Channel Myanmar

Hugh Dane

Joy Ride (2001) 6.6
Joy Ride (2001) လူးဝစ်စ်သောမတ်ဟာ ကျောင်းကြီးပိတ်လို့ အိမ်ကိုပြန်မယ့်လမ်းမှာ ငယ်သူငယ်ချင်းလည်းဖြစ် ခရပ်ရှ်လေးလည်းဖြစ်တဲ့ ဗန်နာဆိုတဲ့ ကောင်မလေးကို သွားကြိုဖို့ရည်ရွယ်ထားပါတယ်။ဒါပေမယ့် ပေတေလေလွင့်နေတဲ့ သူ့အစ်ကိုဖြစ်သူ ဖူလာ မူးယစ်ရမ်းကားမှုနဲ့အချုပ်ကျနေတဲ့သတင်းကိုရတော့ သူ့အစ်ကိုကိုဝင်ပြီး အာမခံနဲ့ထုတ်ခဲ့ရပါတယ်။အဲ့ဒီလိုနဲ့ညီအစ်ကိုနှစ်ယောက်ကားမောင်းပြန်လာရင်း အငြိမ်မနေတတ်တဲ့ ဖူလာက ထရပ်ကားသမားတွေဆက်သွယ်စကားပြောတဲ့ ရေဒီယိုစက်နဲ့ ဟိုဒီလျှောက်ကလိရင်း ရပ်စတီနေးလ်ဆိုတဲ့ ကားသမားတစ်ယောက်ကို မိန်းကလေးအယောင်ဆောင် စနောက်ရာကနေ ကြမ္မာဆိုးတွေဆီဦးတည်ဖို့ဖြစ်လာပါတော့တယ်။သူတို့သွားပြီးစနောက်မိတဲ့သူဟာ psychopath တစ်ယောက်ဖြစ်နေပြီး အမှတ်မထင်စနောက်မိတဲ့အဖြစ်လေးအတွက် သူတို့ကို ကောင်းကောင်းကြီး သင်ခန်းစာပေးတော့မှာဖြစ်ပါတယ်။ ကားတွေနဲ့ကံပါပုံရတဲ့ သွားလေသူ paul walker ရဲ့ကားတွေနဲ့ဇာတ်ကားတစ်ကားပါပဲ။မထင်မှတ်ပဲပေါက်သွားခဲ့တာကြောင့် နောက်ထပ် နောက်ဆက်တွဲ နှစ်ကားထွက်ထားပါသေးတယ်။ ဒီကားကတော့ ပထမဆုံးနဲ့အကောင်းဆုံးဖြစ်ပြီး Thriller vibe အပြည့်ရစေမှာပါ။ File size…(1.5 GB)/(738 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre...Action, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias
movie

Joy Ride (2001)

Starstruck (2010) 6.1
Starstruck (2010)  ဒီတစ်ခါမှာတော့ Disney ကရိုက်ကူးထားတဲ့ Teen/romanceရုပ်ရှင်လေးတစ်ခုကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ Christopher Wilde ဟာနှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်၊ ရုပ်ချောချောအသက်ငယ်ငယ်နဲ့ဂျက်စတင်ဘီဘာငယ်ငယ်ကလို Pop Starတစ်ယောက်ပေါ့။ သူဟာသာမာန်လူတွေနဲ့မတူပဲ Popstar lifeကိုဖြတ်သန်းနေရတာကြောင့် ပါပါရာဇီတွေဆိုတာလည်းသူ့နောက်ကတစ်ကောက်ကောက်ပါနေတတ်ပါတယ်။ တစ်ဖက်မှာတော့Jessica ဆိုတဲ့သာမာန်ကျောင်းသူကောင်မလေးတစ်ယောက်ရှိပြီးသူ့အစ်မက Chrisကိုအရမ်းကြိုက်ပေမယ့် သူကတော့မကြိုက်ပါဘူး။တစ်နေ့ Jessica တို့မိသားစုက Christopher နေထိုင်‌တဲ့ Los Angeles ကိုအလည်ခရီးလာကြပြီး Jessica နဲ့ Christopher Wilde တို့မထင်မှတ်ပဲဆုံတွေ့ကြတဲ့အကြောင်းလေးကို လူငယ်ဆန်ဆန်ရိုက်ကူးတင်ဆက်ပေးထားတာပါ။2010 ကထွက်ထားတဲ့ကားဖြစ်တဲ့အလျောက် အရင်က Disney show တွေရဲ့vibe လေးအတိုင်းခံစားရပြီး ပါဝင်တဲ့ သီချင်းတွေကအတော်လေးကောင်းတာကိုတွေ့ရပါတယ်။ Popstar လေး Christopher နဲ့ Jessica တို့နှစ်ယောက်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲကြည့်ရှုခံစားလိုက်ကြပါဦး။  File size…2.86GB /0.9GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Comedy , Family , Muscic Subtitle….Myanmar Subtitle ...
movie

Starstruck (2010)