Channel Myanmar

Idan Aedan

Tebus (2023)
Tebus (2023) Tebus (2023)အန်နဟာ မီဒီယာတွေပေါ်မှာတော့ အရာရာပြည့်စုံပြီး ဆိုးသွမ်းနေတဲ့ ဆူချီလက်၀တ်ရတနာရဲ့ ဆက်ခံသူသူ‌ဌေးသမီးတစ်ဦးပေါ့။ ဒါပေမယ့်အဖေအရင်း ဆုံးပြီးတဲ့နောက်မှာ မပျော်မရွှင်နေနေရတဲ့အန်နရဲ့အဖြစ်ကို ဘယ်သူမှမသိကြပါဘူး။အန်န့အဖေရဲ့ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ ဘာကာက အန်န့အဖေဆုံးပြီးတဲ့နောက် ဆူချီလုပ်ငန်းကို ဦးစီးလိုက်ပြီး အန်န့အမေနဲ့လက်ထပ်ကာ အန်နရဲ့အဖေအသစ်ဖြစ်လာပါတော့တယ်။ သူက ဂရုစိုက်တဲ့အဖေအဖြစ် ကြင်နာတတ်တဲ့ခင်ပွန်းကောင်းအဖြစ်နေနေပေမယ့် ထက်မြတ်တဲ့အန်နကသာ အဲ့မျက်နှာဖုံးအောက်မှာဘာရှိလဲ သိနေခဲ့ပါတယ်။ အန်န့အမေဟာလည်း ဘာကာရဲ့အယုံသွင်းခြင်းခံထားရတာမို့ အန်နပြောတာတွေလည်းနားမထောင်ပေးတော့ပါဘူး။ ဆူချီလက်၀တ်ရတနာဆိုင်တစ်ခုရဲ့ အရည်အချင်းရှိတဲ့လုံခြုံရေး၀န်ထမ်း ဂျိုဟန်ဟာ အကြောင်းကြောင်းကြောင့် အန်နရဲ့ကိုယ်ရံတော်တစ်ယောက်ဖြစ်လာပါတယ်။ ဂျိုဟန်ရဲ့ ညီလေးက နှလုံးမှာစက်တပ်ထားရပြီး နှလုံးအစားထိုးမခွဲစိတ်ရရင် နှစ်ပတ်အတွင်းသေဆုံးတော့မှာဖြစ်ပါတယ်။ ညီလေးအတွက် ဘယ်လိုအခွင့်အရေးမျိုးကိုမဆို အရယူမယ့် ဂျိုဟန် နဲ့ ပထွေးကို ရင်ဆိုင်တိုက်ခိုက်ရမယ့် အန်နတို့ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစရာအက်ရှင်ဇာတ်၀င်ခန်းတွေနဲ့ အတူ ဂျိုဟန်ရဲ့ညီလေးအပေါ်မေတ္တာကို ကြည်နူးဖွယ်ကောင်းစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p File size… 1.9GB | 902MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie

Tebus (2023)

2023
Blood Flower (2022) 5.7
Blood Flower (2022) Blood Flower (2022)ကျွန်တော်တို့ငယ်ငယ်ကတုန်းဆို မလေးရှားသရဲကားတွေဆိုတာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပေါ့။ မလေးရှားစုန်းကာ အသစ်ထွက်တယ်ဆိုရင်ကို အဒေါ်တွေနဲ့ ရုပ်ရှင်ရုံသွားကြည့်ရ အခွေငှားဆိုင်မှာ လုငှားခဲ့ရတာပေါ့။ တစ်ခါတစ်လေဆို အခွေကလက်မလည်လို့ ကြိုတင်ဘွတ်ကင်ပါ လုပ်ရသေးတာ။ ခုချိန်မှာလဲ မလေးရှား ဟော်ရာကားတွေက အရင်ကလို သိပ်မကြည့်ကြတော့ဘူးဆိုပေမဲ့ အရင်ကလိုပဲ မလေးရှားသရဲကား အငွေ့သက်တွေနဲ့ ကြောက်စရာကောင်းနေတုန်းပါပဲ။ အပနှင်တဲ့ပုံစံမျိုးနဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ဟော်ရာကားမျိုး ကြိုက်တတ်တဲ့သူတွေအတွက်ကတော့ ဟော်ရာကားတွေ ထွက်စရာသိပ်မရှိတော့လို့ ဒီမလေးရှားဟော်ရာကားလေးက စိတ်ကျေနပ်မှုပေးနိုင်တဲ့ကားလေးဖြစ်မှာပါ။ သွေးသံတရဲရဲအခန်းတွေပါတာကိုတော့ သတိချပ်စေလိုပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အပနှင်တဲ့မိသားစုတစ်စုရှိပါတယ်။ အဲ့မိသားစုထဲမှာမှ အဖေလုပ်သူကလွဲပြီး ကျန်တဲ့သုံးယောက်လုံးဟာ သရဲတစေ တွေကို မြင်နိုင်စွမ်းရှိကြပါတယ်။ တစ်နေ့အပနှင်နေတုန်းမှာ အမေဖြစ်သူဟာ နတ်ဆိုးတစ်ကောင်ကြောင့်သေခဲ့ရပြီး နောက် အဖေဖြစ်သူက သူ့သားသမီးတွေ ဒီလိုမဖြစ်ရအောင်ဆိုပြီး သူတို့ရဲ့အစွမ်းစတွေကို ချိတ်ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူတို့နဲ့အိမ်နီးချင်းတစ်ယောက်ဟာ သူမရှိတုန်း သူ့အခန်းကိုကြည့်ပေးဖို့ထားခဲ့ပါတယ်။ သားဖြစ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေဟာ အဲ့အခန်းထဲကိုဝင်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခုကို ဖွင့်မိရာကနေ လူတွေတစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပါတယ်။ အဲ့အခန်းထဲက လွတ်သွားတဲ့အရာက ဘာလဲ ဘာလို့လူတွေကိုလိုက်သတ်နေရတာလဲ အခန်းပိုင်ရှင်ရဲ့ လျှို့ဝှက်ချက်ဟာဘာလဲဆိုတာကို အသဲတယားယားနဲ့ ကြည့်ရှုလိုက်ကြပါဦး ။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ...
movie

Blood Flower (2022)

2022
Anak Rimau the Movie(2022) 6.7
Anak Rimau the Movie(2022) Anak Rimau the Movie(2022)***************************ဘောလုံးအကယ်ဒမီတစ်ခုအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားကိုကြည့်ပြီးသွားရင်စိတ်ထဲမှာ အတွေးထဲမှာ တစ်ခုခုတော့ တွေးနေမိမှာ အမှန်ပါပဲ။ နိုင်ငံရဲ့နေရာစုံကနေလာတဲ့ ဘောလုံးကန်ရတာကိုအရမ်းဝါသနာပါတဲ့ လူငယ်လေးတွေ Anak Rimau ဘောလုံးအကယ်ဒမီကိုရောက်ပြီးဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ။ အဲရစ်ဖ်ကတော့ ဆင်းရဲပြီး အမေနဲ့ အတူတူနေပါတယ်။ သူ့မှာ ဆိုးသွမ်းပြီးဦးတည်ရာမဲ့နေတဲ့ အကိုတစ်ယောက်ရှိပါတယ်။ ဒန်းနစ်ကတော့ ချမ်းသာပြီး သူ့အဖေကAnak Raimu Academy ရဲ့ အကြီးဆုံးစပွန်ဆာတစ်ယောက်ပါ။မာရို ကတော့စိတ်ဓာတ်ကြံခိုင်ပြီး စကေးရှိတဲ့ တိုက်စစ်မှုးတစ်ယောက်ပါ။ အဲ့လိုမတူညီတဲ့ ဘဝတွေ မတူညီတဲ့ နေရာဒေသက လာတဲ့သူတွေကို နည်းပြကြီးဇိုင်နာ ဘယ်လို ကိုင်တွယ်ပြီး အောင်မြင်တဲ့ဘောလုံး အသင်းတစ်သင်းဖြစ်အောင် ပြုစုပျိုးထောင်သွားမလဲဆိုတာကတော့.........File Size :(2.6GB) and (1.3GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:2300 Genre : Sport , Family , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Anak Rimau the Movie(2022)