (2005) နင်ဂျာတွေထဲမှာ အစွမ်းထက်ဆုံး အုပ်စု ၂ စု ရှိပြီး ထိုအုပ်စု ၂ ခုလုံးဟာ လုံး၀ မတည့်ကြပါဘူး တောင် တစ်ဖက် တစ်ခြမ်း စီမှာ နေထိုင်ကြပြီး အမြဲတမ်း သက်ဖြတ်နေခဲ့တာ ရန်ငြိုးတွေက နှစ်ပေါင်း ၄၀၀ တိုင်ခဲ့ပါတယ်... ထို အုပ်စု နှစ်ခုပေါင်းစည်းပြီး တော်လှန်လာမှာကို ကြောက်လန့်လာတဲ့ အစိုးရကတော့ ထိုအခွင့်အရေးကို လက်လွှတ်မခံပဲ အုပ်စု ၂ စုကို အသေအကြေ တိုက်ခိုက်စေပြီး အနိုင်ရရှိသူကို အခွင့်အလမ်း ပေးဖို့ကြေညာပေးလိုကပါတယ်.. ထို ရန်ငြိုးတွေကြားမှာတော့ နှစ်ဖက် အုပ်စု နှစ်ခုက လူကြီးတွေ ရဲ့ သားနှင့်သမီး ကတော့ ချစ်ကြိုက်နေကြပါတယ်... ထို တိုက်ခိုက်ရမည့် အမိန့်ကြေညာစာတမ်း ရောက်ရှိလာချိန်မှာတော့ သူတို့ ချစ်သူ နှစ်ဦးဟာ စစ်မြေပြင်မှာ ရန်သူတွေအဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာပါ... နှစ်ဖက်လုံး အသေအကြေတိုက်ခိုက်ပြီး ဘယ်သူတွေ နိုင်ကြမှာလဲ ချစ်သူနှစ်ဦးကရော လက်တွဲခွင့်ရနိုင်မှာလား... ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ.... ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားသူကတော့ Tariq ...
movie

Shinobi: Heart Under Blade (2005)

2005