Channel Myanmar

Itziar Ituño

Twin Murders: The Silence of the White City (2019) 5.5
Twin Murders: The Silence of the White City (2019)  ဇာတ်လမ်းအကျဉ်းကတော့ အလ်ဗာ မြို့မှာ ဆက်တိုက်ဆိုသလိုလူသေအလောင်းတွေတွေ့ရှိလာရတယ်။ရဲဖက်ဆိုင်ရာ စစ်ဆေးမှုတွေကအရ ဒီကွင်းဆက်လူသတ်မှုက လွန်ခဲ့တဲ့ ၂၀ ကအတိုင်းတစ်ပုံစံတည်းဖြစ်နေပါတယ်။လွန်ခဲ့တဲ့နှစ် ၂၀ ကလူသတ်သမားကိုထောင်ချထားတယ်တဲ့အတွက်ကျူးလွန်သူတရားခံဟာ ပထမလူသတ်သမားနဲ့ ဆက်စပ်မှုရှိလိမ့်မယ်လို့ထင်ကြပါတယ်။ အဲ့ဒါကြောင့် ရဲတပ်ဖွဲ့ဟာ စုံထောက်ဟူနိုင်းကိုပြန်ခေါပြီးလက်ရှိဖြစ်နေတဲ့အမှုကိုအဆုံးသတ်ဖို့ဆောင်ရွက်ပါတော့တယ်။ ကွင်းဆက်လူသတ်သမားရဲ့ စေ့စပ်သေချာမှုတွေကြောင့်သဲလွန်စ တစ်ခုတစ်လေတောင်မရကြပါဘူး။ နောက်တော့ ဟူနိုင်းဟာ ပထမလူသတ်သမား တာဆီယို နဲ့သဘောတူညီချက်ရအောင်ယူပြီး လိုက်လံစုံစမ်းတဲ့အခါမှာတော့.....  File size…1.57GB / 754MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Twin Murders: The Silence of the White City (2019)

In the Company of Women (2023) 6.5
In the Company of Women (2023)  ယခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ စပိန်-ပြင်သစ် ဒရာမာအမျိုးအစားဇာတ်ကားဖြစ်ပြီး အင်္ဂလိပ်လိုဆိုရင်တော့ In the company of women လို့ခေါ်ပါတယ်။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားပြီး ၁၉၇၀ ခုနှစ်ကာလကစပိန်နိုင်ငံမှအမျိုးသမီးတစ်စုကကိုယ်ဝန်သည်အမျိုးသမီးတို့အားကိုယ်ဝန်ဖျက်ချဖို့ကူညီပေးကြပုံ၊ လွတ်လပ်စွာကိုယ်ဝန်ဖျက်ချခွင့်ရဖို့ဆန္ဒထုတ်ဖော်ကြပုံများအကြောင်းရိုက်ကူးထားပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးတွေ၊မလိုလားတဲ့ကိုယ်ဝန်ရလာခဲ့တဲ့အမျိုးသမီးတွေရဲ့ခံစားရပုံတွေလည်းရိုက်ကူးဖော်ပြထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းယခုအချိန်ထိလွတ်လပ်စွာကိုယ်ဝန်ဖျက်ချခွင့်မရရှိသေးတဲ့အတွက် မလိုလားအပ်တဲ့ကိုယ်ဝန်ကိုရလာခဲ့တဲ့အမျိုးသမီးများဟာအတော်လေးကိုဒုက္ခရောက်ရပါတယ်။ အဓမ္မပြုကျင်ခံရလို့မယူချင်တဲ့လူနဲ့ယူလိုက်ရတာမျိုးတွေဟာကျွန်တော်တို့ရဲ့မျက်ကွယ်မှာရှိနေပါသေးတယ်။ ဒီလိုအကြောင်းအရာတွေအကြောင်းကိုခံစားနားလည်သိရှိနိုင်ဖို့အတွက် ပညာပေးအနေနဲ့ဒီဇာတ်ကားကိုကြည့်ရှုသင့်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင် ဘီရာဆိုတဲ့အမျိုးသမီးငယ်လေးဟာအမေဖြစ်သူအိမ်ဖော်အနေနဲ့အလုပ်လုပ်တဲ့အိမ်မှာလိုက်ကူလုပ်ပေးပါတယ်။သူမဟာအားတဲ့အချိန်မှာလည်း မိတ်ဆွေတွေနဲ့အတူ အမျိုးသမီးအခွင့်အရေးအတွက် ဆန္ဒပြတာ‌တွေလုပ်ဆောင်လေ့ရှိပါတယ်။ထိုခေတ်ကစပိန်နိုင်ငံဟာတရားဝင်ကိုယ်ဝန်ဖျက်ချခွင့်မရသေးတဲ့အတွက် အမျိုးသမီးများဟာခိုးကြောင်ခိုးဝှက်ကိုယ်ဝန်ဖျက်ရပါတယ်။မိသွားခဲ့ရင်စစ်ဆေးခံရပါတယ်။ဘီရာနဲ့အပေါင်းအပါများဟာကိုယ်ဝန်ဖျက်ချချင်တဲ့အမျိုးသမီးများကိုပြင်သစ်နိုင်ငံသို့ပို့ပေးပြီးကိုယ်ဝန်ဖျက်ချဖို့ကူညီပေးပါတယ်။တရက်မှာသူမအလုပ်လုပ်တဲ့အိမ်ကအမျိုးသမီးငယ်လေးတစ်ယောက်နဲ့ရင်းနှီးသွားပါတယ်။အဲဒီနောက်ချစ်ကြိုက်သွားခဲ့ကြပါတယ်။ထိုအမျိုးသမီးလေးမှာလည်းမလိုလားအပ်တဲ့ကိုယ်ဝန်ရှိနေတဲ့အခါမှာ ဘီရာတစ်ယောက်ဘာဆက်လုပ်မလဲဆိုတာကိုခံစားကြည့်ရှုကြပါခင်ဗျာ။ File size…(1.5 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Akm
movie

In the Company of Women (2023)

All the Moons (2020) 6.7
All the Moons (2020) All the Moons (2020) =============== IMDb Rating - 6.7/10၁၉ ရာစုအပြီး စပိန်နိုင်ငံမှာ တတိယ ကာလစ်စစ်ပွဲဖြစ်နေတဲ့အချိန်မှာပေါ့ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်လိုက်ကောင်မလေးနေတဲ့ မိဘမဲ့ဂေဟာအပေါ်ကို ဗုံးတစ်လုံးကျသွားခဲ့ပြီး အကုန်အနိစ္စရောက်သွားခဲ့တယ်။ သူသတိပြန်ရလို့ ကြည့်လိုက်တော့ ဂေဟာကလူတွေ တစ်ယောက်မှအသက်မရှိတော့ဘူး။ သူကိုယ်တိုင်လည်း သေအံ့ဆဲဆဲဖြစ်နေပြီ။ အဲ့အချိန်မှာ ထူးဆန်းတဲ့ အမျိုးသမီး ကြီးတစ်ယောက်က သူ့ကိုခေါ် ပြီးဆေးကု‌ပေးလိုက်တယ်။ ကောင်မလေး ပြန်နိုးလာတော့ ဒဏ်ရာတွေက ယူပစ်လိုက်သလိုပျောက်သွားပြီး နာကျင်မှု ဆိုတာလည်းမရှိတော့ဘူး။ ဘယ်လိုကုပေးလိုက်လဲလို့မေးလိုက်တော့လည်း "အနမ်းတစ်ပွင့်" နဲ့ ကုလိုက်တယ်လို့ပဲပြန်ဖြေတယ်။နောက်သူထပ်ပြီးသိလိုက်ရတာ အဲ့အမျိုးသမီးကြီးတင်မဟုတ် သူနဲ့အတူ အခြားလူတွေပါရှိ‌သေးတယ်ဆိုတာပဲ၊ အားလုံးက စစ်သားတွေဆီကနေပုန်းပြီး နေနေကြတယ်။ နောက်နေ့ရောက်တော့ စစ်သားတွေက သူတို့ပုန်းတဲ့နေရာ သိသွားလို့ ဝင်စီးခံရတဲ့အခါ အမျိုးသမီးကြီးနဲ့ကောင်မလေးတို့ နှစ်ယောက်က အတူတူထွက်ပြေးကြတာပေါ့။ ပြေးရင်းပြေးရင်း ချောက်ကမ်းပါး‌နားရောက်သွားတဲ့ အခါမှာ အမျိုးသမီးကြီးက သေနတ်နဲ့ အပစ်ခံလိုက်ရပြီး ကောင်မလေးက ချောက်ထဲကျရော။အထက်မှာပြောသွားတာတွေက ဇာတ်လမ်းရဲ့ အစပိုင်းအဖြစ်အပျက်တွေလောက် ပါပဲ။ တကယ့်နောက်ဆက်တွဲတွေကတော့ Horror ဆန်ဆန်ဆက်ကြည့်ရမယ့် အခန်းတွေအများကြီးကျန်ပါသေးတယ် . ဇာတ်လမ်းက ဇာတ်ရှိန်အေးအေးနဲ့ Horror ကား ကြိုက်တဲ့သူတွေအတွက်ကြည့်လို့ကောင်းမယ့် ကားမျိုးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant ...
movie

All the Moons (2020)

Money Heist: The Phenomenon (2020) 7.8
Money Heist: The Phenomenon (2020) Money Heist လို့ ခေါ်တဲ့ စပိန်စီးရီး ဟာ လက်ရှိမှာ အရမ်းအောင်မြင်ပြီး တစ်နှစ်မှာ Season တစ်ခုထွက်ဖို့ လူတိုင်းစောင့်မျှော်နေရတဲ့ အရမ်းအောင်မြင်တဲ့ ဇတ်လမ်းတွဲဖြစ်ပါတယ် အဓိက ဇတ်ကောင်တွေ ဖြစ်တဲ့ ပရော်ဖက်ဆာ ၊ ဘာလင် ၊ ဒန်ဘာ ၊ တိုကျို ၊ နိုင်ရိုဘီ တို့ဆို မသိသူမရှိသလောက် ချစ်ကြတဲ့ သူတွေ များပါတယ်... ဒီလို မအောင်မြင်ခင်က ပိတ်ကားနောက်ကွယ်ကို ကြည့်မယ်ဆိုရင် ဒီ ဘဏ်ဓါးမြတိုက်တဲ့ စီးရီးကို ၂၀၁၇ က စပိန်နိုင်ငံရဲ့ ဖရီးရုပ်သံလိုင်းမှာ ပြသခဲ့တာ ဖြစ်ပြီး စစပြချင်းတော့ စပိန်နိုင်ငံအဝှမ်းကြည့်ရှု့သူများပါတယ် ဒါပေမဲ့ Season 2 ကို အရောက် ကြည့်ရှုသူ နည်းခဲ့ပြီး ရိုက်ကူးရေးကို လုံး၀ ရပ်ဆိုင်းပစ်ခဲ့ရပါတယ်... ပြောရရင် ရှုံးနိမ့်သွားခဲ့တဲ့ ဇတ်လမ်းတစ်ခုပါပဲ ဒီလိုပြောရင် ခင်ဗျားတို့က ရယ်နေမှာပဲ ဟာ ဖြစ်နိုင်ပါ့မလားပေါ့... ဒီလို နဲ့ Netflix ဟာ သူ့ရုပ်သံလိုင်းမှာ ပြသဖို့ စပိန် ရုပ်ရှင် ...
movie

Money Heist: The Phenomenon (2020)

2020