Channel Myanmar

Ilya Kiporenko

Cosmoball (2020)
Cosmoball (2020)  2020 ထွက် ရုရှားသိပ္ပံစိတ်ကူးယဉ်ကားကောင်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အနာဂတ်ကာလမှာ စကြဝဠာစစ်ပွဲကြီးဖြစ်သွားခဲ့ပြီး ကမ္ဘာမြေရဲ့ လပျက်စီးခြင်းနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ကမ္ဘာ‌ေပါ်မှာလည်း လူသားတွေမဖိတ်ခေါ်ပဲရောက်လာတဲ့ စစ်ပွဲအန္တရာယ်ကြောင့် ရာသီဥတုပြောင်းလဲမှုတွေ၊ ရောဂါအသစ်တွေပေါ်ပေါက်လာခဲ့ပြီး ဒုက္ခတွေရောက်နေကြရပါတယ်။ ဒီလိုဒုက္ခရောက်နေကြပေမဲ့လည်း ကမ္ဘာပေါ်ကလူသားတွေရဲ့ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်နောက်တစ်ဆင့်တက်ချိန်ဖြစ်နေတာကြောင့် တယ်လီပို့ လုပ်နိုင်စွမ်းရှိသူ သုံးယောက် ပေါ်လာခဲ့ပါတယ်။မော်စကိုမြို့ ပေါ်မှာလည်း "ဒုဓလီ" လို့ခေါ်တဲ့ အားကစားရုံယာဉ်ပျံကြီးရောက်နေပြီး အားကစားနည်းအသစ်ဖြစ်တဲ့ ကော့စမိုဘော ဆိုတဲ့ ဘောလုံးအားကစားနည်းကို တယ်လီပို့လုပ်နိုင်စွမ်းရှိတဲ့ အားကစားသမားတွေက ကစားရပါတယ်။ အန်တွန်ကတော့ ခေတ်ပျက်ကြီးထဲမှာမွေးဖွားလာခဲ့တဲ့သူဖြစ်တဲ့အပြင် လုပ်သမျှအလုပ်တိုင်းကလည်းအလွဲလွဲအချော်ချော်ဖြစ်နေတဲ့လူပါ။ တစ်နေ့မှာ သူ့အမေအတွက် ဆေးတွေလိုအပ်လို့ ဆေးဆိုင်မှာသွားခိုးရင်း ရဲကလိုက်ဖမ်းလို့ပြေးတဲ့လမ်းမှာ ကားဖြတ်တိုက်တာခံလိုက်ရပြီး သူ့ရဲ့တယ်လီပို့လုပ်နိုင်စွမ်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကော့စမိုဘော ဆော့ဖို့အတွက် သူ့ကိုလာစည်းရုံးကြပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကော့စမိုဘောကစားပွဲတွေရဲ့ နောက်ခံအကြောင်းအရင်းတွေက ထင်သလောက်မရိုးရှင်းတဲ့အခါမှာတော့ အန်တွန်တစ်ယောက် ဘယ်လိုဖြစ်ရပ်တွေကို ဆက်ပြီးကြုံတွေ့လာရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးFile size…(2.8 GB)/(1.5 ...
movie

Cosmoball (2020)

The Red Ghost (2020) 6.3
The Red Ghost (2020) The Red Ghost (2020) အညွှန်း**********************IMDb - 6.3CM ကပရိသတ်ကြီးအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ 1941 ခုနှစ်၊ ဒုတိယကာလစစ်အတွင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ဗစ်စ်မာ ဒေသအတွင်းက လူတစ်စုအကြောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ...နာဇီတပ်တွေရဲ့ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပြီး လူစုကွဲသွားတဲ့ ဆိုဗီယက် တပ်သားတစ်စု သူတို့ရဲ့ ရဲဘော်ရဲဘက်တွေဆီ ပြန်သွားဖို့ ကြိုးစားရာက လမ်းမှာပေါ်ပေါက်လာတဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဂျာမန်တွေရဲ့ ဗဲမာ့ အထူးတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး အင်အားမမျှတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။အဲဒီအချိန်မှာ သူရဲကောင်းတွေ မဟုတ်ကြပေမဲ့ အင်အားမမျှတဲ့ ကြားကရအောင် အံတုနေတဲ့ ဆိုဗီယက်လူစုလေးကို ကူညီတိုက်ခိုက်ပေးတဲ့ လူတစ်ယောက်ပေါ်လာပါတယ်။ သူကတော့ "သရဲနီ" ဆိုတဲ့ နာမည်ပြောင်နဲ့ နယ်မြေတစ်ဝိုက်မှာ သတင်းမွှေးနေတဲ့ နာဇီလူသတ်သမားပဲ ဖြစ်ပါတယ်။ သရဲတစ်ကောင်လို ဘယ်နေရာက ပေါ်လာမှန်းမသိ ပေါ်လာပြီး နာဇီတွေကို တစ်ယောက်ပြီးတစ်ယောက် ...
movie

The Red Ghost (2020)

2020