Channel Myanmar

Iben Hjejle

Chéri (2009) 6.1
Chéri (2009) Chéri (2009) ===========IMDb Rating - 6.1/10"အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ" ဒီစကားက လူတိုင်း နီးနီးကြားဖူးတဲ့စကားတစ်ခွန်းပါ။ ရှယ်ရီက ပြည်ကြီးတန်ဆာရဲ့ တစ် ဦးတည်းသောသားဖြစ်တယ်။ နောက်ပြီး ငယ်စဉ်ဘဝကတည်းက မိခင်ကသူ့အနားမှာမရှိပေးခဲ့တဲ့အတွက် ဖြစ်ချင်တိုင်းဖြစ်ပြီး မိန်းမ ပေါင်းစုံနဲ့ပတ်ရှုပ်နေခဲ့တဲ့ ကောင်ဇိုးလေး။ဒါတွေအားလုံးက လီယာဆိုတဲ့ သူ့အမေရဲ့သူငယ်ချင်းရဲ့ အိမ်ကိုမလိုက် သွားခင်အထိပေါ့လေ။ ရှယ်ရီက လီယာ့ကို ငယ်ငယ်‌လေးတည်းက သိပေမဲ့ အခုအရွယ်ရောက်လာပြီး သူ့အိမ်ကိုလိုက်သွားပြီးတဲ့နောက်မှာ တော့ သူတို့နှစ်ယောက်ကြားမှာ မီးပွားလေးတွေပေါ်လာပါတော့တယ်။ အဲ့မီးပွားလေးတွေကနေ မီးတောက်ကြီးတွေဖြစ်သွားမလား ငြိမ်းသွား မလားဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KSN ဖြစ်ပါတယ်)File Size..........(1.44 GB) / (550 MB) Quality............BLU-RAY 1080p / 720p Duration........1Hr 26Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator......KSN Encoder..........Admin X
movie

Chéri (2009)

2009
Flickering Lights (2000) 7.5
Flickering Lights (2000) Flickering Lights (2000)တော်ရကီး၊ စတီဖန်၊ ပီတာ၊ အာနေး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ ဂန်းစတားတွေပါ။ သူတို့ဟာ အက်စကီမိုးဆိုတဲ့ ခေါင်းဆောင်ခိုင်းသမျှကို လုပ်ပေးရပါတယ်။တစ်ရက်မှာ အက်စကီမိုးက သူတို့လေးယောက်ကို လက်ဆွဲအိတ်တစ်ခုခိုးခိုင်းပါတယ်။ဒါပေမဲ့ အဲဒီလက်ဆွဲအိတ်ထဲမှာ ပိုက်ဆံတွေအများကြီးရှိနေတာသိသွားတဲ့ သူတို့လေးယောက်ဟာ ပိုက်ဆံတွေယူပြီး ဘာစီလိုနာကို ထွက်ပြေးကြပါတော့တယ်။ဘာစီလိုနာကို သွားတဲ့လမ်းမှာပဲ ကားကပျက်ပြီးတော့ ပီတာကလည်း သေနတ်ဒဏ်ရာရနေတာကြောင့် တောအုပ်ထဲကအိမ်ဟောင်းတစ်ခုမှာ ခဏနေဖို့ဖြစ်လာပါတယ်။ဒါပေမဲ့ ငယ်ငယ်တည်းက အိမ်တစ်လုံးအပိုင်လိုချင်ခဲ့တဲ့တော်ရကီးဟာ အိမ်လေးကိုသံယောဇဥ်တွယ်သွားတာကြောင့် အပိုင်ဝယ်ပြီး စားသောက်ဆိုင်ဖွင့်ဖို့ကြိုးစားပါတော့တယ်။အကျင့်စရိုက််မတူတဲ့ သူငယ်ချင်းလေးယောက် အိမ်အပျက်ကိုပြင်ဆင်ပြီးတော့ စားသောက်ဆိုင်ဖွင့်ဖို့ပြင်ဆင်ကြတာကို comedy ပုံစံရိုက်ပြထားတာမလို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size          : 4.5GB, 945MB, 444MB Quality            : 1080p Blu-ray AAC ...
movie

Flickering Lights (2000)

2000
A Beautiful Curse (2021) 5.9
A Beautiful Curse (2021) A Beautiful Curse (2021)ပဟေဠိဆန်ဆန် ရိုမန့်တစ်ဆန်ဆန်ကားကိုမှ မင်းသမီးချောချောလေးနဲ့ တွဲဖက်ထားတာဆိုတော့ အားလုံးကြိုက်ကြမယ့် ကားကောင်းပါပဲ။ Sleeping Beauty ဒဏ္ဍာရီကို တစ်ခေတ်ဆန်းထားတာမို့ အားလုံးငြိကြမယ့် ကားကောင်းလည်း ဟုတ်ပါတယ်။ရိုမန့်တစ် အရမ်းဆန်တာမို့ စော်မရှိဘဲမရှိများတော့ မကြည့်စေချင်ပါဘူး။တစ်မြို့လုံးထူးဆန်းစွာ အိပ်ပျော်သွားကြတဲ့ မြို့ကလေးတစ်မြို့ရှိတယ်။ အဲဒီမြို့ကလေးကို ဓာတ်ပုံဆရာတစ်ယောက်ရောက်လာပြီး အဲဒီမြို့လေး‌မှာ ဘာတွေဖြစ်နေလဲ မှတ်တမ်းတင်ဖို့လုပ်တယ်။ ထူးတာကတော့ အိပ်နေတဲ့လူတွေဟာ ထူးခြားစွာ နေရာပေါင်းစုံ ပတ်ရွေ့နေကြတာပါပဲ။ ဒီအဖြစ်အပျက်ဟာ သေစေနိုင်တယ်လို့ အစိုးရက သတ်မှတ်ပြီး အဲဒီမြို့ကလေးကိုပိတ်ချလိုက်ပေမဲ့ ဘာရောဂါလဲဆိုတာတော့ ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီလိုနဲ့ မြို့လေးကရောဂါတွေဟာ ပဟေဠိဆန်စွာ မြို့သားတွေကို ဝါးမျိုသွားခဲ့တယ်။ ဓာတ်ပုံဆရာဟာ အိမ်တစ်အိမ်ကို ခိုး၀င်ရင်း အိပ်ပျော်နေတဲ့ မိန်းမလှလေးကို တွေ့သွားရာက ကျိန်စာလှလှလေး ဘယ်လိုဖြစ်လာမလဲ ရှု့စားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1GB, 500MB Quality ...
movie

A Beautiful Curse (2021)

2021
Defiance (2008) 7.2
Defiance (2008) (Unicode)IMDB 7.2Rotten Tomatoes 57%Audience Score 72%ယနေ့ခေတ်လူငယ်တွေဟာ စစ်ရဲ့ဆိုးကျိုးတွေကို မခံစားခဲ့ဖူးပါဘူး ။ဒါကြောင့်လဲ အချို့နိုင်ငံရေး Post တွေမှာဆိုရင် ချပစ် သတ်ပစ် ဆိုတဲ့ Comments တွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။၁၉၄၁ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဟစ်တလာဟာ ဘီလိုရုရှားနိုင်ငံကို သိမ်းပိုက်ခဲ့ပါတယ် ။သူ့ရဲ့ အညိုးအတေးတွေကြောင့် ထုံးစံအတိုင်း နိုင်ငံတွင်းက ဂျူးလူမျိုးတွေမှန်သမျှကို တစ်ဖြည်းဖြည်းချင်းလူမျိုးတုန်းသတ်ဖြတ်လာတဲ့အခါမှာတော့.....တူဗီယာတို့ ညီအကိုတွေဟာ နာဇီတွေဝင်ရောက်မလာခင်ကတည်းက ပြစ်မှု့တစ်ခုကြောင့် တောထဲမှာထွက်ပြေးတိမ်းရှောင်နေရပါတယ်။အချိန်အကြာကြီးနေခဲ့တာကြောင့် တောကိုလည်း ကျွမ်းကျင်နေကြပါပြီ။စစ်ကြီးစဖြစ်တော့ အခြားသူတွေကလည်း သူတို့လို တောထဲကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။တူရာတူရာတွေ စုမိကြရင်း နောက်ဆုံး ရွာတစ်ရွာတည်နိုင်လောက်တဲ့အထိများပြားလာတဲ့အခါမှာတော့သူတို့ဟာ သူပုန်လိုလို တော်လှန်ရေးသမားတွေလိုလို ဖြစ်လာကြပါတော့တယ်။ဒီကားဟာ ဖြစ်ရပ်မှန်ဝတ္တုဖြစ်တဲ့ Defiance : ...
movie

Defiance (2008)

2008