Channel Myanmar

Indica Watson

A Boy Called Christmas (2021) 6.9
A Boy Called Christmas (2021) A Boy Called Christmas (2021)IMDb - 6.8/10ခရစ္စမတ်ချိန်ခါကိုရောက်ပြီဆိုတာနဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ် ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားတွေ အစီအရီထွက်နေကြပါ၊ အခုတင်ဆက်ပေးမှာက Netflix ကနေ အသစ်စက်စက်ထွက်ရှိလာတဲ့ Christmasရုပ်ရှင်ပဲ ဖြစ်ပါတယ်Cast အပိုင်းမှာဆိုရင် Harry Potter Franchise ထဲက Maggie Smith နဲ့ Haunting of Hill House ထဲက Michael Huisman လို ထိပ်သီးသရုပ်ဆောင်ကြီးတွေ ပါဝင်ထားသလို Netflixထွက် ဇာတ်လမ်းဖြစ်တာကြောင့် Budget နဲ့ Effectပိုင်း၊ ဇာတ်လမ်းပိုင်းတွေကလည်း တကယ့် ခရစ္စမတ် ရဲ့အနှစ်သာရကိုပေါ်စေပါတယ် ဆန်တာကလော့စ် လို့ ခေါ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီးအကြောင်း ဇာတ်လမ်းတွေ အများကြီးထွက်ဖူးပါတယ်၊ ဒါကတော့ ခရစ္စမတ်ဘိုးဘိုးကြီး စမဖြစ်ခင်ဘဝက ခရစ္စမတ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့ ခရစ္စမတ်ဘိုးဘိုး ဘယ်လိုဖြစ်လာလဲဆိုတာကို ပုံပြင်သဖွယ်ရိုက်ကူးထားတဲ့ ပျော်ရွှင်ကြည်နူးဖွယ် မိသားစုဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်၊ မိသားစုနဲ့အတူ ပိတ်ရက်မှာ တူတူကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီအညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre.....Adventure, Drama, Family Quality….WEB-DL 1080p and ...
movie

A Boy Called Christmas (2021)

2021
The Electrical Life of Louis Wain (2021) 7.0
The Electrical Life of Louis Wain (2021)  The Electrical Life of Louis Wain (2021)လူးဝစ်ဝိန်းလို့ခေါ်တဲ့ ကြောင်ချစ်သူပန်းချီဆရာတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ဒါရိုက်တာ Will Sharpe က ပုံဖော်ရိုက်ကူးပေးထားတာပါလူးဝစ်ဝိန်းကို ၁၈၆၀ခုနှစ် ၈လပိုင်း ၅ရက်နေ့မှာ မွေးဖွားပြီး ၁၉၃၉ခုနှစ် ၇လပိုင်း ၄ရက်နေ့ အသက် ၇၉နှစ်ကွယ်လွန်ခဲ့ပါတယ်သူဟာ ပန်းချီဆရာတစ်ယောက်သာမက တီထွင်သူ စွန့်စားသူနဲ့ စောင့်ရှောက်မှုပေးသူလည်း ဖြစ်ခဲ့တယ်တစ်ချိန်က ကြောင်တွေကို နတ်ဆိုးတွေလို့ သမုတ်ထားကြပေမယ့် လူးဝစ်ဟာ လမ်းဘေးကြောင်လေးတစ်ကောင်ကို မွေးစားပြီးတဲ့နောက်မှာ ပုံမှန်မဟုတ်တဲ့ ကြောင်ပုံတွေကို ရေးဆွဲပြီး ကြောင်တွေပေါ်ထားတဲ့ လူတွေရဲ့ အမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်လူးဝစ်ဟာ ကြောင်ပုံလက်ရာပေါင်း ၇၂ ခုကိုရေးဆွဲခဲ့ပြီး တန်ဖိုးတွေက size ပေါ်မူတည်ပြီး USD 248563 ထိပေါက်ဈေးရှိခဲ့ပါတယ်ဘဝတစ်လျှောက်လုံး ကြောင်ပုံတွေဆွဲ ကြောင်အရုပ်တွေလုပ် ကြောင်အကြောင်းတွေရေးသားရင်း ကြောင်တွေတွက်ပဲ နေရင်း ဘဝနေဝင်သွားတဲ့ လူးဝစ်ဝိန်းအကြောင်းကို ဒရမ်မာဆန်ဆန် အလွမ်းဓါတ်ခံလေးနဲ့ ကြည့်ရှုရမယ့် ...
movie

The Electrical Life of Louis Wain (2021)

Radioactive (2019) 7.3
Radioactive (2019) ထက်မြက်တဲ့ မိန်းမ အစစ်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ကြည့်လိုက်ရအောင်။ မယ်ရီယာ ကျူရီ (သို့) မဒမ်ကျူရီ လို့ သိကြတဲ့ သိပ္ပံပညာရှင် အမျိုးသမီးရဲ့ အကြောင်း ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရ အမျိုးသမီး၊ ကမ္ဘာ့ပထမဆုံး ပြင်သစ် အမျိုးသမီးပါမောက္ခ ဖြစ်ပြီး ကျူရီ မိသားစုဟာ နိုဘယ်ဆု ၅ ဆုရရှိခဲ့တဲ့မိသားစုလည်း ဖြစ်ပါတယ်။ မဒမ် ကျူရီ တွေ့ခဲ့တာကတော့ Radioactivity ဆိုတဲ့ ဓာတ်သတ္တိကြွမှု အကြောင်းပါပဲ။ ဒီအရာဟာကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပြီး သိပ္ပံပညာ တစ်ခေတ်ဆန်းစေခဲ့တာပါ။ ဓာတ်မှန်တွေ၊ ကင်ဆာကုထုံးတွေ စသဖြင့် အသုံးဝင်တာတွေ အများကြီး တိုးတက်လာခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်အတွင်းမှာ ပြင်သစ်နိုင်ငံအတွက် သူ့ရဲ့ နိုဘယ်ဆုက ရွှေတွေကို အရည်ကြိုပြီး သုံးပစ်ဖို့ လှူခဲ့ပေမယ့် ပြင်သစ်အစိုးရက ငြင်းပယ်ခဲ့ရပါတယ်။ ဒါပေမယ့် မဒမ်ကျူရီက စစ်မြေပြင်တစ်လျှောက်မှာ ဓာတ်မှန်ပါတဲ့ ကားပေါင်းများစွာကိုဦးစီးပြီး လူတစ်သန်းကျော်အထိ ဓာတ်မှန်ရိုက်ပေးခဲ့ လိုအပ်တဲ့ အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမယ့် ရေဒီယိုသတ္တိကြွမှုကို တွေ့ခဲ့တဲ့ပညာရှင်ပီပီ ဓာတ်ရောင်ခြည်သင့်ပြီး Aplastic Anemia သွေးအားနည်းရောဂါနဲ့ သေဆုံးခဲ့ရတာပါ။ ဒီရုပ်ရှင်မှာတော့ ပိုလန်ကနေ ပြင်သစ်ကို ပြောင်းလာကာစ သိပ္ပံပညာရှင်ဘဝ အောက်ခြေကနေ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေ၊ ကျဆုံးတဲ့အချိန်တွေ၊ အဆုံးသတ်ချိန်ထိ ပြသထားတာကို ...
movie

Radioactive (2019)

2019