Channel Myanmar

Ian Lloyd Anderson

My Norwegian Holiday (2023) 6.6
My Norwegian Holiday (2023) ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ နော်ဝေးနိုင်ငံသား ဟင်နရစ်နဲ့ JJဆိုတဲ့ ကောင်မလေးရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်JJ ဟာ ဒေါက်တာဘွဲ့ရရှိအောင် ကြိုးစားနေသူဖြစ်ပြီး လက်ရှိမှာတော့ အထက်တန်းကျောင်းမှာ ဆရာမလုပ်ရင်း စာတမ်းပြုစုနေသူတစ်ဦးပါ။ သိပ်မကြာခင်အချိန်က အဘွားဖြစ်သူကို ဆုံးရှုံးထားရပြီး ဘဝမှာလမ်းပျောက်နေသလို ခံစားနေခဲ့ရသူလည်းဖြစ်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ သူ ကော်ဖီဆိုင်ထိုင်နေချိန် ကောင်မလေးတစ်ယောက်နဲ့ စကားများရင်း ကျန်ရစ်ခဲ့တဲ့ ဟန်နရစ်‌နဲ့ တွေ့ဆုံခဲ့ပါတယ်။အကျိုးအကြောင်းတိုက်ဆိုင်ပြီး ဟန်နရစ်ကို ထားခဲ့တဲ့ကောင်မလေးနဲ့  JJ နာမည်တူနေတဲ့အချိန်မှာ ဟန်နရစ်ဟာ အပိုရှိနေတဲ့ လေယာဉ်လက်မှတ်ကို JJ ကိုပေးပြီး နှစ်ယောက်သား အတူတူ နော်ဝေးကိုသွားဖို့ အကြောင်းဖန်လာတဲ့အခါ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်း စတင်လာပါတော့တယ် File size…(1.4 GB)/(689 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

My Norwegian Holiday (2023)

Deadly Cuts (2021) 5.9
Deadly Cuts (2021)   ရာဇတ်ဝတ်မှုနဲ့ လူမိုက်ဂိုဏ်းတွေများပြားတဲ့ အိုင်ယာလန်နိုင်ငံ ပစ်ဂင်စတန်မြို့လေးမှာ Deadly Cuts ဆိုတဲ့ အလှပြင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်စုရှိပါတယ်။ မြို့ကောင်စီကလည်း ဒီနယ်မြေကို လုံးဝမထိန်းနိုင်ဖြစ်ပြီး လူမိုက်ဂိုဏ်းတွေလည်း ဆတ်ကြေးကောက်နေတာလည်း ပျောက်သွားအောင် ဖွင့်ထားတဲ့ ဆိုင်တွေအကုန်လုံးကို ပိတ်သိမ်းလိုက်ဖို့ စီစဉ်လိုက်ပါတယ်...ဒီအခက်အခဲတွေကြားကနေ မီချဲ၊ စတေစီ၊ ဂျန်မာ နဲ့ ချန်တေဆိုတဲ့ အမျိုးသမီး ၄ ယောက်ဟာ အိုင်ယာလန်ရဲ့ ထိပ်တန်းအလှပြင်ဆိုင် ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း ပစ်ဂင်စတန်မြို့ရဲ့ Community ကို အဖက်ဆယ်ဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတဲ့ Comedy ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1.59GB)/(963MB)/(506MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Thiha Yan Naing
movie

Deadly Cuts (2021)

Herself (2020) 7
Herself (2020) Herself (2020)IMDb 7/10ဒီဇာတ်ကားလေးကတော့ ..... ယောကျ်ားဖြစ်သူရဲ့ အိမ်တွင်းအကြမ်းဖက်မှုကိုခံရတဲ့ စန်ဒရာဆိုတဲ့ အိုင်ယာလန်အမျိုးသမီးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်ချစ်စဖွယ်သမီးလေးနှစ်ယောက်လက်ကိုဆွဲရင်း စန်ဒရာတစ်ယောက် အလုပ်တွေအများကြီးလုပ်ပြီး ပိုက်ဆံရှာပေမယ့် ဒပ်ဘလင်မြို့ရဲ့ အိမ်ရာစနစ်က စန်ဒရာ့လို ကိုယ်ထူကိုယ်ထအမျိုးသမီးတစ်ယောက်အတွက် ကျဉ်းထဲကြပ်ထဲရောက်ပြီး အဆင်မပြေစေခဲ့ပါဘူး အဲ့ဒါကြောင့် စန်ဒရာအနေနဲ့ ကိုယ်ပိုင်အိမ်တစ်လုံးကို ကိုယ့်အားကိုယ်ကိုးပြီး ဆောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ဆွေမျိုးညာတိ ဗလာနတ္ထိနဲ့ ကျောထောက်နောက်ခံမရှိတဲ့ စန်ဒရာတစ်ယောက် အိမ်ကို ကိုယ်တိုင် အဆင်ပြေပြေပြီးမြောက်အောင် ဆောက်နိုင်ပါ့မလား ????? ပတ်ဝန်းကျင်ကလူတွေ ..... သူမဘေးကလူတွေကရော ..... သူမအပေါ် ကောင်းကြပါ့မလား? ကူညီကြပါ့မလား?ကလေးတွေရဲ့ Photographic memory ကနေ Trauma တွေရနိုင်တဲ့အကြောင်းများနဲ့ အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ပြီး ကိုယ်ပိုင်အိမ်ကို ဆောက်ရင်း သူမကိုယ်သူမ ဘယ်လိုရှာဖွေတွေ့ရှိခဲ့လဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။IMDb - 7/10 ရရှိထားပြီးရုပ်ရှင်ဆု ၃ ဆု နဲ့ တစ်ကြိုစာရင်း ၃ ကြိမ် ဝင်ထားတဲ့ ကားကောင်းတစ်ကောင်း ဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူများ လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါပဲ။ အိမ်တွင်းအကြမ်းဖက် နဲ့ အမျိုးသမီးဘဝမြှင့်တင်ရေး ဇာတ်လမ်းကောင်းတစ်ခုဆိုလည်း မမှားပါဘူး။File size… 2.2 GB ...
movie

Herself (2020)

2020