Channel Myanmar

Inga Ibsdotter Lilleaas

A Beautiful Life (2023) 6.4
A Beautiful Life (2023)  ဒီရုပ်ရှင်လေးကတော့ musical romanceကားလေးဖြစ်တာမို့ သီချင်းသံငြိမ့်ငြိမ့်လေးတွေကြားမှာစီးမျှောချင်သူတွေအကြိုက်တွေ့ဦးမယ့်ကားလေးပါပဲ...။ဇာတ်လမ်းထဲမှာပါဝင်တဲ့ သီချင်းတိုင်းကလည်းဇာတ်ဆောင်မင်းသားအဆိုတော်Christopherကိုယ်တိုင်‌ရေးသားဖန်တီးထားတဲ့သီချင်းတွေချည်းပါတဲ့ဗျာ....။ဂစ်တာသံစဥ်ငြိမ့်ငြိမ့်လေးနဲ့ သီချင်းအေးအေးလေးနဲ့ခံစားကြည့်ချင်သူတွေအတွက်တော့ ကွက်တိကျမယ့်ဇာတ်ကားလေးတစ်ပုဒ်ပါပဲ...။ဇာတ်အိမ်လေးကို အကျဥ်းပြောပြရမယ်ဆိုရင်ဒိန်းမတ်ဆိပ်ကမ်းလေးတစ်ခု ငါးဖမ်းသမားလေးတစ်ယောက်ဘဝကနေ သီချင်းအဆိုရှင်ဖြစ်လာတဲ့လူငယ်လေးတစ်ယောက်အကြောင်းပါ..။အီလီရော့ဟာ ဘဝအခြေအနေကြောင့် ငါးဖမ်းသမားဘဝနဲ့ရုန်းကန်နေရပေမယ့် ပင်ကိုယ်အသံကလည်းသီချင်းဆိုဖို့ ပါရမီပါသလို သီချင်းရေးရာမှာလည်း ထူးချွန်သူပါ...။တစ်နေ့ မွေးနေ့ပွဲတစ်ခုမှာ ဂစ်တာအငှားလိုက်တီးရင်းနာမည်ကျော်ထုတ်လုပ်သူတစ်ယောက်က မျက်စိကျသွားတဲ့နောက်....ငါးဖမ်းသမားလေးဘဝကနေ အဆိုတော်ဘဝကိုဘယ်လိုတွေရောက်ရှိလာလဲဆိုတာကို သံစဥ်လေးတွေနဲ့နားဆင်ကြည့်ရှုရမှာဖြစ်ပါတယ်...။ File size…1.36GB / 635MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama , Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

A Beautiful Life (2023)

Betrayed (2020) 7.1
Betrayed (2020) Betrayed (2020) ============= IMDb Rating - 7.1/10 War/ Dramaဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကားလေးတွေဟာ ကျွန်တော်တို့ နှလုံးသားတွေကို တိုက်စားပွန်းပဲ့အောင်လုပ်တတ်စမြဲပါပဲ။ ဆိုတော့ကာ ၂၀၂၀ ခုနှစ်မှာလည်း အဆိုပါရုပ်ရှင်ကားမျိုး ရုပ်ရှင်ကားလေးတစ်ကားဟာ ထွက်ရှိလာခဲ့ပါတယ်။War/ Drama အမျိုးအစားဖြစ်တာကြောင့် စစ်ပွဲအတွင်းက ဖြစ်ရပ်ကို အခြေခံထားတဲ့ကားမျိုးလေးမှန်း လူတိုင်းရိပ်မိကြမယ်ထင်ပါတယ်။ IMDb မှာလည်း 7.1 ရရှိထားသလို Rotten Tomatoes 100% ထိရရှိ ထားတဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ ဒုတိယကမ္ဘာစစ်အတွင်း နော်ဝေနဲ့ ဆွီဒင်နိုင်ငံမှာ တည်ထားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဖြစ်တာနဲ့အညီ ဂျူးမိသားစုတစ်စုအကြောင်း ဖြစ်ပြီး ဂျာမန်တို့ရဲ့ နာမည်ကျော်လူမျိုးသုဉ်းသ-တ်ဖြတ်မှုကြီးအကြောင်းနဲ့ သက်ဆိုင်နေတာပဲဖြစ်ပါတယ်။သို့သော် ဇာတ်လမ်းတည်ပုံထူးခြားနေရတာကတော့ ဇာတ်အိမ်ကို နော်ဝေ နိုင်ငံက ဂျူးလူမျိုးမိသားစုလေးတစ်စုဆီမှာ ဇာတ်လမ်းတည်ထားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းကိုကြည့်ရှုရမယ့်အပြင် တကယ့်လက်တွေ့ဘဝသင်ခန်းစာတွေကို ရနိုင်မယ်လို့ ကောက်ချက်ချနိုင်တဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။ဒီတော့ဗျာ အဆိုပါဂျူးမိသားစုလေး ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘာတွေကြုံ ခဲ့ရသလဲ၊ ကမ္ဘာစစ်ကြီးပြီးသွားချိန်မှာရော ဘာတွေဆက်ဖြစ်သွားခဲ့လဲ၊ နော်ဝေ နိုင်ငံက ဂျူးတွေနဲ့ ဂျာမန်တွေရဲ့လူမျိုးသုဉ်းသတ်ဖြတ်မှုကြီး မည်သို့ဆိုင်နေသ နည်းကို Betrayed ဆိုတဲ့ကားကောင်းလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(2.67 GB) ...
movie

Betrayed (2020)

2020
The Last King (2016) 6.1
The Last King (2016) The Last King (2016)IMDb - 6.1/10_____Rotten - 89%     ဒီဇာတ်ကားကတော့ IMDB - 6.1/10 ရရှိထားတဲ့ Norwegian Action/Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၂၀၆ ခုနှစ်-နော်ဝေနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအခြေအနေမှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ နော်ဝေရဲ့အနာဂတ်ကို ပြောင်းလဲစေခဲ့တဲ့ သမိုင်းဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... နော်ဝေကို အုပ်ချုပ်လျက်ရှိတဲ့ ဘုရင်ဟက်ကွန်ဆဘာရ်ဆန်ဟာ လုပ်ကြံခံလိုက်ရပါတယ်။ လုပ်ကြံသူတွေက...ဘုရင်မှာ မိဖုရားမရှိလေတော့ အရိုက်အရာဆက်ခံမယ့်သူ မရှိဘူးဆိုတဲ့အထင်နဲ့ မင်းဆက်ပြောင်းလဲစေဖို့ လုပ်ကြံခဲ့ကြတာပါ။ ဒါပေမယ့်... ဘုရင်မှာ မိန်းမပျိုတစ်ဦးနဲ့ လျှို့ဝှက်စွာ ရထားတဲ့ ဟက်ကွန်ဟက်ကွန်ဆန် ဆိုတဲ့ ကလေးတစ်ယောက် ကို သူ့ရဲ့ လူယုံတွေနဲ့ စောင့်ရှောက်ထားတယ်ဆိုတာသိသွားကြတဲ့နောက်မှာတော့ The Last King ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ.....ဇာတ်ကားလေးထဲမှာသာဆက်လက် ကြည့်ရှုကြပါ။   (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Sherlock ဖြစ်ပါတယ်။) @San Win Maung      File Size - 710 MB Quality - Blu Ray Rip 720p File Format - mp4 Duration - 01:39:00 Translator ...
movie

The Last King (2016)

2016