Channel Myanmar

IU

Dream (2023) 6
Dream (2023) Dream (2023)အားလုံးမေးနေကြတဲ့ Park Seo Joon နဲ့ IU တို့ရဲ့ ရုပ်ရှင်ထွက်လာပါပြီရှင်ဇာတ်လမ်းအကျဉ်းကိုပြောရရင် တအားကြိုးစားပေမဲ့ မဖြစ်မြောက်တဲ့ ဘောလုံးသမားယွန်းဟုန်းဒယ်ဟာ စိတ်ဆတ်ပြီး ဒေါသမထိန်းနိုင်ရာကနေ အနုပညာထဲဝင်မယ်ဆိုပြီး ဖြစ်လာပါတော့တယ်အဲဒီမှာ ပီဒီအီဆိုမင်းနဲ့တွေ့ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ အကြောင်းဖန်ရင်းနဲ့ ကြောင်နဲ့ကြွက်လို မတည့်အတူနေ အလုပ်အတူတွဲလုပ်ရပါတယ်သူတို့ရိုက်တဲ့အစီအစဉ်ကလည်း အိမ်ခြေရာမဲ့တွေကို ကမ္ဘာ့ဖလားဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးရတဲ့အလုပ်ဆိုတော့ အခက်အခဲတွေကြားက ရုန်းကန်ပြီး အိပ်မက်တွေကို ဖြည့်ဆည်းသွားကြမှာပါအမျိုးမျိုးကြုံတွေ့ရပြီးမှ ရေစက်လာဆုံကြတဲ့ သူတို့အသင်းက နောက်ဆုံးမှာ အောင်မြင်မလား ကျရှုံးမလားဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Sports Quality…. 1080p | 720p | 480p File size… 1.6GB | 814MB | 407MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Dream (2023)

2023
SUGA: Road to D-DAY (2023) 8.5
SUGA: Road to D-DAY (2023) SUGA : Road To D-Day (2023)BTS အဖွဲ့ဝင် SUGA ရဲ့ Documentary Film ဖြစ်တဲ့ SUGA Road To D-Day ထွက်ရှိလို့ လာပါပြီ။Music Genius လို့ ခေါ်ဝေါ်ခံရတဲ့လူပီပီ SUGA ရဲ့ "D-DAY" အယ်လ်ဘမ်ဖန်တီးမှု ခရီးစဉ်က သူများနဲ့မတူဘဲ ကွဲပြားလို့နေပြန်ပါတယ်။ BTS SUGA အနေနဲ့ မဟုတ်ဘဲ "AGUST D" လို့ ခေါ်တဲ့ အမည်ခွဲအောက်က ဂီတလမ်းကြောင်းပေါ်မှာ ရှင်သန်ဖို့ ကြိုးစားနေတဲ့ SUGA ရဲ့ အခြားတစ်ဖက်ခြမ်းကို တွေ့ရမှာပါပဲ။ဂီတပေါ်ထားတဲ့ သူ့အမြင်၊ စိတ်ထားနဲ့ ဒိခရီးစဉ်တစ်လျှောက် ရုန်းကန်မှုတွေကို ရှုစားရပါဦးမယ်။"D-DAY" ဖန်တီးမှုခရီးစဉ်တစ်လျှောက်မှာ နယ်ပယ်အစုံက ဂီတပညာရှင်တွေနဲ့ တွေ့ဆုံရင်း စကားလက်ဆုံဖလှယ်မှုတွေလည်း ပါဝင်တာမို့ အတွေးပွားစရာ တစ်ခုမကတဲ့ အတွေးတွေ ရရှိနိုင်မှာလည်း အသေအချာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su ...
movie

SUGA: Road to D-DAY (2023)

Broker(2022) 7.5
Broker(2022) Broker(2022) အညွှန်း ****************** IMDb...7.5 ဒီကိုရီးယားရုပ်ရှင်ဟာ Box Office စာရင်းဝင်ခဲ့ပြီး ဆုကြီ:တွေလည်းရရှိခဲ့ပါတယ်... မင်းသားကြီး Song Kang-ho , Dong-won Gang နဲ့ မင်းသမီး IU တို့ရဲ့ Drama ဆိုတော့ လုံးဝကိုလက်မလွှတ်သင့်ဘူးလို့ ဆိုရမှာဖြစ်သလို အညွှန်းဖတ်စရာတောင် မလိုဘဲ ဒေါင်းသင့်တဲ့ ကားမျိုးပါ... ဒီဇာတ်ကားလေးကတော့ Baby box လို့ခေါ်တဲ့ ကလေးအိပ်ရာဘူးထဲမှာ ကလေးတွေကိုစွန့်ပစ်သွားတာကို အခြေခံထားပြီးရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်... Sang Hyun(Song Kang Ho) နဲ့ Dong Soo(Kang Dong Won) ဆိုတဲ့သူတွေက အဲ့ဒီဘူးထဲမှာ ထည့်ထားခဲ့တဲ့ကလေးတွေကိုခိုးပြီး တခြားမွေးစားမယ့် မိဘတွေဆီ ကလေးတွေကိုရောင်းစားတဲ့သူတစ်ယောက်ပါ...သူ့တို့ကိုယ်သူတို့ Broker လို့ခေါ်ပါတယ် တစ်နေ့ So Young(Lee Ji Eun) ကသူမရဲ့ကလေးကို အဲ့ဒီ Baby box ထဲထည့်ထားပြီးစွန့်ပစ်ထားခဲ့ပါတယ် ... So Young ရဲ့ကလေးကို ဟို Broker နှစ်ယောက် ကယူသွားပြီး မွေးစားဖို့တခြားမိဘတွေဆီရောင်းဖို့လုပ်တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ So Young ကရော ဘာလို့ကလေးကို စွန့်ပစ်တာလဲဆိုတာ သိချင်ရင်တော့🤩 ဒီကားလေးကတော့ ...
movie

Broker(2022)

Shades of the Heart (2021) 6.6
Shades of the Heart (2021) Shades Of The Heart (2021)ဟိုးအရင်တုန်းက လှည်တန်းခုံးကျော်တံတားဘေးမှာ အကိုင်းသက်သက်နဲ့ ကြေကွဲစရာကောင်းအောင်လှတဲ့ သစ်ခြောက်ပင်အိုကြီးရှိခဲ့ဖူးတယ်။ကဗျာမှာဆို သစ်ခြောက်ပင်ဟာ ညှိုးငယ်ကျန်ရစ်သူပေါ့။ သစ်ရွက်ကလေးတွေဟာ သူ့ကိုစွန့်ခွာသွားခဲ့တာ ကြာပြီ။ပျင်းပျင်းရိရိဖြစ်မိတဲ့ ညနေတွေဆို ကျွန်တော်အဲ့ဒီသစ်ခြောက်ပင်ကြီးကို တမော့တမော ထိုင်ငေးခဲ့ဖူးတာပေါ့။ဘာစကားလုံးမှ မပါဘဲကို အဲ့ဒီသစ်ခြောက်ပင်ကြီးဟာ ကျွန်တော့်ရဲ့ ညနေတွေကို မှုန်ရီဝေစေခဲ့ဖူးတယ်။ အဲ့ဒီသစ်ခြောက်ပင်ရဲ့ ရသဟာ ကြေကွဲစရာသက်သက်ပါပဲ။ ဒါပေမဲ့ ဘာရယ်ကြောင့်လဲမသိ။ အဲ့ဒီသစ်ခြောက်ပင်ရဲ့ ကြေကွဲရတဲ့ အရသာကို ကျွန်တော်ခုံမင်ခဲ့တယ်။ နောက်နှစ်တွေကျတော့ သစ်ခြောက်ပင်ကြီးရဲ့ အကိုင်းတွေ မရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှတ်ညဏ်ထဲမှာတော့ တစ်ခါတလေ သစ်ခြောက်ပင်ကြီးရဲ့ အကိုင်းတွေကို မြင်မက်မိနေတုန်း။ မြင်မက်မိလေတိုင်းလည်း ‌မှုန်ရီဝေနေတုန်း။ဒီရုပ်ရှင်ဟာလည်း စကားလုံးတွေ ရီဝေမျက်လုံးတွေနဲ့ တည်ဆောက်ထားတဲ့ သစ်ခြောက်ပင်တစ်ပင်ပါပဲ။ ရုပ်ရှင်မှာ အဓိကဇာတ်ကောင်ဟာ လူတစ်ယောက်ပြီးတစ်ယောက်နဲ့ စကားပြောနေရင်းတင် ပြီးသွားတယ်။သို့ပေမဲ့ လူတွေနဲ့ စကားပြောတာထက် ဒဏ်ရာတွေနဲ့စကားပြောတယ်လို့ ပြောရင် ပိုမှန်လောက်မယ်။ သူ့ဒဏ်ရာတွေ သူပွေ့ပိုက်ရင်း တခြားသူ ဒဏ်ရာတွေကို နားထောင်တာကို ကျွန်တော်တို့ကြည့်ရင်း ဒဏ်ရာတစ်ခုခုမှာတော့ ကျွန်တော်တို့ အမာရွတ်တွေဟာ တဆစ်ဆစ်နာလာနိုင်ကောင်းရဲ့။ပြန်တွေးကြည့်ကြရင် ငါ့ရှင်သန်မှုဟာ အိပ်မက်တစ်ခုလား တကယ့်အရှိလားလို့ ခံစားမိဖူးကြမှာပေါ့။ ကြားဖူးတယ် ..... အမာရွတ်တွေဟာ ကျွန်တော်တို့ အတိတ်တွေဟာ အစစ်အမှန်ဖြစ်ခဲ့တယ်ဆိုတာကို အမှတ်ရစေနိုင်မယ့် စွမ်းအားမျိုးရှိတယ်တဲ့။ ဒီလိုဒဏ်ရာသက်သက် ရုပ်ရှင်တွေကို ဘာလို့ တပ်မက်သလဲမေးလာရင် ကျွန်တော့်အဖြေက ဖော်ပြပါအတိုင်းပါပဲ။(အမှန်ပြောရရင်တော့ ဒီကိုရီယားရုပ်ရှင်ဟာ သမားရိုးကျ ကိုရီယားရုပ်ရှင်ပရိတ်သတ်တွေ အတွက် ...
movie

Shades of the Heart (2021)

2021