Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Iman Marshall
6.1
The Lovebirds (2020)
Eternalsဇာတ်ကားမှာ Bollywood ကိုရောက်နေတဲ့Eternal Kingoအနေနဲ့သရုပ်ဆောင်ခဲ့တဲ့Kumail Nanjiani(ပိုးဟပ်မှာ ပုံအသုံးခံလိုက်ရလို့နာမည်ကြီးသွားတဲ့ဆရာကြီး)နဲ့အာသွက်လျှာသွက် Comedy movie အများစုမှာပါ၀င်နေကျဖြစ်တဲ့Issa Raeတို့ရဲ့ အချစ်ဟာသဇာတ်ကားလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျီဘရန်နဲ့ လီလာနီဆိုတာက တကယ့်ထူးထူးခြားခြားအတွဲ။ဂျီဘရန်ဆိုတာက ပါကစ္စတန်သား ကမ္ဘာကြီးကိုအဆိုးဘက်ကနေပဲကြည့်တတ်သလို ဘ၀ကြီးမှာ ဘာမှမစွန့်စားရဲပိုနေမြဲကျားနေမြဲနေတတ်သူ စိတ်လှုပ်ရှားတဲ့အချိန်ဆိုဘာမဟုတ်တဲ့ အကြောင်းအရာတခုကအစတောင်စဉ်ရေမရလျှောက်ပြောလိုက်ရမှ။အန္တရာယ်ဆိုတာနဲ့ ပြေးလိုက်ရမှဆိုတဲ့လူမျိုး။လီလာနီဆိုတာက လူမည်းအမျိူးသမီး အရမ်းလည်းစပ်စုပါလေရာငပိချက် ပြောချင်တဲ့အကြောင်းအရာတခုကိုကရားရေလွှတ် အဆုံးထိဖြစ်ချင်ရာဖြစ်ပြောထည့်လိုက်ရမှကျေနပ်တဲ့လူမျိုး။ဒီလိုမျိုးနဲ့ ချိန်းတွေ့မယ့်စားသောက်ဆိုင်ရွေးတာကအစရန်တကျက်ကျက်ဖြစ်နေရတဲ့ သူတို့နှစ်ယောက် တနေ့မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြရင်းနဲ့မတော်မဆ လူသတ်မှုတခုထဲဆွဲထည့်ခံလိုက်ရပါတော့တယ်။ဒီလူသတ်မှုမှာ အပြစ်မရှိတာကို သက်သေပြနိုင်ဖို့လီလာနီရဲ့ မဟာအကြံကြီးအတိုင်း စုံစမ်းကြတာကနေသူတို့ ဘုနဲ့ဘောက်အတွဲ ဘယ်လိုမျိုး တလွဲတွေဖြစ်ဦးမှာလဲ။သူတို့ရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မှာလား။သူတို့ရဲ့အရင်တည်းကဆိုးရွားလာနေတဲ့ realtionship ကိုရောပြန်အဖတ်ဆယ် ကယ်တင်နိုင်ဦးမလား။အဆုံးမှာဘယ်လိုမျိုး ဒီဇာတ်လမ်းလေးတခု ပြီးဆုံးသွားမလဲဆိုတာကိုthe lovebirds ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာရှုစားအားပေးကြပါဦးခင်ဗျ။ File size… 1.67 GB / 640 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 25m Genre ..... ...
movie
The Lovebirds (2020)
2020