Channel Myanmar

Inder Kumar

Batman v Superman: Dawn of Justice (2016) 6.4
Batman v Superman: Dawn of Justice (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Batman v Superman: Dawn of Justice (2016)

2016
4K HEVC
Kahin Pyaar Na Ho Jaaye (2000) 4.4
Kahin Pyaar Na Ho Jaaye (2000) Kahin Pyaar Na Ho Jaaye (2000)"ချစ်မိသွားနိုင်တယ်" =========================================ဆလူးဘိုင်ရဲ့ နုစဉ်အခါက rom-com ကားလေးကို Cm ပရိသတ်တွေအတွက် Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ ပရမ်ဟာ မြို့ငယ်လေးတစ်ခုက နာမည်အတော်အသင့်ရှိတဲ့ ဂီတသမားလေးပါ။ သူ့မှာ နီရှာဆိုတဲ့ လက်ထပ်ခါနီးချစ်သူတစ်ယောက်ရှိပါတယ်။ နီရှာကတော့ အလုပ်ကိစ္စကြောင့် ပရမ်နဲ့အဝေးကို လနဲ့ချီ ရောက်နေတဲ့သူပေါ့။အဲဒီလို ချစ်သူနဲ့ ဝေးနေတုန်းမှာ ပရမ့်ရဲ့ ဘဝထဲကို ပရီယာဆိုတဲ့ မိန်းမလေးတစ်ယောက်ရောက်လာပြီး ဝါသနာတွေ၊ အကြိုက်တွေတူတာမလို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးသွားကြပါတယ်။အဲဒီလိုအချိန်မှာပဲ ပရမ်ရဲ့ချစ်သူနီရှာတစ်ယောက် သူတို့မြို့လေးကို ပြန်ရောက်လာတဲ့အခါ သူတို့သုံးယောက်ကြားမှာ သုံးပွင့်ဆိုင်မကျတကျ အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ဒီရုပ်ရှင်လေးထဲမှာ ဆလူးဘိုင် တော်တော်လေးငယ်သေးပြီး သရုပ်ဆောင်ကွက်တွေဟာလည်း လက်ဆတ်တက်ကြွနေပါသေးတယ်။ ဒီရုပ်ရှင်လေးဟာ ရှေးကားတွေရဲ့ထုံးစံ သရုပ်ဆောင်တွေက အနည်းငယ်ပြဇာတ်ဆန်နေပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဆန်တဲ့ဟာသလေးတွေ၊ ဒရာမာအနှစ်တွေပါတာမလို့ sit-com ဆန်ဆန် vitage vibe အပြည့်ရမယ့် ပေါ့ပေါ့ပါးပါးကလက်ဆစ်ရုပ်ရှင်လေးဖြစ်လို့ ၂ နာရီကျော် အချိန်ပေးရကျိုးနပ်စေမှာပါ...။(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Suri ...
movie

Kahin Pyaar Na Ho Jaaye (2000)

2000
Tumko Na Bhool Paayenge (2002) 5.7
Tumko Na Bhool Paayenge (2002) ဗီး ဆိုတဲ့ လူငယ်လေးဟာ တောရွာလေးမှာ‌ရွာသူကြီးတွေဖြစ်တဲ့ မိဘတွေနဲ့ အတူနေထိုင်ပါတယ်။မိဘတွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရပြီးချစ်စရာကောင်းတဲ့ ချစ်သူကောင်မလေး မူစကန် လည်းရှိပါတယ်။ပူပန်မှုကင်းတဲ့ ဗီးရဲ့ ဘဝမှာ တစ်ခါတရံ ပေါ်ပေါ်လာတတ်တဲ့ထူးဆန်းအံ့ဩဖွယ်ရာတွေတော့ရှိလို့နေပါတယ်။ပုံရိပ်တွေမြင်နေရတာမျိုး ထင်ယောင်ထင်မှား ဖြစ်နေတာမျိုးတွေပါ။ပြီးတော့ သူ့ငယ်ဘဝနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကို ပြန်စဉ်းစားလို့မရပါဘူး။ဘာကြောင့်ဖြစ်ရတာလဲလို့ မိသားစုအတွင်းကလူတွေကိုမေးပေမဲ့ ဘယ်သူမှ တိကျတဲ့အဖြေမပေးဘဲဇာတ်လမ်းတစ်မျိုးစီပဲ ပြောပြနေကြတာပါ။အဲဒီလိုနဲ့ ဗီး နဲ့ မူစကန်တို့ စေ့စပ်ကြတဲ့နေ့မှာပဲ မဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေရောက်လာပြီး ဗီး ကို ရန်ပြုကြပါတော့တယ်။ဘာကိုမှ နားမလည်နိုင်ဖြစ်နေတဲ့ ဗီးကို မိဘတွေက ဖုံးကွယ်ထားတဲ့အကြောင်းအရာတွေထုတ်ပြောလိုက်တဲ့အချိန်မှာတော့ သူ့ဘဝနောက်ကြောင်းတွေကိုစုံစမ်းဖို့ မွမ်ဘိုင်းမြို့ကို သွားဖို့ဖြစ်လာပါတော့တယ်။ ဗီး ရဲ့ ဘဝ အမှန်ကဘာလဲ။ သူ့ကိုရန်ပြုကြတဲ့သူတွေကိုရောဘယ်သူကလွှတ်လိုက်တာလဲ။ ရွာငယ်လေးဆီကိုရောဘယ်ပုံဘယ်နည်းရောက်လာတာလဲ ဆိုတာတွေကို2002 မှာထွက်ရှိခဲ့ပြီး မင်းသားကြီး Salman Khan နဲ့Sushmita Sen တို့ပါဝင်ထားတဲ့ ဇာတ်ကားလေးထဲမှာဆက်လက်ပြီးကြည့်ရှု့ခံစားနိုင်ပါတယ်။ International မှာ အရမ်းကြီး Hit ဖြစ်ခဲ့တဲ့ ဇာတ်ကားမဟုတ်ပေမဲ့Bollywood နဲ့ ...
movie

Tumko Na Bhool Paayenge (2002)

2002
Passengers (2016) 7.0
Passengers (2016) Passengers (2016)‌Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II ...
movie

Passengers (2016)

2016
4K HEVC
The Accountant (2016) 7.3
The Accountant (2016) Batman မင်းသား Ben Affleck ရဲ့ Action, Crime အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘဝမှာ High Functioning Autism(ဉာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး) ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့သင်္ချာဉာဏ်ကြီးရှင်မျိုးဖြစ်လာပြီး လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခဝါချပေးတဲ့အလုပ်ကို လုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါ မသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ် (ခြုံပြောရရင် Batman စီးပွားပျက်ပြီး စာရင်းကိုင်လုပ်စားသလိုပါပဲ :3 )။ ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရတဲ့အခါမှာ....... File size…7.86GB / 1.7GB /  720MB Quality…4k HEVC AAC5.1CH /  1080p  / ...
movie

The Accountant (2016)

2016
4K HEVC
Fist Fight (2017) 5.7
Fist Fight (2017)   ၁၉၈၇ တုန်းကထွက်ရှိခဲ့တဲ့ Three O’Clock High ဆိုတဲ့ လူငယ်ဟာသဇာတ်ကားကို မှီ ငြမ်းပြီး ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အန်ဒီကန့်ဘဲလ်ဟာ အနေ အေးတဲ့ အထက်တန်းကျောင်း အင်္ဂလိပ်ဆရာတစ်ယောက်ဖြစ် ပြီး စီနီယာလုပ်ဖော်ကိုင်ဖက်တွေ ရဲ့ နောက်ပြောင်ကျီစယ်မှုတွေ၊ ဒုက္ခပေးမှုတွေကြားမှာ လိုက် လျောညီထွေဖြစ်အောင် ကြိုးစား နေထိုင်သူ တစ်ယောက်ဖြစ်ပါ တယ်။ အန်ဒီ အဲဒီလိုနေနေတဲ့ ကြားက တစ်ရက်မှာတော့ အခြေ အနေတွေက အဆိုးဘက်ကို ရောက်သွား ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုရင် အန်ဒီကြောက် ရတဲ့ခပ်ဆိုးဆိုးဆရာတစ်ယောက် ကို အလုပ်ပြုတ်အောင် လုပ်မိသ လိုဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီ ခပ်ဆိုးဆိုးပုဂ္ဂိုလ် ရွန်စထရစ်လန်း ဟာ ရှေးရိုးဆန်တဲ့ အလေ့အထ တွေကိုစွန့်လွှတ်ဖို့အတွက် အန်ဒီ ကိုကျောင်းပြီးချိန်မှာ မကျေပွဲဆင် နွှဲဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဆရာနှစ်ယောက်ရဲ့ တိုက်ပွဲ ဟာ ကျောင်းသားတွေကြားမှာ ရော အွန်လိုင်းမှာပါ ပျံ့နှံ့သွားခဲ့ ...
movie

Fist Fight (2017)

2017
Keeping Up with the Joneses (2016) 6.9

Keeping Up with the Joneses (2016)

2016