Channel Myanmar

Ingrid Vollan

Sick of Myself (2022) 7.2
Sick of Myself (2022) IMDb rating - 7.2/10 ဒီတစ်ခေါက်မှာတော့ Norawy Comedy,Drama အမျိုးအစားဇာတ်လမ်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ self- promotion ကိုမှားယွင်းစွာလုပ်မိသွားတဲ့ Signe တစ်ယောက်ဒုက္ခလှလှကြုံတွေ့ရပုံကို ယနေ့ခေတ်မှာဖြစ်လေ့ရှိတဲ့ uncomfortable truths တွေကိုပါ ထည့်သွင်းပြီးရိုက်ပြထားတဲ့အတွက် ပရိတ်သတ်ကြီးတို့ အားလပ်ရက်မှာကြည့်ရှူသင့်တဲ့ ဇာတ်လမ်းကားကောင်းလေးတစ်ခုပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. Signe နဲ့ Thomas တို့ဟာ အဆင်မပြေပြီး တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်ချင်တဲ့ ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့ စုံတွဲတစ်တွဲပေါ့။ Thomas ကအနုပညာရှင်တစ်ယောက်ပါ Signe ကတော့ သူ့ရဲ့ဂုဏ်သတင်းကို လူတွေရဲ့အာရုံစိုက်ခံရအောင်လုပ်ပြီးရယူလေ့ရှိပါတယ်။ တစ်နေ့မှာတော့ Thomas တစ်ယောက် မဂ္ဂဇင်းတွေကပါ အင်တာဗျူးလုပ်ပြီး အောင်မြင်စပြုလာတာကို Signe မြင်ရတဲ့အခါမှာတော့ သူလည်းနာမည်ကျော်လူသိများဖို့အတွက် သူ့ရဲ့လိမ်ဆင်တွေကိုစပြီး အကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်..File size…(1.8 GB)/(870 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Drama, Comedy Subtitle….Myanmar ...
movie

Sick of Myself (2022)

Troll (2022) 6.8
Troll (2022) Troll (2022)နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့ ဇာတ်လမ်းကို ပြသထားပါတယ်။ အဲဒီဘီလူးကြီးကို တိုက်ခိုက်ဖို့နည်းတွေ နောက်ကြောင်းတွေကို လေ့လာပြီး ရင်ဆိုင်ရတဲ့ ဇာတ်လမ်းမို့ Godzilla ...
movie

Troll (2022)

2022