Channel Myanmar

Ichem Bougheraba

All-Time High (2023)
All-Time High (2023)  စလောင်းပဲ့နှင့် နှုတ်ခမ်းရွဲ့ဆိုတဲ့စကားပုံက ဒီဇာတ်ကားမှာ အစစ်ပါပဲ။ ဇာတ်ဆောင်နှစ်ယောက်က သေအောင်လည်းရယ်ရ ငိုချင်စရာလေးလည်းပါတော့ ရသစုံလွန်းလို့ ဘာသာပြန်ရင်း သဘောကျမိတဲ့ ဟာသကားလေးပါ။ယူဆက်ဖ်ဟာ မလိမ်ရမနေနိုင်တဲ့ ကလိမ်ကကျစ်ကောင်ပါ။ ဘဝကလည်းချို့တဲ့ ငွေကြေးဥစ္စာကလည်းမရှိတော့ ကြုံရင်ကြုံသလို တွေ့တဲ့လူအပေါ်မှာ ခွင်ဖန်တတ်တဲ့ကောင်မျိုးပါ။ တနေ့မှာတော့ သူဟာ ကာစီနိုမှာပိုကာဆော့ရင်းနဲ့ ငွေပမာဏအများကြီး အကြွေးတင်လာပြီး လစ်ပြေးလာပါတော့တယ်။ဒီအချိန်မှာ ကာစီနိုပိုင်ရှင်က သူ့ကိုအသေရရ အရှင်ရရလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း စတက်ဖနီဆိုတဲ့ကောင်မလေးက ယောင်္ကျားဆန်ဆန်နေတတ်ပြီး ရုပ်ကလည်း ရွက်ကြမ်းရေကျို ညစ်ညစ်ပတ်ပတ်လည်းနေတတ်ပါသေးတယ်။ သူမဟာ လူတိုင်းကို ခရစ်ပတိုငွေကြေး (ဘစ်ကွိုင်) တွေအများကြီးရှိတယ်ဆိုပြီးတော့ ပြောပြတတ်ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းက ဆယ်ရက်အတွင်း ပိုက်ဆံပြန်မပေးနိုင်ရင် သတ်ခံရမယ့် ယူဆက်ဖ်နဲ့ ပါးစပ်ဖွာတတ်လို့ သူ့မှာခရစ်ပတိုငွေရှိတာ လူဆိုးတွေသိပြီး အလိုက်ခံနေရတဲ့ စတက်ဖနီတို့ နှစ်ယောက်သား ကံကြမ္မာက ဆုံတွေ့ပေးလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်တီးကျမလဲ၊ ဖျံကျကြမလဲ၊ အန္တရာယ်တွေကနေရော လွှတ်နိုင်ပါ့မလားခွက်ထိုးခွက်လန်အူတက်အောင် ရယ်ရမယ့်ပြင်သစ်ဟာသကားလေးပါ။ ၂၀၂၃ ...
movie

All-Time High (2023)

Taxi 5 (2018) 4.7
Taxi 5 (2018) Taxi 5 (2018)ဒီဇာတ်ကားကတော့ ရှေ့ကအောင်မြင်ခဲ့တဲ့  Taxi ပြင်သစ်ဇာတ်ကားတွေရဲ့အဆက်အဖြစ် ထွက်ရှိလာတာပါ။ဒါပေမယ့် ရှေ့က မင်းသားမင်းသမီးတွေ မဟုတ်တော့ဘဲ အသစ်တွေနဲ့ ရိုက်ကူးထားပါတယ်။မင်းသား မင်းသမီးအသစ်တွေဖြစ်ပေမယ့်လို့ အရံတချို့နဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ တူပါတယ်။ဒီဇာတ်ကားမှာတော့ ရဲက ဖိုက်တာ ကားမောင်းသမားဖြစ်လာပြီး Taxi သမားကတော့ ရှေ့ဇာတ်ကားတွေက ဖိုက်တာကြီး ဒန်နီရယ်ရဲ့ တူတော်စပ်သူ အူကြောင်ကြားကောင်အဖြစ် ဇာတ်လမ်းကိုပြန်လှည့်ထားပါတယ်။ယခင်ဇာတ်ကားတွေလို Taste မရတော့ပေမယ့် " ဒန်နီရယ် နဲ့ အီမလီယံ" ကိုလွမ်းနေသူ ကိုယ်တွေအတွက်တော့ ဖြေသိမ့်ဖို့ ကြည့်နေမိတဲ့ဇာတ်ကားပါ။(Taxi ဇာတ်ကားအားလုံးကို   https://channelmyanmar.org/?s=taxi  မှာ ကြည့်လို့ရပါတယ်။ ) File size…(2.3 GB)/ (1.1 GB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Mg King
movie

Taxi 5 (2018)

2018
1080p HEVC