Channel Myanmar

Ignacy Klim

Hatred (2016) 7.6
Hatred (2016) Wolyn ဆိုတဲ့ ပိုလန်ဇာတ်ကားကို အင်္ဂလိပ်လိုHatred အမုန်းလို့ နာမည်ပေးထားပါတယ်။ဇာတ်ကားအကြောင်းရှာဖတ်မကြည့်ခင်ကအဲ့ဒီစကားလုံးကို အမုန်း လို့ဘာသာပြန်လို့ရတဲ့စကားလုံးလို့ပဲ ထင်ခဲ့တာပါ။  ဒါပေမယ့် ရှာဖတ်ကြည့်တောာ့ ပိုလန်နိုင်ငံသားတစ်ယောက်ရေးထားတဲ့ကွန်မန့်တစ်ခုကနေ သိလိုက်ရတာက အဲ့ဒီ Wolyn ဆိုတာ ဇာတ်ကားထဲက ရင်နင့်ဖွယ်အဖြစ်အပျက်တွေတကယ်ဖြစ်ခဲ့တဲ့ Volhynia - ဗိုလ်ဟင်ညာ/ဝိုဟင်ညာ/ဗိုလ်ဟင်နီးယား လို့အမျိုးမျိုးအသံထွက်ကြတဲ့အဲ့ဒီ နေရာလေးရဲ့ နာမည်နောက်တစ်မျိုးပါပဲတဲ့။Rating တွေက စ’ပြောပြရင်တော့ ဒီဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ထားတဲ့ ပိုလန်ဇာတ်ကားက IMDb ရဲ့Rating 7.6/10 ရထားပါတယ်။Rotten Tomatoes ကနေတော့ 96% ထိရထားပါတယ်။တကယ်ကိုထိုက်တန်ပါတယ်။ဘာအကြောင်းလဲဆိုရင်တော့ ပိုလန်တွေရဲ့ရင်နင့်ကြေကွဲဝမ်းနည်းစရာ လူမျိုးတုန်းသတ်ခံရတဲ့ အကြောင်းလို့ ပြောရမှာပါ။ ဒါပေမယ် ဇာတ်ကားထဲမှာ သမိုင်းမှာ ရှိဖူး ကြားဖူးခဲ့တဲ့ဆိုးရွားတဲ့အဖြစ်အပျက်အားလုံးရဲ့ နောက်ခံအကြောင်းအရင်းတွေဖြစ်တဲ့လူမျိုးရေး ဘာသာရေး နိုင်ငံရေးအစွဲအယူပြင်းထန်မှုတွေအားလုံးကိုထည့်ရိုက်ပြထားတာကို တွေ့ရမှာပါ။ ဒုတိယကမ္ဘာစစ်ဝန်းကျင်ကာလတွေက အကြောင်းတွေလို့ ပြောလို့လည်းရပါတယ်။စစ်ပွဲ နဲ့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး ပြဿနာတွေကြောင့် ဖြစ်ခဲ့တဲ့ကြားဖူးနားဝရှိကောင်းရှိကြနိုင်တဲ့အနိဌာရုံတွေကို မျက်မြင်ကြီးကို ကြည့်ရမှာပါ၊ သွေးထွက်သံယိုတွေရက်စက်ကြမ်းကြုတ်မှုတွေကို မမြင်ဝံ့ရင် ကြည့်ဖို့ နည်းနည်းစဉ်းစားပါဦး။ကမ္ဘာအနှံ့ကကြည့်ဖူးကြသူတွေရဲ့ ...
movie

Hatred (2016)

2016