Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Howard J. Dave
Island of the Dolls (2023)
Island of the Dolls (2023)အရုပ်ကျွန်းဆိုတာကို ကြားဖူးကြမှာပါ မက်ဆီကိုနိုင်ငံမှာရှိတဲ့ အရုပ်တွေအများကြီးရှိတဲ့ ကျွန်းလေးတစ်ကျွန်းပါ။ကျွန်းပေါ်မှာ အရုပ်တွေအများကြီး ဒီတိုင်းချိတ်ဆွဲထားတာဆိုတော့ တွေးကြည့်ရင်တောင် ကြောက်ဖို့ကောင်းတဲ့နေရာပါ။ အဲ့လိုနေရာမှာ နောက်ခံဇာတ်လမ်းတွေကလဲ အများကြီးရှိပါတယ်။ လူပြောများတဲ့ဇာတ်လမ်းတွေ ကောလဟာလတွေ အများကြီးပါ။ ဒီလိုကြောက်ဖို့ကောင်းတဲ့ နေရာအကြောင်းကို ဦးတည်ပြီးရိုက်ထားတဲ့ HORROR ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၂၃ တုန်းကထွက်ရှိထားတဲ့ ဟော်ရာကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ လူငယ်တစ်စု အရုပ်ကျွန်းပေါ်ကို သွားဖို့ကြိုးစားပေမဲ့ ဒေသခံတွေကတော့ အရုပ်ကျွန်းပေါ်မသွားစေချင်ကြပါဘူး။ ဒါပေမဲ့ ကျွန်းပေါ်ကိုအတင်းမရရအောင် သွားမယ်ဆိုတော့ မပို့ချင်ပို့ချင်ပဲ ပို့ပေးလိုက်ရပါတယ်။ ဒါပေမဲ့ အဲ့ကျွန်းပေါ်ရောက်တော့ တစ်စုံတစ်ခုက နိုးထလာခဲ့ပြီဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ သူတို့တွေဘယ်လို အရာနဲ့ရင်ဆိုင်ရမယ်ဆိုတာ သူတို့ကြားထဲမှာရှိတဲ့ လူတွေက လျှို့ဝှက်ချက်ကိုယ်စီနဲ့ဆိုတာ ဇာတ်လမ်းအလှည့်ပြောင်းလေးတွေနဲ့ ကြည့်ရမဲ့ ဟော်ရာကားလေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 939MB | 415MB Format… mp4 Duration…. 1h 18min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... ...
movie
Island of the Dolls (2023)
2023
The Loch Ness Horror (2023)
ရေအောက်မှာရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတွေအကြောင်းရိုက်ကူးထားတဲ့Pirates of the Caribbean တို့ The Meg တို့လိုမျိုး ရုပ်ရှင်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့The Loch Ness Horror ဖြစ်ပြီး ဇာတ်ကားနာမည်အတိုင်းလော့ချ်နက်စ်ဆိုတဲ့ပင်လယ်ရေအောက်နေ သတ္တဝါကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ သင်္ဘောတစ်စီးက ထူးဆန်းတဲ့အရာတစ်ခုကိုလိုက်ရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ခဏအကြာမှာသူတို့ရှာနေတဲ့အရာကြီးကို တွေ့သွားခဲ့ပါတော့တယ်။သူတို့လိုက်ရှာနေတဲ့သတ္တဝါကြီးကို ရှာတွေ့ခဲ့တာ ကံကောင်းတယ်လို့ပြောရမယ်ဆိုပေမဲ့ အဲ့ဒီသတ္တဝါကြီးရဲ့ တိုက်ခိုက်မှုကိုခံရပြီး နှစ်မြှုပ်သွားတာကတော့ ကံဆိုးတယ်လို့ပြောရမှာပါပဲ။ဒီလိုနဲ့ သိပ်မကြာခင်မှာအဲ့ဒီနှစ်မြှုပ်သွားပြီး အဆက်အသွယ်ပြတ်သွားတဲ့ သင်္ဘောကိုရှာပြီး အပျက်အစီးတွေကိုပြန်လည်ဆယ်ယူဖို့အတွက်လာရာနဲ့ ဘရိုက်စ်တို့ရဲ့အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။စစချင်းကတော့ သူတို့ရဲ့တာဝန်ကအပေါ်မှာပြောထားတဲ့အတိုင်း ရှာဖွေကယ်ဆယ်ရေးလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ဂျင်းထည့်ခံလိုက်ရတယ်ဆိုတာကို သိခဲ့ရပါတယ်။တကယ်တမ်းသူတို့ရဲ့ တာဝန်ကပထမနှစ်မြှုပ်သွားခဲ့တဲ့ သင်္ဘောအတိုင်း အဲ့ဒီလော့ချ်နက်စ်ဆိုတဲ့ သတ္တဝါကြီးကိုလိုက်ရှာရမှာဖြစ်ပါတယ်။ဒီလိုနဲ့သင်္ဘောပေါ်မှာ အချေအတင်တွေဖြစ်ကြပြီးနောက်ဆုံးမှာတော့ သေနတ်နဲ့ချိန်ပြီး အတင်းအကြပ်ခိုင်းတာကိုခံခဲ့ရပါတော့တယ်။ဒါပေမယ့် သူတို့တွေ့ချင်နေတဲ့ သတ္တဝါကြီးနဲ့တကယ်တမ်းရင်ဆိုင်လာရတဲ့အခါမှာတော့ဘယ်လိုတွေရင်ဆိုင်ကြမလဲ ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမဲ့သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. File size…1.10 GB / 523 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 19m Genre ….. Action , Horror ...
movie
The Loch Ness Horror (2023)