Channel Myanmar

Isabel Shill

Going Nowhere (2022) 5.4
Going Nowhere (2022) Going Nowhere (2022) ================ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ရုပ်ရှင်ရိုက်တဲ့အကြောင်းကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ အစ်ဇီဟာ ဟိုးအရင်ကတည်းက ရုပ်ရှင်ရိုက်ဖို့ အိပ်မက်မက်ခဲ့ရသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူကိုယ်တိုင် ဒါရိုက်တာဖြစ်ရမယ်ဆိုတဲ့ အိပ်မက်ကို အကောက်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘက်ဂျက်မလုံလောက်မှုကြောင့် သူ့ရုပ်ရှင်လေးကလည်း ယိုင်နဲ့နဲ့ပေါ့လေ။ အဖွဲ့သားနည်းနည်း၊ ဘတ်ဂျက်နည်းနည်း၊ ကိရိယာနည်းနည်း၊ သရုပ်ဆောင်နည်း နည်း‌နဲ့ပဲ သူ့ခမျာ ကြိုးစားရိုက်ရရှာတယ်။ ရိုက်နေစဉ်အတွင်းလည်း အဖွဲ့သားတွေ ကြားကပြဿနာတွေ၊ ကိုဗစ်ကာလစည်းမျဉ်းတွေကြောင့် အခက်အခဲပေါင်းသောင်း ခြောက်ထောင်ပေါ့။ဒီဇာတ်ကားရဲ့ထူးခြားချက်က အပေါ်မှာပြောခဲ့သလို ရုပ်ရှင်ရိုက်တာကို ရုပ်ရှင်ပြန် ရိုက်ပြသွားတာပါ။ "Going Nowhere"ရဲ့ တကယ့်အပြင်ကဒါရိုက်တာဟာ ဒီဇာတ် ကားထဲမှာ ဒါရိုက်တာနေရာက သရုပ်ဆောင်တဲ့ "Isabel Shill"ကိုယ်တိုင်ပဲဖြစ်ပါ တယ်။ ဒါတင်မကသေးဘဲ တခြားသရုပ်ဆောင်တွေရောပါပဲ။ ဆိုတော့ကာ တစ်မျိုး လေးအမြင်ဆန်းတယ်ပေါ့ဗျာ။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin မှဖြစ်ပါတယ်)File Size..........(1.3 GB) / (648 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Ngwe Zin Encoder..........SWM
movie

Going Nowhere (2022)

2022
The Big Sick (2017) 7.9
The Big Sick (2017) The Big Sick (2017) IMDb - 7.5/10_______Rotten - 98%CM ပရိတ်သတ်တွေကို ဒီတခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Big Sick" ပဲဖြစ်ပါတယ်IMDB 7.5 နဲ့ ပရိတ်သတ်အားပေးမှုကို ရရှိထားတာဆိုတော့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါဇာတ်လမ်း အကြောင်းအရာကတော့ကူမေးလ်နမ်ဂျီယာနီ ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ပါကစ္စတန် ဟာသပညာရှင်တစ်ယောက်ဖြစ်ပါတယ်သူဟာ လူတွေရှေ့မှာ ဟာသပြောရတဲ့ ပညာရှင် တစ်ယောက်ပါတစ်နေ့မှာတော့ သူ့ပွဲမှာ လာအားပေးတဲ့ အမ်မလီဆိုတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်ဆုံတဲ့နေ့မှာဘဲ အနောက်တိုင်းထုံးစံအတိုင်း အတူနေခဲ့ကြပါတယ်ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ တိုးပွားခဲ့ပါတယ်ဒါပေမယ့်...ပါကစ္စတန်လူမျိုးတွေဟာ မိဘတွေ စီစဉ်ပေးတဲ့သူနဲ့ လက်ဆက်ရပါတယ် ....လူမျိုးမတူ ဘာသာမတူတဲ့ လူနဲ့ လက်ထပ်တဲ့လူတိုင်းကို မိသားစုကနေ ဖယ်ထုတ်ခြင်းခံရပါတယ်...စကားပြောခွင့်ဆက်သွယ်ခွင့်မရှိပါဘူး....ဒီထုံးစံကို သိတဲ့ ကူမေးလ်ဟာ အမ်မလီကိုလဲ ဖွင့်မပြောချင် မိဘတွေကိုလဲ စိတ်မဆင်းရဲစေချင်တာနဲ့ ပြောလို့ မထွက်ခဲ့ပါဘူး...တစ်နေ့မှာတော့ အမ်မလီဟာ ဒီအကြောင်းအားလုံးကို သိခဲ့ပါတယ်..သူတို့နှစ်ယောက်လမ်းခွဲခဲ့ကြပါတယ်..ဒါပေမယ့်...အမ်မလီဟာ ...
movie

The Big Sick (2017)

2017