Channel Myanmar

Huy Khánh

In the Name of Love (2012) 8.2
In the Name of Love (2012) အချစ် ဟူသော အမည်နာမအားဖြင့် (၂၀၁၂)(ရုန့်ရင်းကြမ်းတမ်းသော ပြကွက်များ ပါတင်သဖြင့် ၁၈ နှစ်အောက် လူငယ်များ ကြည့်ရှု့ရန် မသင့်တော်ပါ)တစ်ခါတလေ အချစ်ကို နာမည်တပ်တာ လွဲတတ်ကြပါတယ်။ အချစ်၊ လိင်ကိစ္စ နဲ့ အိမ်ထောင် ဆိုတာ ခေါင်းစဉ်ကြီး တစ်ခုပါပဲ။ ဒီဇာတ်ကားမှာလည်း ဒီလို အလွဲလေးတစ်ခုကနေ အမှားအကြီးကြီး ဖြစ်သွားတာပါပဲ။ အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုသလိုပါပဲ။လွာ နဲ့ ခန်းတို့ လင်မယားနှစ်ယောက်ဟာ ကလေးမရနိုင်တဲ့ စုံတွဲ ဖြစ်ကြပါတယ်။ ပြဿနာက ယောကျာ်းဖြစ်သူ ခန်း ကြောင့် ကလေး မရနိုင်တာ ဖြစ်ပါတယ်။ ဒီတော့ လွာ တစ်ယောက် ကလေးရနိုင်ဖို့ ကြိုးပမ်းပါတယ်။ ဘယ်လိုကြိုးပမ်းလဲဆိုတော့ အိမ်နီးချင်းဖြစ်သူ ဦးလင်း နဲ့ သွားအိပ်မိတာပါပဲ။ အဲဒီကနေစလို့ ကလေးတစ်ယောက်ရလာတဲ့အချိန်မှာ ပြဿနာက မီးခိုးကြွက်လျှောက် ဖြစ်တော့တာပါပဲ။ ဦးလင်း က ကလေးကို သူ့ကလေးအနေနဲ့ ပိုင်ဆိုင်ချင်လာတဲ့အချိန်မှာတော့ ...အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie

In the Name of Love (2012)

2012
Face Off 6: The Ticket Of Destiny (2023) 6.5
Face Off 6: The Ticket Of Destiny (2023) Face off 6 : The Ticket of Destiny (2023)Vietnam Anthology seriesထဲမှာ တော်တော်လေးလူကြိုက်များတဲ့ Face off seriesရဲ့ ၆ ကားမြောက်ဖြစ်တဲ့ Ticket of destiny လေး ထွက်ရှိလာပါပြီ။ Face off 1ကစလို့ မမျှော်လင့်ပဲနဲ့ ရုတ်တရက်ပြဿနာတွေရင်ဆိုင်ရတဲ့အစဉ်အလာမပျက် Face off 6 မှာရော ဘာတွေကြုံရမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။ငွေဆိုတာ ကံကောင်းခြင်းဆိုလည်းဟုတ် ကံဆိုးခြင်းဆိုလည်းဟုတ်တဲ့ အသွားနှစ်ဖက်နဲ့ဓားတစ်လက်ပါ။ ဘယ်လောက်ပဲ ငွေဟာအရေးမကြီးပါဘူးပြောနေပါစေ အချိန်တန်ရင် Second Godလို့တင်စားရတဲ့ငွေရဲ့ခြေရင်းမှာ ကျွန်တော်တို့တော်တော်များများ ကျရှုံးရတာချည်းပါပဲ။ ဒီကားလေးထဲမှာလည်း မမျှော်လင့်ဘဲရောက်လာတဲ့ ငွေထုပ်တစ်ထုပ်ကြောင့် ပြောင်းလဲသွားတဲ့ သူငယ်ချင်း ၆ ယောက်ရဲ့ကံကြမ္မာကို ရှုစားရမှာဖြစ်ပါတယ်။သမီးလေးကလည်းချူချာ ကိုယ်ပိုင်လုပ်ငန်းကလည်း အခြေအနေမဟန်လှတဲ့ဖွန်တစ်ယောက် သူငယ်ချင်း ၆ ယောက်ရဲ့မွေးနေ့တွေကိုစုပြီးတော့ ထီထိုးလိုက်ပါတယ်။ ဒီထီလက်မှတ်သာ ဆုကြီးတစ်ဆုပေါက်ခဲ့ရင် အားလုံးအညီအမျှခွဲယူပြီး အားလုံးတူတူ ဘဝကိုပြောင်းလဲပစ်လို့ ဆင်းရဲတွင်းကနေအလွတ်ရုန်းမယ်ဆိုတဲ့ မဟာရည်မှန်းချက်ကြီးနဲ့ပေါ့။ ဒီထီလက်မှတ်ကိုတော့ ...
movie

Face Off 6: The Ticket Of Destiny (2023)

2023