Channel Myanmar

Hu Haofan

Never Say Never ( 2023 ) 6
Never Say Never ( 2023 ) CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့ မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန် သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။သူဌေးဆိုပေမဲ့လည်းအကြွေးတွေ နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက် မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Never Say Never ( 2023 )

Work In Vain Song Ci ( 2021 ) 6.1
Work In Vain Song Ci ( 2021 ) လျှိုဝှက်ဆန်ဆန် ဂမ္ဘီရဆန်ဆန်မှုခင်းကားတွေကြည့်ချင်တဲ့CMကနေ တရုတ်ရှေးခေတ်မှုခင်းစစ်တဲ့ကားတစ်ကားလေးနဲ့မိတ်ဆက်လိုက်ပါတယ် ရှေ့ခေတ်ကပေါ်ခဲ့တဲ့ ပျောက်ဆုံးနေပြီဖြစ်တဲ့ ပေါ်ရွှင်ဆိုတဲ့မိစ္ဆာဘာသာဝင်တစ်ခုက စုန့်ချီနေတဲ့ချန်တင်းကိုရောက်ရှိလာပြီးကျိန်စာတိုက်ခဲ့တယ်ကျိန်စာကတကယ်ပဲ မိစ္ဆာမျိုးကလုပ်တာလား? လူသားတွေရဲ့ လောဘ ဒေါသ မနာလိုမှုနဲ့ ကာမပျော်မွေ့မှုကြောင့် ဖြစ်လာတဲ့အမှုတွေက တကယ်ပဲကျိန်စာကြောင့်ဖြစ်လာတာလား? လူတွေရဲ့နဂိုစိတ်ရင်းကြောင့်ဖြစ်လာတာလား?စုန့်ခေတ်ရဲ့ အလောင်းစစ်ဆေးတဲ့သူ စုန့်ချီက ဒီအမှုတွေနဲ့ နောက်ကွယ်ကကြိုးကိုင်သူကို ဘယ်လိုတွေးခေါ်မှုတွေအမျှော်အမြင်တွေနဲ့ အမှုကိုဖြေရှင်းမလဲဆိုတာကို လှည့်ကွက်မျိုးစုံ မထင်မှတ်ထားတဲ့ဇာတ်မြှုပ်ဇာတ်ကွက်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုနိုင်မဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်…. [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Thriller Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Work In Vain Song Ci ( 2021 )

Revenge Girl (2022) 6.1
Revenge Girl (2022) ဒီတစ်ခါတော့ ခေတ်လွန်ရာစုသစ်ကိုသွားကြည့်ရအောင်။ မြစ်ကြီးတစ်ခုက စည်းခြားထားပြီးတော့ မြစ်ရဲ့အောက်ဘက်ခြမ်းက လူဆင်းရဲရပ်ကွက် (တစ်နည်း) သာမာန်လူတွေနေထိုင်နေကြတဲ့နေရာပေါ့။ မြစ်ရဲ့အပေါ်ဘက်ခြမ်းမှာတော့ လူကုံထံတွေနေထိုင်ကြပြီး အာရုံကြောအဖွဲ့အစည်းတစ်ခုက လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။ အဲ့ဒီအဖွဲ့အစည်းက မြစ်ရဲ့အောက်ဘက်ကိုပါလွှမ်းမိုးဖို့ ကြံစည်နေရင်း လူ့ဦးနှောက်ကိုထိန်းချုပ်ဖို့ ချစ်ပ်ပြားပါတီထွင်နေကြပါတယ်။အရမ်းတော်တဲ့သိပ္ပံပညာရှင်က မူလချပ်စ်ပြားရဲ့အားနည်းချက်ကိုရှာတွေ့သွားပြီး ဒုတိယမျိုးဆက်ချစ်ပ်ပြားကို တီထွင်တဲ့အခါမှာ ထူးခြားတဲ့စွမ်းအင်တွေ ထွက်ပေါ်လာပါတော့တယ်။ မတီထွင်သင့်တာကို တီထွင်ခဲ့တာကြောင့် အကျိုးဆက်ကို သူ့သမီးဖြစ်သူကခံစားရပြီး တစ်မိသားစုလုံးလည်း အသတ်ခံခဲ့ရပါတယ်။ဒါပေမဲ့ ဒုတိယမျိုးဆက်ချစ်ပ်ပြားဆိုပြီး အာရုံကြောပိုင်းဆိုင်ရာအဖွဲ့အစည်းတစ်ခုက ရှာဖွေနေကြတဲ့ချစ်ပ်ပြားက သာမာန်ချစ်ပ်ပြားမဟုတ်ဘဲနဲ့ အရမ်းလှပတဲ့ အနုပညာပစ္စည်းတစ်ခုဖြစ်နေတဲ့အခါ..... ဒုတိယမျိုးဆက်ချစ်ပ်ပြားနဲ့ ဘယ်လိုသောင်းကျန်းမလဲ.. ဘယ်လိုစွမ်းအင်တွေရှိလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့ဗျာ။ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ )File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:24:00 Type__Action, Drama, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt
movie

Revenge Girl (2022)