Channel Myanmar

Ivan Lapadula

Through My Window 3: Looking at You (2024) 5.5
Through My Window 3: Looking at You (2024)  ပြတင်းပေါက်ကျော်လာတဲ့ချစ်သူလေး တတိယကားထွက်ရှိလာပါပြီ....။လူငယ်ဆန်ဆန် စပိန်အချစ်ကားလေးဖြစ်ပြီး ရှေ့နှစ်ကားမှာလည်းပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကြောင့် အကြိုက်တွေ့ခဲ့ကြပါတယ်...။ဒီတစ်ခေါက်ဇာတ်ကားလေးထဲမှာရော စာရေးဆရာမလေးနဲ့ဝိုင်ဖိုင်ခိုးသုံးတဲ့သူဌေးသားလေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရဦးမှာပါ။ဒုတိယကားမှာတုန်းက Long Distance Relationshipဖြစ်သွားလို့ပြတ်စဲသွားခဲ့ကြတဲ့ ရာကဲနဲ့အာရိစ်ဟာ ဒီဇာတ်လမ်းအစမှာတော့ကိုယ်စီကိုယ်စီပိုင်ရှင်အသစ်တွေရှိနေကြပါပြီ။ခရစ်စမတ်ကျောင်းပိတ်ရက်ကိုရောက်တော့ အာရိစ်ဟာလက်ရှိရည်းစားအသစ်နဲ့အတူ မွေးရပ်မြေကိုပြန်လာတော့ အရင်လိုပဲရာကဲကိုပြတင်းပေါက်လေးကကျော်ပြီး မြင်တွေ့နေရဆဲပါ။ပိုင်ရှင်ကတော့ ကိုယ်မဟုတ်တော့ဘူးပေါ့...။သို့ပေမဲ့ လူတိုင်းရဲ့ဘဝမှာ မမေ့ပစ်နိုင်တဲ့ ရည်းစားဟောင်းတစ်ယောက်တော့ ရှိကြစမြဲပါ။အခုဆိုရင် ရာကဲရော အာရိစ်ပါ တစ်ယောက်ကိုတစ်ယောက်မမေ့နိုင်ဖြစ်ကာ ပြတင်းပေါက်လေးကနေသာ လှမ်းမျှော်ကြည့်နေရပါတော့တယ်။အချစ်ကြီးချစ်ခဲ့ကြတဲ့သူတို့နှစ်ဦးရဲ့အချစ်က ဒီလိုပဲအဆုံးသတ်သွားမှာလား...ဒါမှမဟုတ် ပြတင်းပေါက်လေးကကျော်ပြီး ဇာတ်လမ်းသစ်ကိုတစ်ဖန်ပြန်စကြမလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါတော့ဗျာ...။လူငယ်အချစ်ကားဖြစ်တာကြောင့် sexအခန်းများစွာပါဝင်တဲ့အတွက်မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါခင်ဗျာ။ File size…1.38GB / 640MB Quality…WEB-DL 1080p5.1CH  / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Through My Window 3: Looking at You (2024)