Channel Myanmar

Hyunri

A Bride for Rip Van Winkle (2016) 7.2
A Bride for Rip Van Winkle (2016) CM ပရိသတ်ကြီးတို့ကို လူတစ်ယောက်ရဲ့ လက်တွေ့ဘဝကိုအသားပေးရိုက်ကူးထားတဲ့ ဂျပန်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ A bride for Rip Van Winkle လို့ခေါပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ နာနာမီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ဘဝအကြောင်းကို လက်တွေ့နဲ့ထင်ဟပ်အောင်ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင်တော့ နာနာမီဆိုတဲ့ကောင်မလေးက စားဝတ်နေရေးအတွက်အချိန်ပိုင်းဆရာမအဖြစ် လုပ်ကိုင်နေသူ တစ်ဦးပါ။သူဟာ အွန်လိုင်းဒိတ်တင်း app ကနေ ကောင်လေးတစ်ယောက်နဲ့ စတွေ့ခဲ့တယ်။နှစ်ယောက်အတူ ချိန်းတွေ့ဖြစ်ကြပြီးအဆင့်တွေတက်သွားရင်းနဲ့ နောက်ဆုံးမှာ နှစ်ဦးဟာမင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နာနာမီဟာ အွန်လိုင်းကတွေ့တဲ့သူနဲ့ အိမ်ထောင်တစ်ခုကိုထူထောင်ရတာ မယုံကြည်နိုင်စရာလို့ ထင်ပေမဲ့လက်တွေ့မှာ သူဟာ ဒီအိမ်ထောင်ကို တန်ဖိုးထားသူပါ။အိမ်ထောင်မှုနိုင်ဖို့အတွက် နာနာမီဟာ ဆရာမအလုပ်ကနေတောင်ထွက်ခဲ့ပြီးတော့ အိမ်ရှင်မကောင်းပီသအောင် နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာတော့ ယောက်ျားဖြစ်သူကတစ်ပတ်ကို နှစ်ရက်လောက် အပြင်မှာထမင်းထွက်စားတာမျိုးရှိလာသလို အိမ်ထဲမှာလည်းမိန်းကလေးနားဆွဲတစ်ဖက်ကိုပါ တွေ့ခဲ့တယ်။ ဒါကို သိခဲ့တဲ့ နာနာမီဟာ သူ့ယောက်ျားအကြောင်းကိုစုံစမ်းဖို့ လူတစ်ယောက်ကို စေခိုင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ နာနာမီ မထင်မှတ်ထားတဲ့အပြောင်းအလဲတွေ ရောက်လာမှာ ...
movie

A Bride for Rip Van Winkle (2016)

The Sea of Trees (2015)
The Sea of Trees (2015)   ချစ်ရတဲ့သူ့ကို ချစ်လို့ရတုန်းမှာ အစွမ်းကုန် ချစ်ပေးဖို့ ပြောကြတာဟာ ဆုံးရှုံးလိုက်ရသူတွေရဲ့ ရင်နဲ့ရင်းပြီးပြောခဲ့ကြတဲ့ စကားပါပဲ။အချစ်တွေနဲ့ ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခုဟာ အချိန်တစ်ခုကြာမြင့်လာတဲ့အခါ နွေးထွေးတွေ ချစ်ခြင်းတွေအစား၊ အေးစက်တဲ့ ချစ်ခြင်းတွေကသာ အစားထိုး ဝင်ရောက်လာခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားကို ပြော၊ မပြော စဉ်းစားတွေဝေနေစရာမလိုအောင်လို့ဆိုပြီး သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ အခြေအနေနဲ့ပဲ အသေးစိတ်လေးတွေအစ ဖြည့်ဆည်းပေးနေတဲ့ အချစ်ရေးတစ်ခုဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ တွေးမိဖူးလား။ဂျပန်နိုင်ငံ၊ တိုကျိုမြို့က အာအိုခီကာဟာရာဆိုတဲ့တောင်ဟာ ကမ္ဘာအနှံ့အပြားက ဆူဆိုက်လုပ်လိုသူတွေ လာကြတဲ့ နေရာတစ်ခုပဲဖြစ်တယ်။ အမေရိကန်သား အာသာဘာနန်ဟာလဲ အဲအကြောင်းရင်းနဲ့ပဲ အာအိုခီကာဟာရာတောင်ကို ရောက်လာခဲ့တယ်။ တောင်ထဲရောက်ရောက်ချင်းပဲ လမ်းပျောက်နေတဲ့ ဂျပန်လူမျိုး တခုမီ နာခါမူရာ နဲ့ တွေ့ခဲ့ပြီး နှစ်ယောက်စလုံး လမ်းပျောက်သွားခဲ့တယ်။ အေးစက်စက်တောင်ကြီးထဲ မိုးပါရွာလို့၊ ဒီလိုအခြေအနေအောက်မှာ နှစ်ယောက်သား အချင်းချင်းရိုင်းပင်းရင်း ထွက်လမ်းကို အတူတူရှာခဲ့တယ်။တခုမီက ...
movie

The Sea of Trees (2015)

Wheel of Fortune and Fantasy (2021) 7.6
Wheel of Fortune and Fantasy (2021)   Wheel of Fortune and Fantasy (2021 ) ---------------------- Directed By Ryusuke Hamaguchiအားလုံးသောချစ်ခြင်းများဟာ ချစ်ခြင်းနဲ့ ကံကြမ္မာကြားက မှတ်တိုင်ကလေးမှာ မိုးခိုကြရင်း စစ်ကိုင်းလမ်းလို ရူးသွပ်ကြရင်း "မိုးခိုသူတို့ ဘာသာသဘာဝ မိုးတိတ်ရင် ခွဲခွာ"ကြရင်း....တစ်ခါတလေတော့လည်း နဖူးစာမင်ရည်ကျဲခဲ့တဲ့ ချစ်ခြင်းတွေဟာ "လွမ်းသည်ထပ်ဆင့် ဖူးချိန်သင့်ကို မျှော်လင့်ခိုးရှာ"ရင်း ..... ကံစီမံရာကိုသာ "မျှော်ရည်ယုံကြည်တောင့်တ"ရင်း တစ်ခါတလေတော့လည်း "မိုးတွေတိတ်တာတောင် ကိုယ်ကရွာ"နေရင်း "အချိန်တွေကုန်ဆုံးလို့ အရွယ်လွန်လာ"ကြတာပါပဲ။ကဗျာဟောင်းကလေးထဲကလို " အသဲမကွဲတဲ့ အသက်ရှင်ခြင်းဟာ တရားမျှတပါ့မလား"ဆိုဆို ဒီရုပ်ရှင်ဟာ "ကံမဆုံသော အချစ်များ"အကြောင်းပေါ့။ ရှောင်လွှဲလို့မရတဲ့ချစ်ခြင်းနဲ့ သွေဖီလို့မရတဲ့ ကံကြမ္မာကြားက ဘဝတွေကို ဒါရိုက်တာ ရူဆုခဲ ဟမဂုချိ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းတို သုံးခုနဲ့ ပုံဖော်ပြသွားတယ်။ဟမဂုချိဟာ Cannes Film Festival 2021မှာ Drive My Car နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုရထားတဲ့သူ ဖြစ်တဲ့အပြင် ...
movie

Wheel of Fortune and Fantasy (2021)

Wife of a Spy(2021) 6.5
Wife of a Spy(2021) ယေဘုယျအနေနဲ့တော့ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုရဲ့ သက်တမ်းကြာရှည်လေ သူ့မှာထွန်းကားတဲ့ အနုပညာတွေ မြင့်မားလေပါပဲ။ ရုပ်ရှင်လောကမှာ ဂျပန်ဟာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသွေးနဲ့ ရပ်တည်နေပြီး အနောက်နိုင်ငံတွေက သူ့ကို ဆင့်ပွားကူးယူ ခံ‌ရနေကျ ဆရာတစ်ဆူပါပဲ။ ဂျပန်ရုပ်ရှင်တွေဟာ အသားမကျရင် အ၀င်နည်းနည်း ခက်ပေမဲ့ ရင်ထဲရောက်သွားတဲ့အခါ သူ့အရသာဟာ တသသကို စွဲထင်ကျန်ရစ်တတ်တယ်။ ရုပ်ရှင်အကြောင်းမပြောခင် ဖန်တီးသူဖြစ်တဲ့ ဒါရိုက်တာခိရိုရှိ ခူရိုဆ၀အကြောင်း အရင်ဆုံး မိတ်ဆက်ပေးချင်တယ်။ သူက တိုကျို အနုပညာတက္ကသိုလ်က ပရော်ဖက်ဆာ။ ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာနဲ့ ဝေဖန်ရေး ဆရာတစ်ယောက်ဆိုလည်း ဟုတ်တယ်။ ဒါရိုက်တာက မညံ့သလို ဒီရုပ်ရှင်ဟာလည်း ၂၀၂၀ရဲ့ အကောင်းဆုံး ဂျပန်ရုပ်ရှင်တစ်ကားလို့ ဝေဖန်ရေးဆရာတွေ ချီးကျုးခံခဲ့ရတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာလည်း ငွေခြင်္သေ့ဆုရထားပါတယ်။အကောင်းဆုံးဒါရိုက်တာဆုပါ။ Cinematographyဟာလည်း အတော် သိမ်မွေ့လှပတယ်လို့ ချီးကျူးခံခဲ့ရပါတယ်။ အဓိကဇာတ်ဆောင်ကတော့ ဂျပန်ကားတွေနဲ့ သိပ်မစိမ်းတဲ့လူတွေ သိကြတဲ့ မမ ယုအအို့အိပါပဲ။ ဘော်ဒါတစ်ယောက်ပြောသလိုပြောရရင် ဟန်နီနွေဦးဂျပန်ဗားရှင်းပေါ့။ တကယ်တော့ ဒီရုပ်ရှင်ဟာ သူနဲ့တင်တန်နေပါပြီ။ ဇာတ်လမ်းကတော့ စစ်တွင်းကာလက အဖြစ်အပျက်တစ်ခုကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။ 1940 ဒုတိယကမ္ဘာစစ် အကြိုကာလလောက်မှာ ...
movie

Wife of a Spy(2021)

2020