Channel Myanmar

Iulian Postelnicu

Freedom (2023) 7.7
Freedom (2023) Freedom (2023) IMDb 7.8/10ဒီဇာတ်ကားလေးကတော့ ၁၉၈၉ ခုနှစ်ရိုမေးနီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ တော်လှန်ရေးကြီးကိုအခြေခံပြီးရိုက်ကူးထားတဲ့ Political/Thriller/Drama အမျိုးအစားဇာတ်ကားကြီးဖြစ်ပါတယ်တော်လှန်ရေးကြီးဖြစ်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ခေါင်းဆောင်ကို တပ်ကဖမ်းသွားပြီး အခြားလူတွေနဲ့အတူ ရေကူးကန်အလွတ်ကြီးထဲမှာ အကျဉ်းချထားလိုက်ပါတယ် သူ့အနေနဲ့ အပြင်မှာကျန်ခဲ့တဲ့မိန်းမနဲ့ကလေးဆီကိုပြန်ချင်တော့ လွတ်မြောက်ဖို့ကြိုးစားပုံကို တော်လှန်ရေးနောက်ခံအကြောင်းအရာတွေနဲ့အတူ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Drama, Histroy, Thriller, War Quality…. 1080p | 720p File size… 1.7GB | 904MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Freedom (2023)

2023
Men of Deeds (2022) 7.3
Men of Deeds (2022) ဒီတစ်ခါမှာတော့ IMDb 7.3 ထိရရှိထားပြီး Rotten Tomatoes မှာ 100% အပြည့်ရရှိထားတဲ့အပြင် Gopo Awards 6ခုတိတိ ရရှိထားတဲ့ မှုခင်းကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်တဲ့ အီလီဟာ ကျေးလက်ဒေသတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ် သူတို့ရွာမှာ နေထိုင်တဲ့ မြို့တော်ဝန်ဟာဆိုရင် အတော် သဘောကောင်းပြီး အကူအညီလိုသမျှ လူတိုင်းကိုအကူအညီပေးတတ်တဲ့သူတစ်ယောက်ပါ အီလီဟာဆိုရင်တော့ သစ်သီးခြံ‌လေး တစ်ခြံကို ပိုင်ဆိုင်ချင်ပြီး မိသာစုတစ်ခုတည်ထောင်ကာ ဘဝကို အဓိပ္ပာယ်ရှိရှိ နေထိုင်ချင်သူတစ်ယောက်ပါ အမှုတွေထက် သူ့ဘဝရှေ့ရေးကိုပဲ ဂရုစိုက်နေတတ်တဲ့ အီလီတစ်ယောက် တစ်ရက်မှာ လူသတ်မှုတစ်ခု ကြုံလာရ‌ပါတော့တယ် အဲ့ဒီလူသတ်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေက အီလီရဲ့ ဘဝကို ဘယ်လို သောင်းကျန်းသွားမှာလဲ အမြဲရွာသူရွာသားတွေကို ကူညီတတ်တဲ့ မြို့တော်ဝန်ရဲ့သရုပ်မှန်ကရောဘာလဲဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ File size…(1.6 GB)/(922 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Comedy, Drama, ...
movie

Men of Deeds (2022)

Haita De Acțiune (2023) 5
Haita De Acțiune (2023) Haita De Acțiune (2023)Romania က ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ တာ၀န်မကျေပွန်မှုတွေ၊ မတရားမှုကို လျစ်လျူရှုထားတာတွေကို အခြေတည်ရိုက်ကူးထားတဲ့ Romanian ဟာသဆန်ဆန် အက်ရှင်ကား လာပါပြီ။ဒီမှာ အဓိကဇာတ်ကောင်က ဒန်ဇယ်လို့ခေါ်တဲ့ ယာဉ်ထိန်းရဲပါ။ သူ့ရဲ့ငယ်ဘ၀သူရဲကောင်းတွေက မတရားမှုကို တိုက်ခိုက်သူတွေဖြစ်ပြီး ဒန်ဇယ်ကလည်း သူတို့လို ဖြစ်ချင်ခဲ့တာပါ။ ကံမကောင်းစွာနဲ့ စာမေးပွဲကျတဲ့အတွက် ရဲအရာရှိဖြစ်မလာဘဲ ယာဉ်ထိန်းရဲလုပ်နေရသူပေါ့။ ဒန်ဇယ်အဖေကလည်း တစ်ချိန်က ယာဉ်ထိန်းရဲလုပ်ခဲ့ပြီး တရားမျှတမှုအတွက်ကြိုးပမ်းခဲ့တဲ့အတွက် သူတို့ ဌာနမှာ ခုထိလှောင်စရာဖြစ်နေပါတယ်။ သားအဖ၂ယောက်လုံး ဌာနမှာ သိုးမည်းဖြစ်နေတာပေါ့။ဒန်ဇယ်တို့ မြို့မှာ ရဲတွေက သူတို့လုပ်ရမယ့်အလုပ်ကလွဲရင် ကျန်တာအကုန်လုပ်ပါတယ်။ ကိုကိန်းသုံးတာ အရက်သောက်တာ အလှပြင်တာ မိန်းမရှုပ်တာ အကုန်ပါပဲ။ ရဲတွေနဲ့ လူကြီးပိုင်းတွေ ပေါင်းပြီးတော့ အကျင့်ပျက်နေကြတာပါ။ သူတို့အတွက် တရားမျှတမှုဆိုတာ ဟာသလိုကို ဖြစ်နေတာပါ။ ဒန်ဇယ်ကတော့ ဒါတွေကို ပြောင်းလဲချင်ပါတယ်။ သူတို့မြို့က လောင်းကစားအိမ်ကို ...
movie

Haita De Acțiune (2023)

2023
Ramon (2023) 7
Ramon (2023) Ramon (2023)~ IMDb rating - 7/10 ~ရိုမေးနီးယားထုတ် ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ခေါင်းစဉ်အတိုင်း ရာမွန်ဆိုတဲ့ သူကို ဇာတ်အိမ်တည်ပြီး​တော့ ရိုက်ကူးထားတာပါ။ရာမွန်ဆိုတာကတော့ ရိုးသားကြိုးစားလှတဲ့ တောသားလေးပေါ့။ သူဟာ ငယ်ငယ်ကတည်းက အရမ်းကိုစိတ်ကောင်းရှိပြီး သူများတွေကို ကူညီတတ်တဲ့သူမျိုးပါ။ ဒါပေမဲ့ "စေတနာကနေ ဝေဒနာ" ဆိုသလို သူကတော့ ကူညီပေးလိုက်ပေမဲ့ သူများတွေအတွက်တော့ ဒုက္ခပေးသလို ဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့တော့ သူဟာသူ့ ဖူးစာရှင်ကိုပိုးပန်းဖို့အတွက် ဘူခါရက်စ်ကို ရှာပုံတော် ထွက်သွားပါတော့တယ်။ဘူခါရက်စ်မှာ ရာမွန်တစ်ယောက် ဘယ်လိုဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ရဦးမလဲ၊ ဘယ်သူတွေကို ကူညီသွားဦးမှာလဲဆိုတာကို ရယ်မောဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ IMDB မှာ 7/10 အထိရရှိထားပြီးတော့ ဇာတ်လမ်းကလည်း အရမ်းကြီး Serious မဖြစ်သလို အရမ်းလည်းပေါတောနေတာ မဟုတ်တဲ့အတွက် စိတ်အပန်းဖြေချင်သူများအတွက် အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Ramon (2023)

2023