Channel Myanmar

Im Ye-jin

Secret Love (2010) 5.8
Secret Love (2010)  ပရိတ်သတ်ကြီးကို ဒီတစ်ခေါက် ကိုရီးယား erotic thrillerဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်ကားနာမည်ကတော့ Secret Loveဖြစ်ပြီး ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာပါယွန်လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူချစ်ရတဲ့ သူ့ရဲ့ချစ်သူဂျင်ဝူးနဲ့ လက်ထပ်ခဲ့ပါတယ်။ ထူးခြားစွာနဲ့ပဲ ဒီလက်ထပ်ပွဲကျင်းပတဲ့နေမှာ ကနေဒါမှာရှိတဲ့ ဂျင်ဝူးရဲ့ အမွှာညီဖြစ်တဲ့ ဂျင်ဟိုဟာကိုမာဝင်နေရာကနေ ပြန်သတိရလာခဲ့ပါတယ်။အမွှာတို့ရဲ့ကံလို့ပဲ ပြောရမလားမသိ လက်ထပ်ပြီး အနည်းငယ်အကြာမှာပဲ ကားမတော်တဆမှုတစ်ခုကြောင့် အကိုဖြစ်သူဂျင်ဝူးဟာ ကိုမာဝင်သွားပြန်ပါတယ်။ ဒီသတင်းကိုကြားတဲ့အခါဂျင်ဟိုတစ်ယောက် အကိုဆီကိုပြန်လာတဲ့အချိန် အကိုရဲ့မိန်းမဖြစ်သူ ယွန်နဲ့ တွေ့ဆုံမိကြပါတော့တယ်။ဂျင်ဝူးနဲ့ ဂျင်ဟိုဟာ ရုပ်ရည်ချင်း ခွဲမရအောင်တူတဲ့ အမွှာညီအကိုတွေဖြစ်နေတာကို ယွန် သိရှိသွားတဲ့အခါမှာတော့ ဂျင်ဟိုနဲ့ ယွန်တို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာကြည့်ရှုရမှာပါ။ ဒီအချိန်မှာပဲ ဂျင်ဝူးတစ်ယောက် သတိပြန်ရလာရင်ရော ပြဿနာတွေ ဘယ်လိုရှုပ်ကြဦးမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာမို့ ကိုရီးယားကား ကြိုက်သူတွေရော erotic thrillerကြိုက်တတ်သူတွေပါ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ ယွန်အဖြစ် Jin-Seo Yoonက သရုပ်ဆောင်ထားပြီးအမွှာညီအကိုအဖြစ် Yoo ...
movie

Secret Love (2010)

My Mighty Princess(2008) 6.7
My Mighty Princess(2008) My Mighty Princess(2008) အညွှန်း********************************Mighty Princess - အားကြီးတဲ့မင်းသမီးလေး..... မင်းသမီး Shin Min Ah ကိုဆိုရင်တော့မသိသူမရှိသလောက်ပဲဖြစ်ကြမျာပေါ့နော်။ဒီတစ်ခါကားလေးကတော့ မင်းသမီးရှင်မင်းအာငယ်စဥ်ကရိုက်ကူးခဲ့တဲ့ Action Fantasy ကားကောင်းလေးပဲဖြစ်ပါတယ်။ဂန်ဆိုဟီးဟာ သာမန်ထက်ပိုပြီး အားမတန်တဆကြီးနေတဲ့အတွက်လူတွေရဲ့အမြင်မှာ နုနယ်ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်လို့ မထင်ချင်စရာဖြစ်နေပါတယ်။ကိုယ့်ဘက်ကကြိတ်ကြိုက်ရတဲ့ ကောင်လေးတစ်ယောက်ရှိလာချိန်မှာတော့ဆိုဟီးတစ်ယောက် သူ့ကိုသာမန်ထက်ပိုပြီး အားကြီးနေစေတဲ့ မိသားစုအမွေအနှစ်ကို စွန့်ပစ်ဖို့ဖြစ်လာပါတော့တယ်။ကိုယ်ခံပညာကိုဆက်မကျင့်တော့တဲ့ဆိုဟီးအတွက် ဘယ်လိုအခက်အခဲတွေကြုံလာမှာလဲ?.....သဘောကျရတဲ့ crush လေးနဲ့ရောအဆင်ပြေသွားမှာလား...?ဆိုဟီးကို ကိုယ်ခံပညာပြန်လေ့လာအောင်ဆွယ်ဖို့ ရုတ်တရက်ရောက်ချလာတဲ့ငယ်သူငယ်ချင်းလေးကရော ဘယ်လိုလျှို့ဝျက်ချက်တွေရှိနေမှာလဲ?ကိုယ်ခံပညာတွေရဲ့နောက်ကွယ်မှာ ဘယ်လိုနက်နဲတဲ့ဇာတ်ကြောင်းတွေရှိနေသေးဦးမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီကားလေးမှာ recommend ပေးချင်တာလေးတွေကတော့ ဇာတ်ဝင်တေးလေးတွေနောက်ခံတီးလုံးလေးတွေအရမ်းကောင်းတဲ့အပြင် ဇာတ်အိမ်လေးက တမူထူးခြားနေတာလေးပါပဲ။တရုတ်ကိုယ်ခံပညာကို ကျောရိုးခံထားတဲ့ ဇာတ်ကြောင်းမို့လို့ Kdrama fan တွေရေတရုတ်ရာဇဝင်ကားကြိုက်တဲ့လူတွေရော မလွတ်တမ်းကြည့်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်။   File Size : (2.2GB) (1.02 GB) and (417MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Action ,Comedy , Drama Subtitle : Myanmar Subtitle (Hard ...
movie

My Mighty Princess(2008)

Trade Your Love (2019) 5.3
Trade Your Love (2019) [Unicode]ဒီတစ်ခေါက်မှာတော့ 2019 တုန်းက ထွက်ထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးပါမယ်ဒီဇာတ်ကားထဲမှာ Find me in your memory မင်းသား Kim Dong-Wook နဲ့ My Holo Love က မင်းသမီး Ko Sung-Hee တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဂျောင်ဆောင်းဆော့ဟာ လေကြောင်းလိုင်းတစ်ခုပိုင်ရှင် ရဲ့ သားဖြစ်ပါတယ်ချစ်သူနဲ့ သဘောမတူတဲ့ အဖေဖြစ်သူကြောင့် blind date တွေ ခဏခဏတွေ့နေရပါတယ်ဂယ်ဂျူကတော့ ပြေးခုန်ပစ် အားကစားသမားတစ်ယောက်ဖြစ်ပြီး ဒဏ်ရာကြောင့် ပြိုင်ပွဲတွေကို လက်လျှော့လိုက်ရတဲ့သူပါလက်ထပ်သင့်တဲ့ အရွယ်ဆိုပေမယ့် ချစ်သူ မရှိသေးတာကြောင့် မိဘတွေစီစဉ်ပေးတဲ့ blind date တွေကို အမြဲသွားနေရပါတယ်တစ်နေ့မှာတော့ ဆောင်းဆော့နဲ့ ဟယ်ဂျူတို့ blind date မှာတွေ့ကြတဲ့အခါဘယ်လိုအပေးအယူတွေနဲ့ သူတို့တွေ လက်ထပ်ဖို့ စီစဉ်မှာလဲအဆင်ပြေသွားမှာလားတကယ်ချစ်သူတွေ ဖြစ်သွားမလားဆိုတာတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါ...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ...
movie

Trade Your Love (2019)