Channel Myanmar

Irene Santiago

Forever Strong (2008) 7.1
Forever Strong (2008) အားကစားရုပ်ရှင် ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းက ဟိုက်လန်းရပ်ဂ်ဘီ အထက်တန်းကျောင်းအသင်းရဲ့အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်ကောင်တွေပြောသလိုဆို အမေရိကန်ဖွတ်ဘောဆိုတာ ဦးထုတ်တွေ အကာတွေထည့်ပြီး ကလေးတွေပဲကစားတာမျိုး ရပ်ဂ်ဘီကမှ တကယ့်ယောကျ်ားတွေကစားတဲ့ အားကစားတဲ့။ဇာတ်လမ်းအကျဉ်းကတော့ရစ်ခ်ဆိုတဲ့ ကောင်လေးက သောက်စားပျော်ပါးပြီး ဘာကိုမှအလေးမထားတဲ့ ဆယ်ကျော်သက် ရပ်ဂ်ဘီအားကစားသမားတစ်ယောက်ပေါ့။ အဖေဖြစ်သူနည်းပြနဲ့ မျက်နှာချင်းဆိုင်လို့မရဘဲ ကိုယ်မှန်တယ်ထင်တာလုပ်နေကြတဲ့သူတွေ။ ဒီလိုနဲ့တစ်ရက် ရပ်ဂ်ဘီပွဲတစ်ခုမှာရှုံးပြီး ပါတီကအပြန် ကားမှောက်ရာမှာ အတူလိုက်စီးတဲ့ ချစ်သူဒဏ်ရာအကြီးအကျယ်ရပြီး ရစ်ခ်တစ်ယောက် လူငယ်ထိန်းသိမ်းရေးစခန်းကို အပို့ခံလိုက်ရပါတယ်။ဒီမှာပဲ စခန်းရဲ့အုပ်ချုပ်ရေးမှူးက သူ့ကို ဟိုက်လန်းရပ်ဂ်ဘီအသင်းဆီ ပါဝင်စေဖို့စည်းရုံးခဲ့ပါတယ်။ သူမရဘူးတဲ့ နည်းပြရဲ့ ဆုံးမမှုတွေ အသင်းထဲက ညီအစ်ကိုစိတ်ဓာတ်တွေကို ရပြီးတဲ့နောက်မှာတော့ ရစ်ခ်တစ်ယောက် ပြောင်းလဲသွားခဲ့ပါတော့တယ်။ အားကစားရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပါပဲ ရင်ထဲမှာ တစ်ခုခုတော့ကျန်နေစေခဲ့မှာမို့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.2 GB) Quality….Blu-Ray 720p Format…mp4 Duration….01:52:00 Genre...Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Forever Strong (2008)

The Way of the Gun (2000)
The Way of the Gun (2000) အခုတင်ဆက်ပေးမှာကတော့ Bencio နဲ့ Ryan Phillipe တို့ရဲ့ crime action ရုပ်ရှင်သစ်ပါ ၂၀၀၀ ပြည့်နှစ်ကာလကိုနောက်ခံထားပါတယ် Bencio က Traffic (2001) ရုပ်ရှင်နဲ့ Best Supporting Actor ဆုရထားပြီးRyan Phillipeကတော့ တော်တော်များများသိကြတဲ့ horror series ''I Know What You Did Last Summer'' နဲ့နာမည်ကြီးပါတယ် ဇာတ်လမ်းအကျဥ်း အငှားကိုယ်ဝန်ဆောင်ပေးတဲ့အမျိုးသမီးတစ်ယောက် သူ့နာမည်က ရော်ဘင်။ ကလေးပိုင်ရှင်လင်မယားရဲ့အိမ်မှာ သက်တော်စောင့်တွေရဲ့အချိန်ပြည့်စောင့်ကြည့်မှုနဲ့ အကျဥ်းသားတစ်ယောက်လိုနေရတဲ့သူ။ ကလေးမီးဖွားပြီးရင် သူ့တာဝန်ပြီးဆုံးမှာဖြစ်ပြီး အဖိုးအခအနေနဲ့ ဒေါ်လာတစ်သန်းယူပြီးထွက်သွားရုံပါပဲ။ ဒါပေမဲ့ ကလေးမီးဖွားဖို့တစ်ပတ်အလိုမှာ ပြန်ပေးဆွဲခံလိုက်ရပြီး..... ဇာတ်ညွှန်းရေးသူဟာ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေကို ဘယ်သူ့ဘက်ကိုပါရမှန်းမသိအောင် ဘယ်ဇာတ်ကောင်ကိုယုံရမယ်မှန်းမသိအောင် လုပ်ထားပါတယ်။ ဇာတ်လမ်းရဲ့ main role နှစ်ယောက်ကအစ ခိုးဆိုးလုယက်သူတွေဖြစ်နေလို့ပါပဲ။ အငှားကိုယ်ဝန်ဆောင်မိန်းကလေးဟာလည်း ထင်သလောက်ရိုးရှင်းမနေခဲ့ပါဘူး။ ပြန်ပေးဆွဲမခံရခင်ကတည်းက ကလေးကိုပေးစရာမလိုမယ့်နည်းလမ်းကို ...
movie

The Way of the Gun (2000)

Dumb and Dumber(1994) 7.3
Dumb and Dumber(1994) Dumb and Dumber (1994) (အညွှန်း)==========================Legendary comedian ကြီး နှစ်ယောက်ဖြစ်တဲ့ Jim Carrey နဲ့ Jeff Daniels တို့နှစ်ယောက်ပေါင်းပြီး စခွီတွေနဲ့နှောက်မယ့် “Dumb and Dumber.” IMDb rating 7.3/10 နဲ့ Box office မှာ $247 သန်းတောင်ရရှိခဲ့တဲ့အပြင် ၁၉၉၀ ခုနှစ်တွေရဲ့အကောင်းဆုံးစာရင်းဝင် comedy ကားတစ်ကားဖြစ်တာမို့ ကလိထိုးရယ်ရမယ့်ကားမဟုတ်တာတော့ ဧကန်ပါပဲ။ဇာတ်လမ်းအကျဥ်းကတော့ Lloyd Christmas (Jim Carrey) နဲ့ Harry Dunne (Jeff Daniels) တို့နှစ်ယောက်က ဘာတစ်ခုမှကို အသုံးကျတာမရှိတဲ့ အချစ်ဆုံးသူငယ်ချင်းတွေတစ်ဖြစ်လဲ ချာတူးလန်ငတုံးနှစ်ယောက်။ တစ်ယောက်က သူဌေးတွေရဲ့ဇိမ်ခံကားကိုမောင်းတဲ့ ဒရိုင်ဘာလုပ်တယ် .. တစ်ယောက်က ခွေး spa မှာလုပ်တယ်။ လက်ကြောမတင်းတဲ့ငတုံးနှစ်ကောင်ပါဆိုမှတော့ အလုပ်ကမြဲပါတော့မလား .. နဂိုတည်းက ပြုတ်စော်နံနေရာကနေ ...
movie

Dumb and Dumber(1994)